(ဃ)-မိုးမောက်မြို့နယ်တွင် အခြားမြို့နယ်များနည်းတူ WCDMA, CDMA(450), GSM ဖုန်းလိုင်းများအား အဆင်‌့မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၁.၁.၂၀၁၃)

မိုးမောက်မြို့နယ်တွင် ကြိုးဖုန်းအလုံးရေစုစုပေါင်းမှာ ၁၇၀ လုံးသာရှိပြီး ကြိုးဖုန်းဝယ်ယူရာတွင် ပြည်သူများက ငွေအင်အား အလုံအလောက်မရှိပါသဖြင့် နိုင်ငံတော်မှ တန်ဖိုးနည်း WCDMA, CDMA-450,GSM ဖုန်းများ ‌ရောင်းချပေးပါသော်လည်း ဖုန်းလိုင်းအားများ မကောင်းမွန်ပါသဖြင့် ဝယ်ယူသူနည်းပါးပြီး ဆက်သွယ်ရေးတွေ အင်မတန်နှောင့်နှေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မိုးမောက်မြို့နယ်တွင် အခြားမြို့နယ် များနည်းတူ WCDMA, CDMA-450 နှင့် GSM ဖုန်းလိုင်းများအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း အပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 


 

ဖြေကြားသူ
ဦးဝင်းသန်း(ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန)
အဖြေ

မိုးမောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထွန်းရဲ့ မိုးမောက်မြို့နယ်မှာ အခြားမြို့နယ်များနည်းတူ WCDMA, CDMA-450, GSM ဖုန်းလိုင်းများကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိနဲ့ပတ်သက်ပြီး မေးခွန်းကို ကျွန်တော်ပြန်လည်‌ြဖေကြားပါမယ်။ ပြီးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ ကျွန်တော်တို့ မိုးမောက်မြို့နယ်မှာ GSM UMTS စခန်းအသစ်တစ်ခုတိုးချဲ့ တပ်ဆင်ပေးဖို့အတွက် ကျွန်တော်တို့ မကြာမီကာလလေးမှာပဲ ‌ဆောင်ရွက်မယ့် ကျေးလက်ဒေသ  GSM UMTS တိုးချဲ့တပ်ဆင်ရေးစီမံကိန်းမှာ ထည့်သွင်းလျာထားဆောင်ရွက်ပေးဖို့ စီစဉ်ဆောင်ရွက် ပြီး ဖြစ်ပါကြောင်း လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါ တယ်။