ဆောက်လုပ်ရေးဝန်ကြီးဌာန

(က)-အမြန်လမ်းဘေးမြို့ချောင်းကျေးရွာနှင့်ဆက်သွယ် ထားသောလမ်းပေါ်ရှိ ကင်းရွာသို့ဆက်သွယ်သော သဌေးကုန်း-ကင်းရွာလမ်းအား ပြုပြင်ပေးရန် အစီ အစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်တဲ့မေးခွန်းတစ်ခုမေးမြန်း လိုပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ဘေးရှိ သူဌေးကုန်းကျေးရွာမှ အမြန်လမ်းဘေးမြို့ချောင်းကျေးရွာသို့ဆက်သွယ်ထားသော လမ်းပေါ်ရှိ ကင်းရွာသို့ဆက်သွယ်သော သူဌေးကုန်း-ကင်းရွာလမ်းမှာ အရှည် ၁၀ မိုင် ၂ ဖာလုံခန့်ရှိပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် GE တပ်မှ ၁၂ ပေအကျယ် ကျောက်ချောလမ်းအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ယင်းလမ်းဘေးတွင် ကျေးရွာအုပ်စု ၄ အုပ်စု၊ ရွာပေါင်း ၂၀၊ အိမ်ခြေ ၁၇၃၉၊ လူဦးရေ ၁၁၇၇၂ ဦးတို့ မှီတင်းနေထိုင်သွားလာကြပါတယ်။ ယခုအခါတွင် သစ်လုံးတင်ယာဉ်ကြီးများ၊ သစ်ခွဲသားတင် ယာဉ်ကြီးများသွားလာမှုကြောင့် လမ်းပျ

(င)-မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်ရှိ ပျက်စီးသွားသော တံတားများ ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ကချင်ပြည်နယ် ပူတာအိုခရိုင်သည် ၁၉၆၅ ခုနှစ်မှ စတင်၍ ယနေ့အထိ နှစ်ပေါင်း ၅၀ ကျော် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်မှုမပြုနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ပူတာအိုခရိုင်အတွက် အသက်သွေးကြောပမာ အရေးကြီးသော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းကို မမျှော်လင့်ဘဲ ဖြတ်တောက်ခြင်းခံရသဖြင့် ပြည်သူများသွားလာရေးခက်ခဲခြင်း၊ ကုန်ဈေးနှုန်းကြီးမားမှုဒဏ်ခံရမှုတို့ကြောင့် ကုန်စည်စီးဆင်းမှု ရပ်ဆ

(ခ)-ထန်းတပင်-လမုတန်းတစ်ဖက်ကမ်းကို ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ် ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သည် ပန်းလှိုင်မြစ်၊ လှိုင်မြစ်၊ ကုက္ကိုဝမြစ်၊ ဘောလယ်မြစ်တို့ဝန်းရံလျက်ရှိပါတယ်။ ဧရိယာအကျယ်အဝန်းမှာ ၃၂၇ စတုရန်းမိုင်ကျယ်ဝန်း၍ မြစ်ချောင်းအင်းအိုင်များဖြင့် သွားရေးလာရေးခက်ခဲလျက်ရှိပါတယ်။ ထန်းတပင်မြို့နယ်သည် ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။ မြစ် ၄ မြစ်ဝန်းရံလျက်ရှိခြင်းကြောင့် ဘောလယ်ကျွန်းမှ ကျေးရွာပေါင်း ၃၃ အုပ်စုတို့သည် ထန်းတပင်မြို့သို့သွားလာရာ၌ မှော်ဘီ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ ၄ မြို့နယ်တို့သို့ကွေ့ပတ်ကျော်ဖြတ်သွားလာ

