(ဇ)-ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲ အ တွက်မြေနေရာနှင့်အဆောက်အအုံရရှိရေးစီစဉ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၅ ) ရက်မြောက်နေ့ (၇.၇.၂၀၁၄)

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ဟာ ယခင်က မငြိမ်းချမ်းသောဒေသ၊ ဖွံ့ဖြိုးမှုနောက်ကျ ခဲ့သောဒေသ တစ်ခုဖြစ်သော်လည်း ယခုငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးဒေသတစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ဘဏ်လုပ်ငန်းများသည်လည်း မဖြစ်မနေတိုးချဲ့ဆောင်ရွက်ရမည်ဟု ထင်မြင်ယူဆပါကြောင်း၊ ဆီဆိုင်မြို့နယ် ငွေတိုက်ခွဲကို ၁-၁၀-၁၉၉၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဧည့်ရိပ်သာ အောက်ထပ်တွင် ယနေ့တိုင် ငှားရမ်းဖွင့်လှစ်နေရပါကြောင်း၊ ၁-၄-၂၀၁၂ မှာ ငွေတိုက်ခွဲအဆင့်မှ မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းများသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကာ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ ယခင်ထက် အဆင်ပြေနေကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတကာမှဘဏ်များ ဝင်ရောက်ဖွင့်လှစ်ရန် အရှိန်အဟုန်ပြင်းလာချိန်တွင် ဆီဆိုင်မြို့နယ် ငွေတိုက်ခွဲမှ မြို့နယ်ဘဏ်ခွဲသို့ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ၁၉ နှစ်ကြာမြင့်လာခဲ့သော်လည်း ဌာနပိုင်မြေနှင့် အဆောက်အဦ မရှိသေးကြောင်း တွေ့ရှိနေရပါသဖြင့် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသ၊ ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအတွက် မြေနေရာနှင့် အဆောက်အဦရရှိရေး စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်း
အဖြေ

ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲသည်အတွက် သီးသန့်ရုံးမရှိသေးသည့်အတွက် မြေနေရာလျှောက်ထားပြီး ရှာဖွေပြီး သင့်တော်သောမြေနေရာ ရရှိပါက လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတောင်းခံပြီး တည်ဆောက်ပေးသွားမည် ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။