ကျွန်တော့်အနေနှင့် ဒေါက်တာသန်းဝင်း မြောက်ဥက္ကလာမဲဆန္ဒနယ် တင်သွင်းတဲ့အဆိုနဲ့ ပတ်သက်ပြီးတော့ တိုင်းတစ်ပါးယဉ်ကျေးမှုများ အလျှင်အမြန်ထိုးဖောက် ဝင်ရောက် လွှမ်းမိုးမှုများကြောင့် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ မှေးမှိန်လာပြီး သက်ဆိုင်ရာမှ ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ပါကြောင်းအဆိုကိုလည်း ထောက်ခံပြီးတော့ ဆွေးနွေး ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မြန်မာတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများကို ရုြပ်မင်သံကြားဖန်သားပြင်မှ Channel တစ်ခုအနေဖြင့် ထုတ်လွှင့်ပြသသင့်ပေးရန်လည်း တင်ပြ ခဲ့ပါတယ်။ ဒါပေမယ့်လို့ MRTV မှ ထုတ်လွင့်မှု စနစ်ဟာ Analog စနစ်ဖြစ်နေတဲ့အတွက်ကြောင့် Digital စနစ်သို့ ပြောင်းပြီးမှ အဆင်ွပေနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ဖြေကြားခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုမေးမြန်းမှုကတော့ MRTV မှယနေ့ထုတ်လွှင့်နေတဲ့ အစီအစဉ်များ ထဲမှာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို အချိန်ပိုမိုထုတ်လွှင့်ပြသရေးအပိုင်းပဲ မေးမြန်းမှာဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ မြန်မာ့ရုပ်သံလိုင်းများမှ ဖျော်ွဖေမှုအပိုင်းမှာ MRTV4၊ မြဝတီ၊ မြဝတီ Set Up Box ၊ 5 movies နှင့် Skynet စတဲ့ စုံလင်စွာနှင့် ပြည်သူများကို ဖျော်ဖြေတင်ဆက် နေကြပါတယ်။ ဒါကြောင့် MRTV4 အနေဖြင့် မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးမူဝါဒအပိုင်းမှာ အလေးပေးပြီးတော့ ဆောင်ရွက်သင့် ပါကြောင်းနှင့်ပတ်သက်ပြီးတော့ မေးခွန်းကို မေးရခြင်းဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ဦးတည်ချက် ၁၂ ရပ်ထဲက လူမှုရေးဦးတည်ချက် ၄ ရပ်ထဲမှာ ပါတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ ဦးတည်ချက်အတိုင်း မြန်မာတို့ရဲ့ ရိုးရာဓလေ့ထုံးစံ အနုပညာယဉ်ကျေးမှုကဏ္ဍများနှင့်စပ်လျဉ်းပြီးတော့ TV ဖန်သားပြင်ပေါ်မှာ ယခု ထက် အချိန်ပိုမိုတိုးချဲ့ ထုတ်လွှင့်ပေးရေးအတွက် ဒါမှမဟုတ် တိကျတဲ့နေ့ရက် သတ်မှတ်ပြီးတော့ တိကျတဲ့အချိြန်ဖင့် ထုတ်လွှင့်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းရြခင်း ဖြစ်ပါတယ်။ မေးခွန်း (၁) မြန်မာ့ရုပ်မြင်သံကြား၊ MRTV4 နှင့် မြဝတီရုပ်မြင်သံကြားမှ တစ်နေ့လျှင် ၇ ကားမှ ၉ ကားထိ ထုတ်လွှင့်ပြသနေသော နိုင်ငံခြားဇာတ်လမ်းတွဲများကို အရေအတွက်လျှော့ချပြီး ကျွန်တော်တို့ရဲ့ ပုဂံခေတ်အနော်ရထာမင်းလက်ထက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆောင်ရွက်ချက်များပါဝင်တဲ့ ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်ပုံ ဇာတ်လမ်းတွဲများ၊ တောင်ငူခေတ် ဘုရင့်နောင်မင်းတရားကြီးရဲ့ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ပုံ ဇာတ်လမ်းတွဲများ၊ ကုန်းဘောင်ခေတ် အလောင်းမင်းတရားဦးအောင်ဇေယျရဲ့ တတိယ မြန်မာနိုင်ငံတော်တည်ထောင်ပုံ ဇာတ်လမ်းတွဲများကို ခမ်းနားထည်ဝါစွာ ရိုက်ကူးတင်ဆက်ပြသရန် အစီအစဉ် ရှိ၊ မရှိ။ (၂) ယနေ့ လူငယ်များအကြိုက် ခေတ်ပေါ်တေးဂီတအဆိုပြိုင်ပွဲများကို တစ်ပတ်လျှင် ၅ ကြိမ်မျှ ပြသနေတဲ့ အကြိမ်အရေအတွက်ကို လျှော့ချပြီး မြန်မာသီချင်းကြီးများ၊ မြန်မာ့ရိုးရာအကပြိုင်ပွဲများကို သက်တမ်းအလိုက် သီချင်းအမျိုးအစားအလိုက် ပြည်သူများ စိတ်ဝင်စားအောင် ရိုက်ကူးပြီး တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ (၃) တစ်နှစ်တစ်ကြိမ် ကျင်းပသော နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများမှ ဆုရသူများကို ထုတ်လွှင့်ပြသရာတွင်လည်းကောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ထုတ်လွှင့်မှုကဏ္ဍကိုလည်းကောင်း၊ လူကြည့်နည်းသည့် ညနေစောစောပိုင်းအချိန်တွင် ထုတ်လွှင့်နေမှု အား လူကြည့်များသည့်အချိန်များသို့ ွပောင်းလဲထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိကို လည်းကောင်း။ (၄) ဗမာလူမျိုးတို့ရဲ့ ဓလေ့စရိုက်များဖြစ်တဲ့ ဆယ့်နှစ်လရာသီပွဲတော်များအကြောင်း သရုပ်ဖော် ရိုက်ကူးတင်ဆက်မှုများ ယခင်က ရှိခဲ့ဖူးပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ ရိုးရာဓလေ့ ထုံးစံပွဲတော်များအကြောင်းကိုလည်း ရိုက်ကူးတင်ဆက်မှုများရှိခဲ့ပါတယ်။ အဲဒီအစီအစဉ်များကို ယနေ့ ွပန်လည်ထုတ်လွှင့်ပြသပေးရန် အစီအစဉ် ရှိ၊ မရှိ။ (၅) တစ်ပတ်လျှင် ၅ ကြိမ်ခန့်ထုတ်လွင့် ပြသနေသော ဟာသအစီအစဉ်များကိုလျှော့ချပြီး အဆင့်မီတဲ့ အငြိမ့်သဘင်များ၊ အဆင့်မီတဲ့ ဇာတ်သဘင်နှစ်ပါးသွားခွင် အစီအစဉ်များကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ရိုက်ကူး ထုတ်လွှင့်ပြသရန် အစီအစဉ် ရှိ၊ မရှိ။ (၆) ယခင်ကထုတ်လွှင့်ခဲ့ဖူးသော မြန်မာ့ဆိုင်းဝိုင်းဖျော်ွဖေခန်း များနှင့် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေသော သီချင်းကြီးတူရိယာအဖွဲ့ ဖျော်ွဖေမှုများကို ပြန်လည် ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ (၇) ယခင် ွမန်မာ့အသံမှ အပတ်စဉ်ထုတ်လွှင့်နေတဲ့ ဆရာကြီးဦး ဂုဏ်ဘဏ်၏ မြန်မာ့အနုသဘင် ဟောွပောချက် များကို ယခုအခါ TV ပေါ်လာပြီးွဖစ်တဲ့ အတွက်ကြောင့် သရုပ်ဖော်ရိုက်ကူးပြီး ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှာ မူလတာဝန်အဖြစ် ပြန်ကြားပေးရန်၊ ကြေညာပေးရန်၊ ဖျော်ဖြေပေး ရန်ဆိုတဲ့ ရည်မှန်းချက်တာဝန်များမှာ ပြန်ကြားရေးကဏ္ဍအတွက် ၃၀ ရာခိုင်နှုန်း၊ ပညာပေးရေး ကဏ္ဍအတွက် ၃၀ ရာခိုင်နှုန်းနဲ့ ဖျော်ဖြေပေးရေးကဏ္ဍအတွက် ၄၀ ရာခိုင်နှုန်းဆိုပြီး ကျွန်တော်တို့ လျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ထိုကဲ့သို့လျာထားဆောင်ရွက်ရာမှာ ရုပ်မြင်သံကြား ကြည့်ရှုသူပရိသတ်များရဲ့ အသက်အရွယ်အပိုင်းအခြားအလိုက် ကြိုက်နှစ်သက်စေသောကဏ္ဍများကို မျှတစွာ ထုတ်လွှင့်ပေးနိုင်ရေးနဲ့ ပရိသတ်လက်ခံနိုင်သောကဏ္ဍများကို ပိုမိုထုတ်လွှင့်ပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဲလိုဆောင်ရွက်ရာမှာ ဘာသာရေးအစီအစဉ်များ၊ စာပေနှင့် ယဉ် ကျေးမှုဆိုင်ရာအစီအစဉ်များ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအစီအစဉ်များ၊ ကလေးသူ ငယ်နှင့် အမျိုးသမီးရေးရာအစီအစဉ်များကိုလည်း အချိုးညီစွာ ထည့်သွင်းထုတ်လုပ်ပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနဲ့ ထုတ်လုပ်ရာမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့ရုပ်မြင်သံကြားနှင့် ကျွန်တော်တို့နဲ့ဖက်စပ်ဆောင်ရွက်နေတဲ့ MRTV-4၊ Sky Net တို့မှာ မြန်မာဇာတ်လမ်းတွဲများကို ပြသနိုင်ရေးအတွက် အစဉ်တစိုက်တိုက်တွန်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့အချိန်မှာ မြဝတီ ရုပ်မြင်သံကြားမှာ ရွာဇာတ်လမ်းတွဲနှင့် MRTV-4 မှာ အချစ်၏သင်္ကေတဇာတ်လမ်းတွဲများကို စတင် ရိုက်ကူးထုတ်လွှင့်လျက်ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီးမေးမြန်းသွားတဲ့ ပထမ၊ ဒုတိယ၊ တတိယ နိုင်ငံတော်ထူထောင်ခဲ့တဲ့ သမိုင်းကြောင်းနောက်ခံဇာတ်ကားများနဲ့ ပတ်သက်လို့တော့ ကုန်ကျစရိတ် ကြီးမားခြင်း၊ နည်းပညာလိုအပ်ခြင်းဖြစ်တဲ့အတွက်ကြောင့်မို့ လောလောဆယ်မှာ ရိုက်ကူးထုတ်လုပ် နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် မြန်မာနိုင်ငံမှ ရွှေသံလွင်ကုမ္ပဏီလီမိတက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ယူနန်ရုပ်မြင်သံကြားဌာနတို့ အကျိုး တူပူးပေါင်းပြီး ပျူခေတ်ယဉ်ကျေးမှုအခြေခံ ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လုပ် တင်ပြနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒုတိယမေးခွန်းဖြစ်တဲ့ မြန်မာ့ သီချင်းကြီးနှင့် ရိုးရာအကပြိုင်ပွဲများကို စိတ်ဝင်စားအောင် ရိုက်ကူးပြီး တစ်ပတ်နှစ်ကြိမ် ထုတ်လွှင့် ပေးရန်အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ယနေ့ရုပ်မြင်သံကြား အစီအစဉ်များမှာ ခေတ်လူငယ်များအကြိုက် ခေတ်ပေါ်တေးသီချင်း အဆိုပြိုင်ပွဲများကသာ လွှမ်းမိုးနေခြင်းကို မဖြစ် စေရေးအတွက် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်က ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် မြန်မာမှု သီချင်းများကိုသာ အဆိုရှင်၊ ဝါသနာရှင်လူငယ်များက အဓိကထားယှဉ်ပြိုင်စေတဲ့ ဆိုကြမယ် ပျော်ကြမယ်ကဏ္ဍ တေးသီချင်းအဆိုပြိုင်ပွဲကို ရိုက်ကူးထုတ်လွှင့်နေပြီး ကိုယ်စားလှယ်တော်ကြီးရဲ့ မေးမြန်းချက်ပါအတိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ထုတ်လွှင့်လျက်ရှိပါတယ်။
ဒါ့အပြင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမှာ အလင်္ကာဝတ်ရည်တေးဂီတအဖွဲ့ရဲ့ မြန်မာမှုသံစဉ် တေးသီချင်းဖျော်ဖြေမှုကဏ္ဍကိုလည်း အပတ်စဉ်တိုးချဲ့ပြီး ထုတ်လွှင့်လျက်ရှိပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဖော်ညွှန်းတဲ့ အစီအစဉ်များအဖြစ် ပီသကြည်မြ မဟာဂီတ၊ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ၊ ချစ်ရတဲ့ ကာလပေါ်တေးအရသာ၊ သီချင်းကြီးပဒေသာ၊ နှောင်းခေတ်တေးပဒေသာနဲ့ ယနေ့ခေတ် မြန်မာမှုတေးဂီတများကိုလည်း ရိုက်ကူးပြီး နေ့စဉ်အလှည့်ကျ တင်ဆက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဇာတ်တော်ကြီး၊ ပြဇာတ်၊ ရုပ်သေး၊ ကွက်စိပ်၊ စံတေးသီချင်းများနဲ့ ဟောပြောမှု အစီအစဉ်များကိုလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပချိန် ကာလမတိုင်မီမှာ လှုံဆော်ရေး အစီအစဉ်များအဖြစ်နဲ့ ထည့်သွင်းဖော်ပြသလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများမှာ ဆုရရှိခဲ့တဲ့ အစီအစဉ်များကိုလည်း အပတ်စဉ်အလှည့်ကျ ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ အဲလို ထုတ်လွှင့်ပေးတဲ့ အစီအစဉ်များဟာ တစ်နှစ်မှာ ဆယ်လထုတ်လွှင့်ပေးလျက်ရှိတဲ့အတွက်ကြောင့်မို့လို့ သီးခြားအက ပြိုင်ပွဲများကို ကျင်းပရိုက်ကူးပြီး ပြသရန်အစီအစဉ်မရှိကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးမှ ဆုရအစီအစဉ်များကိုသာ ဆက်လက်ပြသသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။
ဆက်လက်ပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများမှ ဆုရတေးသီချင်းနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတေးများကို လူကြည့်များသည့်အချိန်များသို့ ပြောင်းလဲထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ဖြေကြားရမယ်ဆိုရင် ရုပ်မြင်သံကြားအစီအစဉ်များ တင်ဆက်ထုတ်လွှင့်ရာမှာ ပရိသတ်အများစု လက်ခံနှစ်သက်တဲ့အစီအစဉ်များနဲ့ ပရိသတ်သိသင့် သိထိုက်တဲ့ အစီအစဉ်များကို ကျွန်တော်တို့ မျှမျှတတ စီစဉ်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဒါကြောင့် မို့လို့ စီစဉ်ထုတ်လွှင့်ပေးမှုကာလအတွင်းမှာ လူကြည့်များတဲ့ Prime Time အချိန်များမှာ ပရိသတ်အများစု နှစ်သက်လက်ခံတဲ့ အစီအစဉ်များကို ဦးစားပေးတင်ဆက်လျက်ရှိပြီး၊ ၎င်း အစီအစဉ်များရဲ့ကြားမှာ အမျိုးသားရေးတေးသီချင်းများ၊ အကျိုးပြုအစီအစဉ်များနှင့် မိမိတို့မှ ပြည်သူကို အသိပေးတင်ပြလိုသော အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရအစီအစဉ်များကို ကြားညှပ်ထည့်သွင်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်။
စတုတ္ထမေးခွန်းဖြစ်တဲ့ ဗမာလူမျိုးများရဲ့ ဓလေ့စရိုက်ပွဲတော်များနဲ့ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာဓလေ့ပွဲတော်များကို ရိုက်ကူးထုတ်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားအစီအစဉ်များမှာ ဗမာလူမျိုးများရဲ့ ၁၂ လရာသီပွဲတော်များ၊ တိုင်းရင်းသားလူမျိုးများ ၏ ဒေသအလိုက် ရိုးရာဓလေ့ထုံးစံပွဲတော်များ၊ ဘာသာရေးလှုပ်ရှားမှု၊ ဆောင်ရွက်မှုသတင်းများကို အခါအားလျော်စွာ စီစဉ်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကိုယ်စားလှယ်တော် ကြီး အကြံပြုသွားသလိုပဲ ပိုမိုကောင်းမွန်သော တင်ဆက်မှုများဖြစ်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ဒါ့အပြင် ဒီနှစ်မှာကျင်းပမယ့် (၁၉) ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ ပြည်နယ်အလိုက် တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှု ယိမ်းအကပြိုင်ပွဲများ၊ အဆို၊ အတီးပြိုင်ပွဲများကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး ၎င်းပြိုင်ပွဲများမှ ဆုရရှိတဲ့အစီအစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ဆက်လက်ပြီး အဆင့်မီအငြိမ့်သဘင်များ၊ ဇာတ်သဘင်နှစ်ပါးခွင် အစီအစဉ်များကို တစ်ပတ် နှစ်ကြိမ် ရိုက်ကူးထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့စပ်လျဉ်းပြီး မြန်မာ့အသံနဲ့ ရုပ်မြင် သံကြားအစီအစဉ်များမှာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဇာတ် သဘင်ပြိုင်ပွဲများ၊ ပြဇာတ်ပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှုပြိုင်ပွဲများကို တင်ဆက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် အမျိုးသားကဇာတ်ရုံမှာ အများပြည်သူသို့ တင်ဆက်ပြသခဲ့တဲ့ နာမည်ကြီး ဇာတ်သဘင်ခွင် များရဲ့ ဖျော်ဖြေတင်ဆက်မှုများကိုလည်း တိုက်ရိုက် သို့မဟုတ် အချိန်ဆိုင်းပြီး ထုတ်လွှင့်တင်ဆက်ပေး လျက်ရှိပါတယ်။ ဆက်လက်ပြီးမှလည်း ယဉ်ကျေးမှုဝန်ကြီးဌာနအနေနှင့် ပြည်သူများကို ကပြဖျော်ဖြေ လျက်ရှိတဲ့ အဆင့်မီအငြိမ့်သဘင်များ၊ မြန်မာ့သဘင်လောကမှာ နေတစ်ဆူ၊ လတစ်ဆူ ပမာထင်ရှား ခဲ့တဲ့ အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင်ရဲ့ မဟာဗုဒ္ဓဝင်တောထွက်ခန်း၊ လေးတော်တင်ခန်း၊ ဖွားတော်မူခန်း၊ ရွှေကျီးညို ပဲခူးမြတို့ရဲ့ သဒ္ဒါသုမန ဇာတ်တော်များကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ လှည့်လည်တင်ဆက်ပြသပြီး အဲဒီ လှည့်လည်တင်ဆက်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ပြသ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါ တယ်။
ဆဋ္ဌမမေးခွန်းဖြစ်တဲ့ မြန်မာ့ဆိုင်းဝိုင်းဖျော်ဖြေခန်းနဲ့ သီချင်းကြီး တူရိယာဖျော်ဖြေမှုများကို ပြန်လည်ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့စပ်လျဉ်းပြီး၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် များမှာ နိုင်ငံတော်ဆိုင်းဝိုင်းရဲ့ ဖျော်ဖြေတင်ဆက်မှုများ၊ ဆို၊ က၊ ရေး၊ တီး၊ ဆိုင်းအတီးပြိုင်ပွဲအစီအစဉ် များ၊ နိုင်ငံတော်သံစုံတီးဝိုင်းနဲ့ တွဲဖက်ပြီးဖျော်ဖြေတင်ဆက်တဲ့ မြန်မာမှုသီချင်းများကို အခါအားလျော် စွာ တင်ဆက်လျက်ရှိပြီး၊ ရှေ့မှာတင်ပြခဲ့သလို ဗုဒ္ဓဟူးနေ့ Prime Time အစီအစဉ်မှာလည်း အလင်္ကာဝတ်ရည် မြန်မာမှုတေးဂီတ၊ အေဝမ်းစိုးမြင့်အဖွဲ့နဲ့ ဝတ်မှုန်တေးဂီတအဖွဲ့စတဲ့ မြန်မာမှု တေးဂီတအဖွဲ့များရဲ့ မြန်မာတေးဖျော်ဖြေမှုများကို စဉ်ဆက်မပြတ် ထုတ်လွှင့်လျက်ရှိပါတယ်။ ဒါ့အပြင် လူငယ်များအနေနဲ့ မြန်မာ့ရိုးရာအစဉ်အလာများကို ဆက်လက်သိရှိနိုင်ဖို့ နေ့စဉ် နံနက်တိုင်းမှာ ဓမ္မပူဇာတေးနဲ့ ယဉ်ကျေးလိမ္မာ သုံးဆယ့်ရှစ်ဖြာမင်္ဂလာအစီအစဉ်၊ နေ့စဉ်နံနက်နဲ့ ညနေမှာ ပြည်ထောင်စုတိုင်းရင်းသားရိုးရာတေးသံနှင့် အကအလှ၊ နေ့စဉ် ညနေ ၅ နာရီမှာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအစီအစဉ်၊ ဗုဒ္ဓဟူးနေ့ညနေ ၅ နာရီမှာ သီချင်းကြီးပဒေသာ၊ ဗုဒ္ဓဟူးနဲ့ စနေ ညနေ ၅ နာရီမှာ မြူးမြူးကြွကြွ ယဉ်ကျေးမှုအက၊ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီသတင်းနဲ့ ၈ နာရီကြားမှာ မြန်မာမှုဇာတ်လမ်းနှင့် မြန်မာ့တေးဂီတအဖွဲ့တင်ဆက်မှုများ၊ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ အဆို၊ အက အစီအစဉ်များကိုလည်းကောင်း၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များမှာ ညနေ ၅ နာရီခွဲမှာ မြန်မာသံစဉ်တေးသီချင်းအစီအစဉ်များ၊ အင်္ဂါနဲ့ သောကြာနေ့ ညနေ ၈ နာရီနဲ့ ၉ နာရီမှာ မြန်မာ့ကြေးမုံရိပ်သွင်တေးနုယဉ်အစီအစဉ်နဲ့ နှောင်းခေတ် တေးပဒေသာ၊ တစ်ပတ်မှာ တစ်ကြိမ်၊ ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ မဟာဂီတအစီအစဉ်များကို ထုတ်လွှင့် ပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ မြန်မာ့အသံမှ အပတ်စဉ် ထုတ်လွှင့် ခဲ့တဲ့ ဆရာကြီး ဦးဂုဏ်ဘဏ်ရဲ့ မြန်မာ့အနုသဘင်ဟောပြောချက်များကို ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့်ရန်အစီအစဉ်နဲ့ပတ်သက်ပြီး ဆရာကြီးဦးဂုဏ်ဘဏ် ကွယ်လွန်သွားပြီဖြစ်တဲ့အတွက် ကြောင့်မို့လို့ ရုပ်မြင်သံကြားအစီအစဉ်များမှာ သရုပ်ဖော်ရိုက်ကူးထုတ်လွှင့်ရန် အစီအစဉ်မရှိသေး ပါဘူး။ ဒါပေမယ့်လည်း မြန်မာ့အသံရေဒီယိုအစီအစဉ်ကနေ အခါအားလျော်စွာ ပြန်လည်ထုတ်လွှင့် ပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။
ဒါ့အပြင် ရုပ်မြင်သံကြားအစီအစဉ်များမှာ မဟာဂီတအစီအစဉ်ကဲ့သို့ ဂီတဆိုင်ရာ အသိပညာပေးမှုများကို သီချင်းသက်သက်ဖျော်ဖြေတာမဟုတ်ဘဲနဲ့ တတ်သိပညာရှင်များကနေ ပါဝင် ဆွေးနွေးပြီးတော့မှ ယနေ့ခေတ်ကာလနဲ့အညီ လိုက်လျောညီထွေထုတ်လုပ်ပြီး တင်ဆက်ပေးနိုင် အောင် ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ရုပ်မြင်သံကြားအစီအစဉ် များကို ယနေ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်က၊ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက ထုတ်လွှင့်ရာမှာ Channel တစ်ခုတည်းကပဲ Analog စနစ်အရ ကျွန်တော်တို့ ထုတ်လွှင့်လျက်ရှိပါတယ်။ အဲလို အစီအစဉ်ကြားထဲမှာ ယခု ကျွန်တော်တင်ပြခဲ့သလို များပြားလှတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်များကို ဖော်ညွှန်းတဲ့အစီအစဉ်များကို ထုတ်လွှင့်ပြသတင်ဆက်နေခြင်းကို ကြည့်ရှုခြင်းအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ဖော်ညွှန်းပြသနိုင် ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းလျက်ရှိကြောင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသွားတဲ့အတိုင်း၊ အကြံပြုသွားတဲ့အတိုင်း အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အမျိုးသားရေးလက္ခဏာများ ရေရှည်တည်တံ့ရေးအတွက် အရည်အသွေးမြင့်မားတဲ့ အစီအစဉ်များ ထပ်မံထုတ်လွှင့်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
