(စ)-မဘိမ်းမြို့နယ် ၂၅ ကုတင်ဆံ့ ဆေးရုံအကြီးစားပြင်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀.၇.၂၀၁၂)

မဘိမ်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံဟာ တည်ဆောက်ထားတာ နှစ် ၅၀ခန့် ရှိပါပြီ။ အပေါ်အမိုးပိုင်းများ ပျက်စီးနေပါသဖြင့် ပျက်စီးနေသော အမိုးပိုင်းများကို အကြီးစားပြင်ဆင်ပေးမှု  အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက်  မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်း မြို့နယ်ဆေးရုံတွင် ပျက်စီးနေသော အမိုးပိုင်းများကို  အကြီးစားပြင်ဆင်ပေးရန် ယခုနှစ် ဘတ်ဂျက်တွင် မဆောင်ရွက်ပေးနိုင်သော်လည်းပဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြ တောင်းခံ၍ ဦးစားပေးအစီအစဉ်အရ ခွင့်ပြုရန်ပုံငွေဖြင့် အကြီးစားပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။