ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၃၁.၇.၂၀၁၂)
မေးမြန်းသူ
ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးပြီးခါနီးမှာ လွှတ်တော်မှာ တင်ပြီးတော့ စတုတ္ထပုံမှန်အစည်းအဝေးအတွက် မေးမြန်းထားတဲ့ မေးခွန်းဖြစ်ပါတယ်။ သို့သော်လည်း စတုတ္ထပုံမှန်အစည်းအဝေးမစခင်မှာ မီးသတ် ဦးစီးဌာနဖွဲ့စည်းပေးပြီးတော့ သန္ဓေမီးသတ်များကိုလည်း ခန့်အပ်ပြီးဖြစ်တဲ့အပြင် မီးသတ်ကားအသစ် ၁ စီးကိုလည်း ထပ်မံထုတ်ပေးမယ်လို့သိရတဲ့အတွက် ဝန်ကြီးဌာနကိုလည်း မိဘပြည်သူများရဲ့ ကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါတယ်။ သို့ဖြစ်ပါ၍ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးပြီးဖြစ်တဲ့အတွက် ကျွန်တော်ရဲ့မေးခွန်းအား ဆက်လက်မေးမြန်းရန် မလိုအပ်တော့တဲ့အတွက် ပြန်လည်ရုပ်သိမ်းပါသည်။
