ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သည် မြန်မာပြည် အလယ်ပိုင်း၏ ကူးသန်းရောင်းဝယ် ဖောက်ကားရာတွင် အချက်အခြာကျသော ဒေသမြို့ကြီးတစ်မြို့ ဖြစ်ပါသည်။ ရန်ကုန်-
ပြည် မီးရထားလမ်းသည် ပဲခူးရိုးမ၏ အနောက်ပိုင်းတွင် တစ်ခုတည်းသော မီးရထားလမ်းဖြစ်ပြီး တိုးတက်လာသော လူဦးရေကြောင့် ရထားဖြင့် ခရီးသွားသော ခရီးသည်များ နေ့စဉ်နှင့် အမျှ တိုးတက် များပြား လာခဲ့ပါသည်။ သို့ရာတွင် ရန်ကုန်-ပြည် အမြန်ရထားသည် ရန်ကုန်မှ ပြည်သို့ တစ်နေ့လျှင် တစ်ကြိမ်သာ ပြေးဆွဲနေပါသည်။ ယခုအခါ ပြေးဆွဲနေသော ရထားတွင် ခရီးသည်နှင့် နေရာအခက်အခဲများ လွန်စွာမျှတခြင်း မရှိပါသဖြင့် ရန်ကုန်-ပြည် အမြန်ရထား ပြေးဆွဲ နေကျ တစ်ကြိမ်အစား အနည်းဆုံး တစ်နေ့ နှစ်ကြိမ် ပြေးဆွဲပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါသည်။
ဝန်ချိန် ချိတ်ဆွဲနိုင်မှုအရ နောက်ထပ်လူစီးတွဲ ၃ တွဲကို ကောင်းစွာ ချိတ်ဆွဲနိုင်သဖြင့် စုစုပေါင်းထိုင်ခုံ ၁၈၆ ခုံ ပါရှိမည့် ရိုးရိုးတန်း လူစီးတွဲ ၃ တွဲကို ထပ်မံချိတ်ဆွဲပေးမည်ဖြစ်ပါကြောင်းဖြေကြား
