(ခ)-ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်သော ကျေးရွာနေပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန် နိုင်ငံတော်မှမည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးထားွခင်းရှိ၊မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၃၁.၈.၂၀၁၂)

 

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိသည်ဟု ပြည်ထဲရေး စာရင်းအရသိရှိရပါတယ်။ ထိုကျေးရွာများထဲတွင် ကျန်းမာရေးစောင့်ရှောက်မှုလုံးဝမရရှိနိုင်သော ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ကျောက်ထိုးဆရာနှင့် အရန်သားဖွားဆရာမ၊ ကျန်းမာရေးလုပ်သားများ ပင်မရောက်နိုင်ရှိသော ကျေးရွာများရှိနေသည်ကိုသိရှိရပါတယ်။ ဥပမာ ကျွန်တော်တို့ ကျောက်တံခါး မြို့နယ်မှာ ကျေးရွာပေါင်း ၃၂၃ ရွာရှိပါတယ်။ ထိုအထဲတွင် ၁၃၇ ရွာမှာ ကျန်းမာရေးစောင့်ရှောက် မှုလုံးဝမရရှိပါ။ ထိုကဲ့သို့သောရွာများတွင် ကျန်းမာရေးအသိပညာနည်းပါးခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းများ ပြည့်ဝစွာမဆောင်ရွက်ပေးနိုင်ခြင်းတို့ကြောင့် မိခင်သေနှုန်း၊ ကလေးသေနှုန်း              မြင့်တက်နေခြင်း၊ ကြိုတင်ကာကွယ်နိုင်သောရောဂါများ၊ ကူးစက်ရောဂါများနှင့် အခြားရောဂါဆိုး များကို အခြားရွာများထက်ပိုမိုရရှိနိုင်ပါတယ်။ ထို့ကြောင့် ထိုကဲ့သို့သော ကျေးရွာနေပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် နိုင်ငံတော်မှ မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးထားသည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီရရှိစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာမှာ တိုက်နယ်ဆေးရုံ များ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းများ ဦးစား ပေးဆောင်ရွက်နေပါတယ်။ အဲ့ဒီလိုဆောင်ရွက်နေသကဲ့သို့ အခြေခံကျန်းမာရေးဝန်ထမ်းများမရောက် နိုင်သေးတဲ့ ကျေးရွာတွေလည်းရှိနေတဲ့အတွက် အဲ့ဒီကျေးရွာတွေမှာစေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများဖြစ်တဲ့ လူထုကျန်းမာရေးလုပ်သားနှင့် အရန်သားဖွားဆရာမများကို နှစ်စဉ်မွေးထုတ် ပြီးတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပေးနိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ ရွာတိုင်း ရွာတိုင်းမှာ ကျန်းမာရေးဝန်ထမ်းရှိ ရင်ရှိ၊ မရှိရင် အရန်သားဖွားဆရာမတစ်ဦးရှိရန်ဆိုပြီး ၂၀၁၅ ခုနှစ်မှာလွှမ်းခြုံမှုရရှိစေရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ထို့အပြင် ကျေးလက်ဒေသကျန်းမာရေးစီမံချက်ကို ကျေးလက်ဒေသလူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့အောက်မှာ သီးခြားစီမံချက်များရေးဆွဲပြီးတော့ ကျေးလက်ဒေသကျန်းမာရေး လွှမ်းခြုံမှုကို အရေအတွက်ရော၊ အရည်အချင်းပါလွှမ်းခြုံမှုရရှိရေးအတွက် ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ ထို့အပြင် ၂၀၁၁-၂၀၁၂ ခုနှစ်မှစတင်ပြီးတော့ မြို့နယ် ၂၀ မှာ ပုံမှန်မသွားရောက်နိုင် သောဝေးလံခက်ခဲဒေသများရှိ ကျေးရွာများကို လက်ထောက်ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေး ဆရာမ၊ သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)စတဲ့အဖွဲ့များနဲ့ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်မှ ၁၂ ကြိမ်အထိသွားရောက်ပြီးတော့ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းများကို အဓိကထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ လာမယ့်လေးနှစ် အတွင်းမှာ မြို့နယ် ၁၈၀ အထိ တိုးချဲ့သွားရန် စီမံချက်ချစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း လေးစား စွာတင်ပြအစီရင်ခံအပ်ပါတယ်။