ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် သစ်များ သယ်ဆောင် သွား သည်ကို မြင်တွေ့ နေ ရသည်မှာ ဥပဒေမဲ့သယ် ယူခြင်းဖြစ်ပါက တိုင်းပြည်အတွက်များစွာနစ်နာမည်ကို စိုးရိမ်ရကြောင်း၊ သစ်မှောင်ခို သယ်ဆောင်ခြင်းနှင့် ပတ်သက်၍ သယ်ပို့နေသော သစ်ကားများသည် အကျင့် ပျက်ဝန်ထမ်းတချို့နှင့် ပူးပေါင်း ပြီး ဥပဒေမဲ့သယ်နေကြပါကြောင်း၊ သစ်သယ် ယူခြင်းကို တာဝန်ခံပေးသော မှောင်ခိုသမားများနှင့် အကျင့်ပျက် ဝန်ထမ်းအချို့ ပူးပေါင်း၍ ဘေးပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်ဘဲပေါ်လွင်စွာ ငွေအပေး အယူလုပ်နေ သည်ကို တွေ့ရသည့် ပြည်သူများ၏ လာရောက် တိုင်ကြားမှု များရှိပါကြောင်း၊ ဥပမာ ၉-၉-၂၀၁၃ ရက်နေ့က ကျောက်မဲတိုးဂိတ်နှင့် သီပေါတိုးဂိတ်များတွင် အကျင့်ပျက်ဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ လာဘ်ထိုးငွေများ ကို သီပေါတိုးဂိတ်အလွန်တွင် ပြောင်ပြောင်တင်းတင်းပင် အပေး အယူ လုပ်နေကြသည် ကို ပြည်သူလူထုက တိုင်ကြားလာပါကြောင်း။
ယခု ပွင့်လင်းရာသီတွင် ဥပဒေမဲ့သယ်ဆောင်ခြင်းကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ကြမည်ဖြစ်ရာ လစဉ် ကားအစီး ၁၀၀နှင့် ၂၀၀ ကြားထိ ရှိနိုင်ပြီး နောင်ချိုမြို့နယ်မှ လားရှိုးမြို့နယ် တန့်ယန်းလမ်းခွဲ အထိ သတင်း ဆက် သွယ်ရေးကောင်းမွန်သော အခွင့်အရေးကိုအသုံးချပြီး အကျင့်ပျက်ဝန်ထမ်းအချို့နှင့် ပူးပေါင်ကာ ဥပဒေမဲ့ သယ်ဆောင်ကြမည်ဖြစ်သည့်အတွက် အချိန်ပြည့်ကြပ်မတ်နိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကောင်းမွန် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သောအဖွဲ့ ဖွဲ့ပြီး ဥပဒေနှင့် အညီ တင်ပို့/မပို့ကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးအပေါ် သစ်များသယ်ယူ ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ဖြစ်နိုင် ခြေ ၅ ခု ရှိနိုင်ပါကြောင်း၊ ဖမ်းဆီးရမိသော သစ်များအနက် အရည်အသွေးကောင်းမွန်သောသစ်များကို လပ်ပုံ ထိုင်ပြီး နိုင် ငံခြားငွေဖြင့် Open Tender ရောင်းချနိုင်ရန်အတွက် ရန်ကုန်သို့ သယ်ယူခြင်းနှင့် ပြည်တွင်းသုံး အဆင့်အတန်းရှိသစ်များကို လပ်ပုံထိုင်ပြီး ပြည် တွင်းငွေဖြင့် ရောင်းချပြီး လိုအပ်သည့်နေရာသို့ သယ်ယူခြင်းများ၊ တင်ဒါအောင်မြင်ပြီး သစ်များကို နယ်စပ်မှတရားဝင်တင်ပို့ခွင့်ရရှိသော ကုမ္ပဏီ၊ လုပ်ငန်းရှင်များ က သစ်များကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ခြင်း၊ ရှမ်းပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တရားဝင်ရောင်း ချ ပေး ထားသော သစ်ခွဲသားများကို သယ်ယူခြင်းနှင့် သစ်လုံးများကို သစ်ဆိပ်အသီးသီးမှ သစ်စက်များသို့ခွဲစိတ်ရန် သယ်ယူပို့ဆောင်ခြင်းများဖြစ်နိုင်ပါကြောင်း၊
ထို့ပြင် တရားမဝင်သစ်များ သယ်ဆောင်လာသည့်ကားများလည်း ဖြစ်နိုင်ပါကြောင်း၊ တရားမဝင်သစ်များကို သယ်ဆောင်ရာတွင် ပထဝီအငိုက်၊ လူ့အငိုက် လျှို့ဝှက်စွာဆောင်ရွက်ရခြင်းကြောင့် အလွယ်တကူသိရှိရန် ခက်ခဲ ပါကြောင်း၊ အကျင့်ပျက်ဝန်ထမ်းများကိုလည်း ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်ပြီးထိရောက်စွာ အရေးယူဆောင် ရွက်သွားမည် ဖြစ်သည့်အပြင် တရားဝင်သစ်လုံး၊ သစ်ခွဲသားများ သယ်ဆောင်ရာတွင် စနစ်တကျရှိစေရန် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ ပြဋ္ဌာန်းထားရှိ ပြီးဖြစ်ပါကြောင်း၊ ဖမ်းဆီးရသည့်သစ်များကို လက်ပုံထိုင်၍ Open Tenderဖြင့် ရောင်းချမည့်သစ်များကို သယ်ယူရန်အတွက် သစ်တောဥပဒေ ပုဒ်မ ၂၃၊ သစ်တောနည်းဥပဒေပုဒ်မ ၅၈ တို့အရ ပြည်နယ်/တိုင်းကျော် သယ်ယူခွင့်အမိန့်များကို ထုတ်ပြန်ပေးပါကြောင်း။