(ခ)-ထန်းတပင်-လမုတန်းတစ်ဖက်ကမ်းကို ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ် ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သည် ပန်းလှိုင်မြစ်၊ လှိုင်မြစ်၊ ကုက္ကိုဝမြစ်၊ ဘောလယ်မြစ်တို့ဝန်းရံလျက်ရှိပါတယ်။ ဧရိယာအကျယ်အဝန်းမှာ ၃၂၇ စတုရန်းမိုင်ကျယ်ဝန်း၍ မြစ်ချောင်းအင်းအိုင်များဖြင့် သွားရေးလာရေးခက်ခဲလျက်ရှိပါတယ်။ ထန်းတပင်မြို့နယ်သည် ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။ မြစ် ၄ မြစ်ဝန်းရံလျက်ရှိခြင်းကြောင့် ဘောလယ်ကျွန်းမှ ကျေးရွာပေါင်း ၃၃ အုပ်စုတို့သည် ထန်းတပင်မြို့သို့သွားလာရာ၌ မှော်ဘီ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ ၄ မြို့နယ်တို့သို့ကွေ့ပတ်ကျော်ဖြတ်သွားလာ

(က)-ဘားအံ-ကော့ကရိတ်-မြဝတီကားလမ်းအား ယခု ဆောင်ရွက်နေမှု အခြေအနေနှင့် ထိုင်းနိုင်ငံ အကူအညီ ဖြင့် ဖောက်လုပ်ပေးမည့် မြဝတီ-ကော့ကရိတ် ကားလမ်းကြောင်းအသစ် ဖောက်လုပ်မည့် အခြေအနေ တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

ဘားအံ-ကော့ကရိတ်- မြဝတီကားလမ်းဟာ နယ်စပ်နှင့် ပြည်တွင်းကို ဆက်သွယ်ရာမှာ အတိုဆုံးကားလမ်းဖြစ်ပြီးတော့ နေ့စဉ် ကုန်တင်ကားစီးရေ ၂၁၀ ကျော်ခန့်သွားလာနေသော မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်မှု ဒုတိယ အများဆုံး လမ်းကြောင်းဖြစ်ပါတယ်။ ကားလမ်းအရှည်ကတော့ ၁၁၀ မိုင် ၂ ဖာလုံရှိပါတယ်။ ဒီကား လမ်းကို AK ကုမ္ပဏီကို BOT စနစ်ဖြင့် ဆောင်ရွက်ဖို့ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ စတင်ဆောင်ရွက်ခွင့်ပြုခဲ့တဲ့အချိန်ကနေစပြီးတော့ ကုမ္ပဏီအနေနဲ့ ကားလမ်းကို အကြောင်းပြုပြီးတော့  စက်ယန္တရားကြီးတွေ၊ မေ

(ဋ)-ညောင်ပင်ကွင်းရွာချောင်းကူးတံတားတည်ဆောက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

တနင်္သာရီမြို့နယ်မှ အဓိကဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ တနင်္သာရီမှကိုးမိုင်ရှည်လျားသော တနင်္သာရီ-ညောင်ပင်ကွင်း လမ်းမကြီးတစ်ခု ရှိပါတယ်ခင်ဗျား။ ဒီလမ်းမကြီးက ဘန်ကလောရွာ၊ ခြောက်မိုင်ရွာ၊ စကျင်ရွာ၊ ထုံတွန်ရွာ၊ ညောင်ပင်လေးရွာ၊ အနောက်ကမ်းများနှင့် ခ.မ.ရ (၅၆၁)တပ်ရင်း များတွင် အဓိကမှီခိုအားထားရတဲ့လမ်းများ ဖြစ်ပါတယ်ခင်ဗျား။ ဒီလမ်းပေါ်မှာ ညောင်ပင်လေးရွာ၊ အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းနှစ်ရွာကို ကိုယ့်အားကိုယ

(ည)- ခိုလမ်မှတာကော်အထိ လမ်းအဆင်‌့မြှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

တောင်ကြီးမှ တာချီလိတ်မြို့သို့ သွားတဲ့ ပြည်ထောင်စုလမ်းမကြီးဟာ ပြည်ထောင်စုအစိုးရပိုင် ကတ္တရာခင်းလမ်းမကြီးဖြစ်ပြီး တာချီလိတ်မြို့ သို့မဟုတ် ထိုင်းနယ်စပ်ဘက်သို့သွားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်ပါတယ်ရှင်။ တောင်ကြီးမြို့မှခိုလမ်မြို့ထိ နိုင်ငံသားပိုင်ကုမ္ပဏီများမှ BOTစနစ်ဖြင့် ဆောင်ရွက်ရန် ရရှိထားကြောင်း သိရှိရပါတယ်ရှင်။ ခိုလမ်မြို့မှ တာကော်တံတားအထိ ၆၃ မိုင်ရှိတဲ့ ကတ္တရာလမ်းမှာ လွန်စွာ ပျက်စီးနေပြီး နိမ့်ကျ

(ဌ)-ဆင်တဲ-နဝဒေးတံတား လမ်းပိုင်းအဆင်‌့မြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပန်းတောင်းမြို့နယ်ဟာ ပြည်မြို့ကိုအဓိကထားပြီး ဆက်သွယ်နေရတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နဝဒေးတံတားနှင့် မြို့တွင်းလမ်းများကို ပြုပြင်ပေးတဲ့အတွက်      မြို့သူ၊ မြို့သားအားလုံးက ကျေးဇူးတင်လျက်ရှိပါတယ်။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ ဆင်တဲ ကျေးရွာနဲ့ နဝဒေးတံတားလမ်းပိုင်းဟာတော့ ၂ မိုင်လောက်ကွာဝေးပါတယ်။ အဲဒီ လမ်းပိုင်းဟာ  တောင်ကမ်းပါးယံကြောမှဖြတ်ပြီး

(စ)-မိုးမိတ်-သစ်ခွဲပင်-တွင်းငယ်လမ်းပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

မိုးမိတ်-သစ်ခွဲပင်-တွင်းငယ် လမ်းပိုင်းဟာ ၄၆ မိုင်ရှည်လျားပြီး မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းကို တွင်းငယ်မှာသွားရောက် ဆုံတွေ့တဲ့ လမ်းမကြီးတစ်ခု ဖြစ်ပါတယ်။ တွင်းငယ်မှ သစ်ခွဲပင်အထိ ၁၂ မိုင်ဟာ သပိတ်ကျင်း မြို့နယ်မှာပါဝင်ပြီး သစ်ခွဲပင်မှ မိုးမိတ်မြို့အထိ ၃၄ မိုင်ဟာ မိုးမိတ်မြို့နယ်အတွင်းမှာ ပါဝင်နေပါတယ်။ အဆိုပါ မိုးမိတ်-တွင်းငယ်လမ်းပိုင်းဟာ တံတားကြီးငယ် ၁၄၁ စင်းရှိပြီး မိုးမိတ်မြို့နယ်အတွင်းမှာ တံတား ၁၃၁ စင်

(ဆ)-မိုးညို-မင်းလှလမ်းရှိ ထန်းပင်ကုန်းတံတားပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

မိုးညိုမြို့နယ်ဟာ ၁၉၈၀-၁၉၈၅ ခုနှစ် အတွင်းမှာမြစ်ရေတိုက်စားမှုကြောင့် သုံးကြိမ်ရွှေ့ပြောင်းရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ယခုအခါမှာ မိုးညိုမြို့နယ်ဟာ လယ်ခင်းများ ကောင်းမွန်ပြီး ဆီထွက်သီးနှံနှင့်ပတ်သက်၍ သာယာဝတီခရိုင်ရဲ့ ဆီအိုးဖြစ်တဲ့အပြင် ဂုန်လျှော် စိုက်ပျိုးမှုနှင်‌့ ပတ်သက်ပြီး တစ်နိုင်ငံလုံးပထမဆု လေးကြိမ်ရရှိခဲ့တဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။ လယ်ယာ ကိုင်းကျွန်းများ ကောင်းလာတာနဲ့အမျှ စီးပွားရေးဖွံ့ဖြိုးစ မြိ