|
အမည် |
ဦးစောဗစ်တာခလိုက် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ကရင်/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၃/သတန(နိုင်)၀၀၂၅၃၁ |
|
မွေးသက္ကရာဇ်/အသက် |
၁၉-၉-၁၉၄၈/(၆၈)နှစ် |
|
မွေးဖွားရာဇာတိ |
တောင်ငူ |
|
ပညာအရည်အချင်း |
အ.ပ.ထ(ခ) |
|
လက်ရှိအလုပ်အကိုင် |
အငြိမ်းစား၊ ကျောင်းဆရာ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစောခလိုက်ထွန်းဝင်း၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နော်ထော့ပ်စီ၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နော်အစ္စတာ၊ ၃/သတန(နိုင်)၀၀၂၅၃၂၊ ဈေးရောင်း(အိမ်ဆိုင်) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မနော်ဆိုးလိုသာ၊၃/သတန(နိုင်)၀၀၂၅၃၄၊ အထက်တန်းစာရေး၊ စိုက်ပျိုးရေးဌာန (၂) မနော်ဆဲနေထူး၊ ၃/သတန(နိုင်)၀၁၇၉၃၇ သူနာပြု၊ (စင်္ကာပူ) (၃) မနော်မူဆရီးဖော၊ ၃/သတန(နိုင်)၀၀၀၈၇၈ ကျောင်းဆရာမ၊ အလယ်ချောင်းရွာ (၄) မောင်စောခိုကလို၊၃/သတန(နိုင်) ၀၁၈၃၅၉၊ ဥယျာဉ်ခြံ |
|
အမြဲတမ်းနေရပ်လိပ်စာ |
ရပ်ကွက် (၁)၊ သံတောင်မြို့၊ ကရင်ပြည်နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုကော်မတီဝင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သံတောင်ကြီး မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို သူငယ်တန်းမှ (၁၀) တန်းအထိ အ.ထ.က၊ သံတောင်ကြီးတွင် သင်ကြားခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ဆရာဖြစ် သင်တန်း၊ ပုသိမ်တွင် လည်းကောင်း၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၂ အထိ ဆရာဖြစ်သိပ္ပံ ကျောင်း၊ မော်လမြိုင်တွင်လည်းကောင်း တက်ရောက် ခဲ့သည်။ သံတောင်ကြီး၊ အ.ထ.ကတွင် မူလတန်းပြအဖြစ် လည်းကောင်း၊ သံတောင်မြို့သစ်၊ပျားစခန်းတွင် မူ/အုပ် အဖြစ်လည်းကောင်း၊ ဥဒေါင်း/ တောပြာကြီး အ.လ.ကတွင် အ.လ.ပြအဖြစ်လည်းကောင်း အသီးသီးတာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ချိန်တွင် မြို့နယ်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ သံတောင်ကြီးမြို့နယ်၊ ပါတီပြန်ဖွဲ့စည်းရာတွင် ဗဟို ကော်မတီဝင်အဖြစ်လည်းကောင်း၊ သက်စမ်းရေ မိဘမဲ့ဂေဟာတွင် ဘဏ္ဍာရေးမှူး အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ပုဒ်မ ၅ ည- ၅ဃ ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၇/၁ ဖြင့်လည်းကောင်း ထောင် (၄) နှစ်ချခံခဲ့ရသည်။ ၁၉၉၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် ခဲ့သည်။ |