တရားဝင်ကုန်ပစ္စည်းများတင်ပို့ရန် အဓိကဆိပ်ကမ်းကြီးဖြစ်သော ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့ခြင်းမှအပ နယ်စပ် ဖြတ်ကျော်ပြီး ပြည်ပသို့ တရားဝင်သစ်များ တင်ပို့်ရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိရန်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ နယ်စပ်ဖြတ်ကျော် တင်ပို့ခွင့် ပို့ကုန် လိုင်စင်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ကို ပူးတွဲ လျှောက်ထားရပါကြောင်း၊ ပြည်ပတင်ပို့ခွင့် လိုင်စင်ရရှိပါက သစ်များတင်ပို့မှုကို စိစစ်ကြပ်မတ်ရန်အတွက် ရှမ်းပြည်နယ်အစိုးရမှ သစ်တော ဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ အကောက်ခွန်ဦးစီးဌာန၊ လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များပါဝင်သော စစ်ဆေးရေး အဖွဲ့ကို တရားဝင်ဖွဲ့စည်းပြီး ထိုအဖွဲ့၏ အတည်ပြုချက်ဖြင့် သယ်ယူပို့ဆောင်ခွင့်ပြုခြင်း ဖြစ်သည့် အပြင် ထိုကဲ့သို့စစ်ဆေးအတည်ပြုရာတွင်လည်း ပို့ကုန်လိုင်စင်ပါ အချက်အလက်များနှင့် ညီညွတ်မှုရှိ/မရှိနှင့် ကိုက်ညီမှု မရှိပါက သစ်များကို သယ်ယူရွှေ့ပြောင်းခွင့်မရှိပါကြောင်းနှင့် ထိုကဲ့သို့အမြဲတစေ စိစစ်တိုက်ဆိုင် စစ်ဆေးလျက် ရှိပါကြောင်း။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရောင်းချပေးထားသောသစ်ခွဲသားများကို သယ်ယူရန်အတွက် သစ်တော ဥပဒေပုဒ်မ ၂၃ နှင့် နည်းဥပဒေ ၅၈ တို့အရ သစ်တောဦးစီးဌာနမှ စစ်ဆေး၍ မျှောစာထုတ်ပေးပြီး ပြည်နယ် အတွင်း သယ်ယူခွင့်ပြုပါကြောင်း၊ ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သောသစ်ခွဲသားများရရှိရန် သစ်စက်များသို့ ပို့ရာတွင်လည်း မြန်မာ့သစ်လုပ်ငန်း ကားတိုက်ဖြတ်ပိုင်း/ပြေစာများဖြင့် သယ်ယူခွင့်ပြုပါကြောင်း၊
နယ်စပ်ဖြတ်ကျော် သစ်တင်ပို့မှုတွင် ပါဝင်ဆောင်ရွက်ရသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် မြန်မာ့သစ်လုပ်ငန်းမှ သစ်လုံး၊ သစ်ခွဲသားများ ပို့ကုန်လိုင်စင်လျှောက်ထားမှုကို တင်ပြလာသည့်အခါ Invoice တွင် ပါဝင်သော အမျိုးအစား၊ အရေအတွက်၊ ဈေးနှုန်းများအရ စိစစ်၍လည်းကောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီများမှ သစ်ခွဲသားများ ပို့ကုန်လိုင်စင်လျှောက်ထားမှုကို သစ်တောဦးစီးဌာန၏ တရားဝင် သစ်တောထွက်ပစ္စည်းမှန်ကန်ကြောင်း ထောက်ခံချက် မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း၏ ဈေးနှုန်း စိစစ် ထောက်ခံချက်များဖြင့် စိစစ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်လိုင်စင်များကို ထုတ်ပေးခွင့်ပြု ပေး လျက် ရှိသည့်အပြင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းကာ ယင်းကော်မတီမှ နယ်စပ်ထွက်ပေါက်လမ်းများတွင် Mobile Team များကို ဖွဲ့စည်း၍ တရားမဝင်ကုန်သွယ်မှုများကို တားဆီး နှိမ်နှင်းလျက်ရှိပါကြောင်း၊ Mobile Team များတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများမှ ကိုယ်စားလှယ် များစသည့် ပြည်သူလူထုကိုယ်စားပြု ပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ Mobile Team ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲပြီး တရားမဝင်ကုန်သွယ်မှုများကို စိစစ်ရှာဖွေတားဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီး များကို အသုံးပြု၍ သစ်လုံး သစ်ခွဲသားများ သယ်ယူပို့ဆောင်ရာတွင် ဥပဒေနှင့်အညီ စိစစ်ပြီး တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ မဖြစ်ပေါ်စေရန် ဆက်စပ်ဌာနများ၊ ပြည်သူလူထုကိုယ်စားပြုအဖွဲ့များ ပါဝင် သော အဖွဲ့များဖြင့် စနစ်တကျစစ်ဆေးလျက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန် လည် ဖြေကြားပါသည်။
