မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာမှာ ပေါက်မြို့နှင့် ၁၄ မိုင် အကွာတွင်ရှိပြီး ချောင်းကြီး၊ ချောင်းငယ်အသွယ်သွယ်ဖြင့် ပေါက်မြို့နှင့် သွားလာရေးခက်ခဲလျက်ရှိပါ တယ်။ ကိုင်းလယ်ကျေးရွာမှာ ပေါက်မြို့ကို ပခုက္ကူမြို့တို့နှင့် ဆက်သွယ်သွားလာနိုင်သည့် ကျေးရွာ တစ်ရွာဖြစ်သော်လည်း မိုးတွင်းကာလ ခြောက်လမှာ ယောချောင်းအပါအဝင် အခြားသဲချောင်းများ စွာတို့မှ ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်လူနာများ ပေါက်မြို့နှင့် ပခုက္ကူမြို့ ဆေးရုံများသို့ ပို့ဆောင်ကုသရန် ခက်ခဲနေသောကျေးရွာဖြစ်ပါတယ်။ ကိုင်းလယ်ကျေးရွာမှာ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲစခန်း၊ ရဲကင်းများတည်ရှိသလို ပညာရေးအတွက်လည်း အခြေခံပညာ အထက်တန်းကျောင်းများရှိပြီးလည်းွဖစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် တိုက်နယ်ဆေးရုံ အထူးလိုအပ်လျက်ရှိနေပါတယ်။ ဒါကြောင့် တိုက်နယ်ဆေးရုံရရှိပါက ဆေးရုံဆောက်လုပ်မည့် မြေနေရာအတွက် မြေ ၅.၆၈ ဧက အကျယ်အဝန်းရှိတဲ့ မြေနေရာများကိုလည်း ရရှိအောင်ဆောင် ရွက်ထားရှိပြီးဖြစ်ပါတယ်။ ကိုင်းလယ်ကျေးရွာမှာ တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်ရရှိပါက ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ကျေးရွာအုပ်စုပေါင်း ၁၄ အုပ်စုနှင့် ကျေးရွာပေါင်း ၄၄ ရွာမှ လူဦးရေစုစုပေါင်း ၃၁၆၁၅ ဦးခန့်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားနိုင်မှာွဖစ်ပါတယ်။ ဒါ့ကြောင့် ဒေသခံ ပြည်သူများမှ အထက်ပါကဲ့သို့ ရရှိနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပြုတင်ပြလျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူများမှ အဆိုပါတိုက်နယ်ဆေးရုံကြီးကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တည်ဆောက်ပေး လိမ့်မည်ဟုလည်း မျှော်လင့်နေလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများအတွက် အမှန်တကယ် လိုအပ်၍ မျှော်လင့်နေသော ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခွင့်ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိ ပါက မည်သည့်အချိန်တွင် ခွင့်ပြုချထားပေးမည်ကိုသိလို၍ မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ ၁၆ ခုတင်ဆံံ့ ဆေးရုံနှစ်ရုံခန့် ဆောင်ရွက်ခဲ့ပါတယ်။ ၎င်းဆေးရုံများမှာ ဇီးပြားတိုက်နယ် ဆေးရုံနှင့် ရေပြာတိုက်နယ်ဆေးရုံတို့ဖြစ်ပြီး ကျေးလက်ကျန်းမာရေးဌာနရှစ်ခု၊ တင်ပြပါ ကျေးလက် ကျန်းမာရေးရှစ်ခုမှာ (ဇီးပြား၊ ချောင်းကူး၊ ကိုင်းလယ်၊ နံ့သာ၊ ရေပြာနှင့် ကျောက်တိုက်ခင်၊ ထန်းတော၊ တံစူး)တို့ကိုဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ ယခုတင်ပြလာသော ကိုင်းလယ်ကျေးရွာတွင် လူဦးရေ ၂၄၁၁ ဦး၊ အိမ်ခြေ ၅၇၁ အိမ် ရှိပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် မကွေးတိုင်းဒေသကြီးမှ အောင်လံ၊ ဆိပ်ဖြူ၊ ထီးလင်းနှင့် မင်းလှမြို့နယ်များတွင် တိုက်နယ် ဆေးရုံများဖွင့်လှစ်ရန် လျာထားခဲ့ပြီးဖြစ်ပါတယ်။ သို့ရာတွင် ယခုတင်ပြချက်အရ ကိုင်းလယ်ကျေးရွာ ကိုလည်း တိုက်နယ်ဆေးရုံအတွက် ဖွင့်လှစ်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
