ပညာရေးဝန်ကြီးဌာန

(ခ)-မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ ဝ(လွယ်လ)၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ၏ ပညာရေး တိုးတက် ဖွံ့ဖြိုးလာစေရန် နိုင်ငံတော်မှ လူငယ်သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မက်မန်းမြို့နယ်တွင် လွယ်လ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်ကြပြီး တောနှင့် တောင်တန်းများထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဒေသခံ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့သည် နိမ့်ကျလျက် ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် မက်မန်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းကိုသာ အားကိုးပြီး သင်ကြားနေလျက်ရှိရာ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြ သူမျ