မေးခွန်းမေးရခြင်း၏ အဓိက အကြောင်းရင်းသည် သံတောင်ကြီးမြို့နယ်သည် ကရင်ပြည် နယ်၏ မြောက်ဘက်ခြမ်းတွင် တည်ရှိကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲကြောင်း၊ လူမှုစီးပွားရေးနိမ့်ကျလျက် ရှိနေကြောင်း၊ အဘက်ဘ က်တွင် ဖွံ့ဖြိုးတိုးတက်ရေး အလွန်နှေးကွေးလျက် ရှိနေကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး အတွက် ကျေးရွာအုပ်စု ၅၉ အုပ်စုနှင့် ကျေးရွာပေါင်း ၃၂၂ ရွာ ရှိကြောင်း၊ ယင်းကျေးရွာ များအတွက် ကျေးလက်ဦးစီးဌာနမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဝန်ထမ်းဦးရေ မလုံလောက်သည့်အတွက် အခက်အခဲများစွာဖြင့် ကြုံတွေ့နေရကြောင်း၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရေပေးရေး လုပ်ငန်း ၁၀ ခု၊ ကုန်ထုတ်လမ်းတစ်ခု၊ NEP မီးလင်းရေး ၁၀ ခု၊ သက်မွေးသင်တန်း ခြောက်ခု၊ GDP စီမံကိန်း ၁၁ ခု၊ မြစိမ်းရောင် စီမံကိန်း ၅၁ ယူနစ်၊ ၆၇ ရွာတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သံတောင်ကြီးမြို့နယ်သည် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုအင်အား ၂၇ ဦးဖြစ်ကြောင်း၊ ခန့်ထားသသည့် ဝန်ထမ်းအင်အား သည် ရှစ်ဦးသာ ဖြစ်သည့်အတွက် ၁၉ ဦး လစ်လပ်လျက် ရှိနေကြောင်း၊ အဆိုပါ ဝန်ထမ်း ရှစ်ဦးအနက် အချို့ဝန်ထမ်းများသည် ဗဟိုဝန်ထမ်းတက္ကသိုလ်သို့လည်းကောင်း၊ ဗဟိုလေ့ ကျင့်ရေး ကျောင်းသို့လည်းကောင်း၊ ဌာနက ဖွင့်လှစ်သည့် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကျောင်းသို့ တက်ရောက်နေရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကွင်းဆင်းဆောင်ရွက် သည့် နေရာတွင် ဝန်ထမ်းအင်အား မရှိဖြစ်နေသည်ကို တွေ့နေရကြောင်း၊ လမ်းပန်း ခက်ခဲခြင်း၊ ခရီးကွာဝေးခြင်း၊ ခြေလျင်ခရီးဖြင့် ညအိပ်သွားရခြင်း၊ တောင်တက် ခရီးလမ်းဖြစ်၍ ခက်ခဲကြမ်းတမ်းခြင်းတို့ဖြင့် ကြုံတွေ့နေရကြောင်း၊ အလုပ်နှင့် ဝန်ထမ်း အင်အား မမျှမတ ဖြစ်နေသည့်အတွက် အချို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ရာတွင် လုံလောက်သည့် ဝန်ထမ်းအင်အား ထပ်မံဖြည့်ဆည်း ခန့်အပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ဖွဲ့စည်းပုံ ခွင့်ပြုအင်အား အရာထမ်း ၁၁၁၇ နေရာဖြင့် အမှုထမ်း ၁၀၉၃၁ နေရာ စုစုပေါင်း ၁၂၀၄၈ နေရာဖြင့် ဖွဲ့စည်းခွင့်ပြုထားကြောင်း၊ ခန့်ထားမှုသည် အရာထမ်း ၇၄၄ နေရာနှင့် အမှုထမ်း ၄၂၉၆ နေရာ စုစုပေါင်း ၅၀၄၀ ဖြစ်ကြောင်း၊ ခွင့်ပြုအင်အား၏ ၄၂ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနတွင် ဝန်ထမ်းဖွဲ့စည်းပုံ ခွင့်ပြုအင်အား ၂၇ နေရာ ရှိကြောင်း၊ ၎င်းတွင် အမြဲတမ်း ဝန်ထမ်းအင်အား ရှစ်ဦး ခန့်ထားသည့်အတွက် ဝန်ထမ်းအင်အား ခန့်ထားမှုသည် ၃၀ ရာခိုင် နှုန်းသာ ဖြစ်ကြောင်း၊
