ကွင်းအမှတ် ၂၀၉ (က)၊ (ခ)၊ ၂၁၀ (က)၊ (ခ)၊ ၂၁၂ (ဃ) ယာမြေများ ယာမြေများသည် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က မြေယာဝေချမ်းရေး စနစ်အရ တရားဝင်လုပ်ပိုင်ခွင့်ရခဲ့သည့်များ မြေပါကြောင်း၊ နှစ်စဉ်မြေခွန် များလည်း စည်းကြပ်ပေးဆောင်ခဲ့ကြသည့် အထောက်အထားအပြည့်အစုံကိုလည်း တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ ထိုသို့ တရားဝင်လုပ်ကိုင်ပိုင်ဆိုင်ခဲ့သောယာမြေများကို တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ သစ်တောကြေးတိုင် ပုံစံ-၁ဖြင် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နေ့စွဲပါ သစ်တောရေးရာ ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာအမှတ် (၆၇/၂၀၀၈) အရ ရွှေသာလျောင်းကြိုးပြင်ကာကွယ်တော ဖွဲ့စည်း တည်ထောင် ကြောင်းနှင့် ကြေညာ ချက်၏ နောက်ဆုံးစာပိုဒ် ၄ တွင် အထက်တွင် သတ်မှတ်ဖော်ပြထားသည့်မြေပေါ်တွင် သို့မဟုတ် သစ်တောထွက်ပစ္စည်းပေါ်တွင် စိတ်ဝင်စားသူများသည် ဆိုင်ရာဆိုင်ခွင့်ရရှိရေးအတွက် အရေးဆိုခြင်း သို့မဟုတ် တောင်ယာစိုက်ပျိုးလုပ်ကိုင်ခွင့် ရရန်အတွက် အရေးဆိုခြင်း စသည်တို့ကို ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ စာဖြင့်သော် လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း တင်သွင်းလျှောက်ထား ရမည်ဟူ၍ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး မန္တလေးတိုင်း သစ်တောဦးစီးဌာနက လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါကြောင်း၊ သို့သော် ကြေညာချက်ကို အသိမ်းခံရသည့် တောင်သူ ၃၀ ဦးလုံးကို အသိပေးခဲ့ခြင်း လုံးဝမရှိခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေ စုံစမ်းရေးကော်မရှင် ပေါ်ပေါက်လာပြီး တိုင်ကြား တင်ပြမှသာ ၂၀၁၄ ခုနှစ် မတ်လတွင် တောသူ လက်ဝယ်သို့ ကြေညာချက်ရောက်ရှိခဲ့ပါကြောင်းနှင့် ကြေညာချက်၏ အပိုဒ် ၁ နယ်နိမိတ်တည်နေရာသတ်မှတ်တွင်လည်း တောင်သူ ၃၀ ဦး လုပ်ကိုင်နေသော ၄၃.၁၁ ဧက ရှိ ယာမြေများ မပါရှိုသည်ကို သိရှိရပါကြောင်း၊
ထို့သို့ အုပ်ချုပ်တဲ့အဖွဲ့အစည်းအဆင့်၏ ပေါ့လျော့မှုများကြောင့် တောင်သူများ၏စိုက်ပျိုးခွင့်များ ဆုံးရှုံးခဲ့ရသည်သာမက နိုင်ငံတော် အတွက်လည်း အင်မတန်နစ်နာပါကြောင်း၊ ကြိုးပြင်ကာကွယ်တောကို ဖွဲ့စည်း တည်ထောင်ကြောင်း ကြေညာချက်ထုတ်ခဲ့သော်လည်း စိတ်လန်းစိုးပြည်ရေးအတွက် မည့်သည့်အပင်မျှ စိုက်ပျိုးထားခြင်းမရှိသည်ကို တွေရှိရသည့်အပြင် တောင်သူကိုလည်း စိုက်ပျိုးမခံသည့် အတွက် တောင်သူများအနေနှင့် စိုက်ပျိုးခွင့်များ ဆုံးရှုံးခြင်း၊ နိုင်ငံတော်မှ နစ်နာရခြင်းများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် မူလပိုင်ရှင်တောင် သူများကို ပြန်လည်လုပ်ပိုင်ခွင့် ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းတွင်ပါဝင်သော ကွင်းအမှတ် ၂၀၉ (က)၊ (ခ) ဧရိယာသည် ရွှေသာလျောင်း ကြိုးပြင်ကာကွယ်တော ဧရိယာနှင့် ရွှေသာလျောင်းတောင်စိမ်းလန်းစိုပြည်ရေး သစ်ပင် စိုက်ပျိုးရေးဇုန်အတွင်းမှာ ကျရောက်ခြင်းမရှိဘဲနှင့် မြင်စိုင်းတိုးချဲ့ကွက်သစ်ဧရိယာအတွင်း ကျရောက် ပါကြောင်း၊ တိုင်စာပါ စာရင်းများအရ လူ ၃၀ လက်မှတ်ရေးထိုးထားသော အသေးစိတ် စာရင်းတွင်လည်း ကွင်းအမှတ် (၂၀၉ ) ပါရှိခြင်း မရှိပါကြောင်း၊ ကွင်းအမှတ် ၂၁၀၊ ၂၁၂ များသည် ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းစဉ်တွင် ပါဝင်ခြင်းမရှိသော်လည်း ၁၉၉၈ ခုနှစ် ရွှေသာလျောင်းတောင် အထူးစိမ်းလန်းစိုပြေရေး နယ်မြေဖွဲ့စည်းစဉ်က ပါရှိခဲ့ခြင်းဖြစ်ပါကြောင်း၊
တောင်သူ ၃၀ ဦး၏ အသနားခံတင်ပြစာတွင်ပါဝင်သော ကွင်းအမှတ် ၂၁၀ (က)၊ (ခ)၊ ၂၁၂သည် ၁၉၉၈-၁၉၉၉ ခုနှစ်မတိုင်မီက တောင်သူများအနေဖြင့် မိုးနှမ်း၊ ပဲတီစိမ်း၊ နွားစားပြောင်းစိုက်ပျိုးကြပြီး မိုးနည်းသည့်နှစ်များတွင် လှပ်မြေအဖြစ်ထားရှိကြောင်းနှင့် လွန်ခဲ့သည့် ၁၅ နှစ်ခန့်အထိသာ စိုက်ပျိုးခဲ့ သည်ကို ပတ္တာကျေးရွာ အုပ်ချုပ်ရေးမှူး၏ တင်ပြချက်အရ သိရှိရပြီး၊ ၂၀၁၁-၁၂ နောက်ပိုင်းတွင် မြေခွန်စည်းကြပ်ခြင်း မရှိခဲ့သည်ကို လည်းတွေ့ ရှိရပါကြောင်း၊
၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် ကွင်းအမှတ် ၂၁၀ (က)၊ (ခ)နှင့် ၂၁၂ အတွင်းတွင် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ၁/၉၈ တောင်တန်းစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၁၀၀ ဧက၊ ၂/၉၈ သုတေသန စိုက်ခင်း ၁၀ ဧက၊ ၅/၂၀၀၃ အခြားစိုက်ခင်း ၃၀၊ ၄/၂၀၀၆ တောင်တန်း စိမ်းလန်း စိုပြည်ရေးစိုက်ခင်း ဧက ၅ ဧက၊ ၂/၂၀၀၇ စိုက်ခင်းဧက ၅ ဧက၊ ၁/၂၀၀၈ တောင်တန်းစိမ်းလန်း စိုပြည်ရေးဧက ၂၅ ဧကနှင့် ၂၀၁၂-၁၃ တွင် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း အပင် ၁၀၀၀၊ ၂၀၁၃-၁၄ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၂၀၀၀၊ ပတ္တာ အရှေ့ ကျေးရွာပိုင်စိုက်ခင်း (၁) ဧက၊ မြင်းစိုင်းအနောက်ကျေးရွာပိုင် စိုက်ခင်း (၁) ဧက တည်ထောင်ထား ရှိပါကြောင်း၊ အဆိုပါစိုက်ခင်းများကို ရွှေသာလျောင်းတောင် စိမ်းလန်းစိပြည်ရေးအတွက် သစ်တော ဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ဘုရားဂေါပကအဖွဲ့တို့မှ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပူပိုင်းဒေသတွင် ခံနိုင်ရည်ရှိသော စိမ်းလန်း စိုပြည်မှုရှိတဲ့ တမာ၊ မြန်မာရှား၊ ယူကလစ်၊ ဆီနီဂေါရှား စသည့်အပင်များကို စိုက်ပျိုးခဲ့ပြီး ယခုအခါ အမြင့်ပေ ၂၅ ပေမှ ပေ ၃၀ အထိ ရှင်သန်လျက်ရှိပါကြောင်း၊
