ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ အင်းလေးကန်အတွင်း တွင် နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားများ ပေါများလာခြင်း၊ ဒေသထွက် သီးနှံများ တင် ပို့ ရောင်းချခြင်း၊ ဈေးသွားဈေးပြန် သွားရေးလာရေးအတွက် စက်တပ်မော်တော် ယာဉ် များကို တီထွင်အသုံးပြုလျက်ရှိကြပါကြောင်း၊ ဈေးများတွင် လာရောက်သော မော်တော် ယာဉ် များကို ရေယာဉ်များကို ဌာနဆိုင်ရာများက တစ်နှစ် တစ်ကြိမ် လုပ်ငန်းသုံး၊ အိမ်သုံးရေယာဉ် ရေယာဉ်မှတ်ပုံတင်ကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ဒေ သ အတွင်း နေပြည်သူအချို့သည် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ အချို့နှစ်စဉ် အခွန်ဆောင် နေရခြင်းများရှိနေပါကြောင်း၊ ထိုကြောင့် ဒေသ အတွင်းရှိ ရေယာဉ် ပိုင်ရှင်များအားလုံး နစ်နာမှု မရှိအောင် နှစ်နှစ်တန်သည်၊ သုံးနှစ်တန် သည် ရေယာဉ်သက်တမ်းတိုးမြှင့်ပေးခြင်း၊ ရေယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ပေးခြင်း၊ လမ်းညွှန် ဆိုင်းဘုတ်များတပ်ဆင်ပေးခြင်း၊ ဥပဒေများ ညီညွတ်စွာ ထုတ် ပြန်ပေးခြင်း တို့ကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် စက်မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ် ရေယာဉ် ငယ်များအား စစ်ဆေး မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို အပ်နှင်းထားပြီး စက်မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ရေ ယာဉ်ငယ်များ စစ်ဆေး မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သော ညွှန်ကြားချက် အသေးစိတ်နှင့်အတူ စစ်ဆေး မှတ်ပုံတင်ခြင်းအတွက် ကောက်ခံရမည့်နှုန်းထားများ၊ အာမခံကြေးနှုှုန်းထားများ၊စက်တပ် ရေယာဉ် ငယ်များ ကနဦး မှတ်ပုံ တင်ခြင်းနှင့် နှစ် ပတ်လည်စစ်ဆေးခံရန် လျှောက်လွှာ ပုံစံ၊ စက်တပ်ရေယာဉ်ငယ် များ မှတ်ပုံတင်ရန် စစ်ဆေးချက်မှတ်တမ်း၊ စက်တပ် ရေယာဉ်ငယ် မှတ်ပုံတင် လက်မှတ်နှင့် မောင်းနှင် ခွင့် ယာယီပါမစ်ပုံစံများကို သတ်မှတ် ပေး ထားပါကြောင်း၊
၁-၁၁-၂၀၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပို့ဆောင်ရေးဝန်ကြီးဌာန အလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၀၈)၏ ဆုံးဖြတ်ချက်အရ ရေကြောင်း ပို့ဆောင် ရေးညွှန်ကြားမှုဦးစီး ဌာနက ဆောင်ရွက် လျက်ရှိသော ဝန်ဆောင်မှုများ အ တွက် ဝန်ဆောင်ခနှုန်းထား များကို ၂၄-၁၁-၂၀၀၈ ရက်စွဲပါ ရုံးတွင်းအမိန့်စာ အမှတ် ၁၀၅/၂၀၀၈ ဖြင့် ပြင်ဆင်သတ်မှတ် ကောက်ခံခဲ့ရာ စက်မြင်းကောင်ရေ ၂၀ ထက် မပ့ိုသော စက်တပ်ရေယာဉ်ငယ်များအတွက် တန်ချိန် ၁၀ တန်အောက်မှတ်ပုံတင်ခ မူလနှုန်းထား၂၂၅ ကျပ်၊ ပြောင်းလဲ သည့်နှုန်းထား ၁၀၀၀ကျပ်၊ စစ်ဆေးခ မူလနှုန်းထား ၁၄၀၊ ပြောင်းလဲ သည့်နှုန်းထား ၁၀၀၀ ကျပ်၊ ဝန်ဆောင်ခ မူလနှုန်းထား ၁၀၀ ကျပ် ပြောင်းလဲ သည့်နှုန်းထား ၂၀၀ ကျပ်နှင့် ၁၀ တန်မှ ၂၀ တန်ရေယာဉ်များအတွက် မှတ်ပုံတင်ခ မူလ ၂၂၅ ကျပ်မှ ပြောင်းလဲသည့်နှုန်းထား ၁၀၀၀ ကျပ်၊ စစ်ဆေးခ မူလ၂၈၀ ကျပ်မှ ပြောင်းလဲ သည့်နှုန်းထား ၂၀၀၀ ကျပ် ဝန်ဆောင်ခ မူလ ၂၀၀ ကျပ်မှ ပြောင်းလဲသည့်နှုန်းထား ၄၀၀ ကျပ်ဖြစ်ပါကြောင်း၊