သံတောင်ကြီး မြို့နယ်အတွင်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေး လုပ်ငန်း ၁၀ ခု၊ ကျေးလက်ကုန်ထုတ် လုပ်ငန်း တစ်ခု၊ ကျေးလက်မီးလင်းရေး လုပ်ငန်း ၁၀ ခု၊ အသက်မွေးဝမ်းကျောင်း သင်တန်း၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း ၁၁ ခု၊ မြစိမ်းရောင် ကျေးရွာ စီမံကိန်း ၅၁ ယူနစ် ၆၇ ရွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နေရာတွင် ဝန်ထမ်းအင်အားဖြင့် အလုပ်တာဝန် အချိုးမျှတမှုမရှိသည့် အခြေအနေ ဖြစ် ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုလည်း ရှိသည့်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း များကဲ့သို့ လုပ်ငန်းများအတွက် ကွင်းဆင်းရာတွင် တစ်ရွာနှင့် တစ်ရွာ ခရီး ကွာဝေး ပြီး ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်သည့်အတွက် လုံခြုံရေးအခြေအနေအရလည်း အမျိုးသား ဝန်ထမ်းများကိုသာ ကွင်းဆင်း ဆောင်ရွက်နိုင်မှုရှိကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတွင် လက်ရှိ ဝန်ထမ်းအင်အား ခန့်ထားမှုအရ ဝန်ထမ်းတစ်ဦးမှ ငါးဦး အထိ ခန့်ထားနိုင်သည့် ရုံးသည် ၂၇ ရုံး ရကြောင်း၊ ဝန်ထမ်းခြောက်ဦးမှ ၁၀ ဦးအထိ ခန့် ထားနိုင်သည့် ရုံးသည် ၁၁၅ ရုံး ရှိကြောင်း၊ ဝန်ထမ်း ၁၁ ဦးမှ ၁၅ ဦးအထိ ခန့်ထားနိုင်သည့် ရုံးသည် ၁၆၃ ရုံးနှင့် ၁၆ ဦး နှင့်အထက် ခန့်ထားနိုင်သည့် ရုံးသည် ၅၁ ရုံး ဖြစ်ကြောင်း၊ မြို့နယ်တစ်မြို့နယ်တွင် ပျမ်းမျှ ဖွံ့ဖြိုးရေးလုပ်ငန်း ၁၀၅ ခု ခန့်ကို ဆောင်ရွက်လျက် ရှိကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကဲ့သို့ လုပ်ငန်းများသည် မြို့နယ် တစ်မြို့နယ်တွင် ပျမ်းမျှ ၄၉ ရွာခန့် ဆောင်ရွက်ရမှု အခြေအနေ ဖြစ်ကြောင်း၊
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဝန်ထမ်း တစ်ဦးကို ကျေးရွာ ကိုးရွာခန့် တာဝန်ယူ ဆောင်ရွက်နေရသည့်အတွက် ဝေးလံခေါင်ပါးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွက်ပြည့်နင်း ဆောင်ရွက်နိုင်ရန် အခက်အခဲ ရှိကြောင်း၊ ဝန်ထမ်းအင်အား ပြုန်းတီးမှုသည် နှစ်စဉ် ဦးရေ ၁၅၀ ခန့်ရှိသည့်အတွက် အဆိုပါ ပြုန်းတီး ဝန်ထမ်းအင်အားကို ဖြည့်တင်းနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအင်အား ၆၀၀ ဦး အသစ်ဖြည့် ခန့်ထားနိုင်ရန် အတွက် အားလုံးတွက်ချက် လျာထားပြီး ဖြစ်ကြောင်း၊
ထိုကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ပြုန်းတီးဝန်ထမ်း အင်အား များကို ဖြည့်တင်းနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းသစ် ၆၀၀ ဦး ခန့်ထားရန် ဆောင်ရွက်လျက် ရှိနေကြောင်း၊ ခွင့်ပြုချက်ရသည်နှင့် သံတောင်ကြီးမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အပါအဝင် ဝန်ထမ်းအင်အား နည်းပါးသည့် ဒေသများ တွင် လုပ်ငန်း လိုအပ်ချက်နှင့် အင်အားလိုအပ်ချက်ပေါ်တွင် မူတည်ပြီး လုံလောက်သည့် ဝန်ထမ်းအင်အား ဖြည့်တင်းနိုင်ရန်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဒေသခံများကို ဦးစားပေးခန့်ထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြား ပါသည်။
