(င)-ပင်လုံမြို့မှ ပန်မုန့်ကျေးရွာအုပ်စု နောင်ဟိုင်းရွာသွားလမ်း ဝမ်အင်ဘုန်းတော်ကြီးကျောင်းအထိ မြေသားလမ်း(၂)မိုင်ခန့်အား ကတ္တရာလမ်း သို့မဟုတ် ကျောက်အမာခံ ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့(၁၈.၁.၂၀၁၈)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့မှ ပန်မုန့် ကျေးရွာအုပ်စု၊ နောင်ဟိုင်းရွာ သွားလမ်း ဝမ်အင်ဘုန်းတော်ကြီးကျောင်းအထိ မြေသားလမ်းနှစ်မိုင်ခန့် အား ကတ္တရာလမ်း သို့မဟုတ် ကျောက်အမာခံ ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိလို ပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့မှ ပန်မုန့် ကျေးရွာအုပ်စု နောင်ဟိုင်းရွာသွားလမ်း ပင်လုံ-နောင်ဟိုင်း-ဝမ်အင် ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၅ ဖာလုံသည် ပင်လုံ-လွိုင်လင်လမ်းနှင့် ဆက်သွယ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လက်ရှိအခြေအနေမှာ အမာခံမြေသားလမ်းဖြစ်ပါကြောင်း၊  အဆိုပါ လွိုင်လင်မြို့နယ်၊ နောင်ဟိုင်းရွာသွားလမ်း ပင်လုံ-နောင်ဟိုင်း-ဝမ်အင် ကျေးရွာချင်း ဆက်လမ်းသည် လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းမကြီးများနှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် လမ်းတွင်ပါဝင် သဖြင့် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A)မှာပါဝင်သောလမ်းဖြစ်သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေမှာ ကျောက်ချောလမ်း ၁ မိုင် ၅ ဖာလုံ ဆောင်ရွက်ရန် ထည့်သွင်း လျာထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ရှမ်းပြည်နယ်အစိုးရ၏ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။