စက်မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ရေယာဉ်ငယ်များသည် ရေယာဉ်သစ် ဖြစ်ပါက မှတ်ပုံတင်ခြင်း ကို ဆောင်ရွက်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသောရေယာဉ်များ အနေဖြင့် နှစ်ပတ်လည်စစ်ဆေးခံပြီး သက်တမ်း တိုးဆောင်ရွက်ရန် လိုအပ်ပါသည့် အပြင် မှတ်ပုံတင်ခနှင့် စစ်ဆေးခများကို ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့လည်း ကောင်း၊ အာမခံကြေးကို မြန်မာ့အာမခံလုပ်ငန်းသို့လည်းကောင်း၊ ဝန်ဆောင်ခကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့လည်းကောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် ပေးသွင်းရပြီး ၎င်းဌာနက ကျန်ဌာန များသို့ ခွဲဝေပေးသွင်းလျက်ရှိပါကြောင်း၊
ပြည်တွင်းသွား စက်တပ်ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေးအတွက် ဆိပ်ကမ်း တိုင်းတွင် ခရီးသည်နှင့်ကုန်များ ပိုမို တင်ဆောင်ခြင်းကို တားမြစ်သည့် ဆိုင်းဘုတ်များကို အများမြင်သာသည့် နေရာများတွင် စိုက်ထူထား ရန် ညွှန်ကြားချက် (၉/၉၀)ကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၇-၁၂-၁၉၉၀ ရက်စွဲပါ စာအမှတ်၊ အခရ/အင်ဒီ-အီးဒီ/၁၁၉၆ ဖြင့် ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဥပဒေပြုခြင်းအနေဖြင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယခင် ပြည် တွင်း ရေကြောင်းသွား မီးသင်္ဘောအက်ဥပဒေကို ပြည်တွင်းရေကြောင်း သွားရေယာဉ်များဥပဒေအဖြစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင် ရွက် လျက်ရှိပြီး အဆိုပါဥပဒေအရ နည်းဥပဒေများ ရေးဆွဲသည့်အခါတွင် စက်မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ရေ ယာဉ်ငယ်များအတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပြဋ္ဌာန်းပေး သွားမှာ ဖြစ်ပါကြောင်း၊
ထို့ကြောင့် မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ရေယာဉ်ငယ်များ၏ ရေယာဉ် မှတ်ပုံ တင်သက် တမ်းတိုးခြင်းကို နှစ်စဉ်သက်တမ်းတိုးရန် လိုအပ်လျက် ရှိပါ ကြောင်းနှင့် ရေယာဉ်များ အနေဖြင့် ယခု ထုတ်ပြန်ပြီးသော စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အပြင် စည်းကမ်းနှင့် မညီညွတ် မှုများကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက အရေးယူ ဆောင်ရွက် လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
