(ဂ)-ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်-ကျေးစာဥရွာချင်း ဆက်လမ်းနှင့်ကျေးစာဥ-မန်ကျီးကုန်း ရွာချင်းဆက် လမ်းအား ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးရန်အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့ (၉.၂.၂၀၁၅)

ဦးနိုင်ငံလင်း(ဒက္ခိဏသီရိ မဲဆန္နနယ်)ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်-ကျေးစာဥရွာချင်းဆက်လမ်းနှင့် ကျေးစာဥ-မန်ကျီးကုန်း ရွာချင်းဆက်လမ်းအပြင် ဒက္ခိဏသီရိမြို့နယ်များရှိ ရွာချင်းဆက်လမ်းများကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ဘတ်ဂျက်လည်းပြန်ပါလာသော်လည်း ယနေ့အထိ ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ယှဉ်ပြိုင်ပြီး တစ်ကြောင်းထိုးလမ်းကို တွေ့ရကြောင်း၊ ထို့နောက် တခြားလမ်းများကို ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် လမ်းပြုပြင်ပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊  သို့သော် ဒိုးနွယ်-ကျေးရွာဥ ရွာချင်းဆက်လမ်းနှင့် ကျေးစာဥ-မန်ကျီးကုန်း ရွာချင်းဆက်လမ်း များသည် မြေသားလမ်းဖြစ်သည့်အတွက် မိုးတွင်း၌် သွားလာရေးခက်ခဲပါကြောင်း၊  ကျန်းမာရေးကိစ္စနှင့် အရေးပေါ်ကိစ္စများတွင် လမ်းအခက်အခဲကြောင့် ပြည်သူလူထု အသက်ဆုံးသည်အထိ ဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် အထက်ဖော်ပြပါ ကျေးရွာချင်းဆက်လမ်းများကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပါလာပါသဖြင့် အမှန်တကယ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးကံချွန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နေပြည်တော်ကောင်စီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ့နွမ်းပါးမှုလျော့ချရေး စီမံချက်နှင့်အညီ နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်အတွင်းရှိ ရပ်ကွက် ၅၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၇ အုပ်စု၊ ကျေးရွာ ၇၉၆ ရွာတို့အား အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်-ကျေးစာဥ ရွာချင်းဆက်လမ်းနှင့် ကျေးစာဥ-မန်ကျီးကုန်း ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် ပြုပြင်ဆောင်ရွက်ပေးရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။