မိမိတို့အနေဖြင့် သက်ဆိုင်ရာ တိုင်းဗိုလ်မှူး၊ ခရိုင်၊ မြို့နယ်အဆင့်များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ဒေသခံပြည်သူ များအတွက် အမှန်တကယ် လိုအပ်မည်ဆိုပါက သစ်တောမြေများကိုပင် အလေးထားပယ်ဖျက်ပေးနေပါကြောင်း၊ သစ်ပင်များကို အမှန် စိုက်ပျိုးခဲ့ခြင်း မရှိပါသည်မှာ မှန်ကန်ပါက မိမိတို့အနေဖြင့် အချိန်မရွေး စွန့်လွှတ်ပေးရန် ရှိပါကြောင်း၊ အထက်ပါနေရာ များသည် ရွှေသာလျောင်းတောင်၏ တောင်ခြေဆင်ခြေလျှောတစ်လျှောကတွင် တည်ရှိပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့ အဆက်ဆက်က ရွှေသာလျောင်းတောင် အထူး စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ အလေးထားဆောင်ရွက်ခဲ့ပြီး သစ်တောထိန်းသိမ်းကာကွယ်ရေး အထူးဇုန်အဖြစ် သတ်မှတ် ဆောင်ရွက် လျက် ရှိပါသဖြင့် ပြန်လည်ပေး အပ်ခြင်း မပြုနိုင်ပါကြောင်း၊
သို့ဖြစ်ပါ၍ တောင်သူ ၃၀ ဦးတင်ပြထားသည့် မြေနေရာသည် ရွှေသာလျောင်းတောင် ကြိုးပြင် ကာကွယ်တောအတွင်း မကျရောက်သော်လည်း ရွှေသားလျောင်းတောင်၏ တောင်ခြေဆင်ခြေလျှော တစ်လျှောက် ကျောက်စရစ်မြေသားနေရာများဖြစ်ခြင်း၊ လွန်ခဲ့သော ၁၅ နှစ်ကတည်းက တောင်သူများ သီးနှံဆက်လက်စိုက်ပျိုးခြင်းမရှိသောမြေနေရာများဖြစ်ခြင်း၊ ၂၀၁၁-၁၂ ခုနှစ် နောက်ပိုင်းတွင် လည်း မြေခွန်စည်းကြပ်မှုမရှိတော့ခြင်း၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု နှင့် ရွှေသာလျောင်းတောင် အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်း၊ စိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများနဲ့ သစ်တောသစ်ပင်များ ထူထပ်စွာပေါက်ရောက်လျက်ရှိခြင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သစ်တောထိန်းသိမ်းကာကွယ်ရေး အထူးဇုန်အဖြစ်သတ်မှတ်ပြီး ရွှေသာလျောင်း တောင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် သက်ဆိုင်ရာ စိုက်ပျိုး လုပ်ကိုင်ခွင့် ပြန်လည်နေရာချထားပေးရန် အစီအစဉ် မဖြစ်နိုင်ပါကြောင်း၊
ကျောက်ဆည်မြို့နယ်၊ ဘော်တောင်ဒေသ ကွင်းအမှတ် (၁၂၇/ဃ/င/စ တိုးချဲ့(ဝါ)မဲကွင်း)နှင့် ပတ်သက်၍လည်း ရဒါန်းချောင်းဆုံ(မြောက်) ကြိုးဝိုင်း အတွင်းကျရောက်သော ယာမြေ ၂၇၈၅.၅ ဧကကို သက်ဆိုင်ရာ ဒေသခံပြည်သူများအတွက် သီးနှံ သစ်တောရောနှောသစ်တောစိုက်ခင်း ဆက်လက် ထူထောင်ခွင့်ကိုလည်း ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးကို ပတ်ဝန်းကျင်အခြေအနေလိုအပ်ချက်၊ ရာသီဥတုညီညွတ်မျှတရေးများအပေါ် အလေးထားဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ထိုသို့ ခွင့်မပြုနိုင်ခြင်းဖြစ်ပါကြောင်းနှင့် နစ်နာခဲ့သည်ဆိုပါက မြေယာ ရရှိရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ပေးသွားနိုင်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
