လွှတ်တော်မှ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုအပေါ်တွင် တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုတွေရရန်အတွက် ပြည်ထောင်စုလွှတ်တော်၏ နှစ်စဉ်အသုံး စရိတ်များ ခွင့်ပြုပေးနေပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်များ ဘဏ္ဍာရေးနှစ် အလိုက် ခွဲဝေရရှိမှုအပေါ် ပြန်လည်တင်ပြရမည်ဆိုပါက ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ် တွင် ပြုပြင်ပြီးခန့်မှန်းခြေပေါင်း ၂၀.၄ ရှိပြီး ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံပေါင်း ၅၇.၁ သာရှိခဲ့ရာမှ လွှတ်တော်ပေါ်ပေါက်လာပြီးနောက် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ပြီး ခန့်မှန်းကျပ်ဘီလီယံပေါင်း ၇၈.၄၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၉၂၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ၄၀၀.၇၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံပေါင်း ၅၂၈.၅နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် ပြုပြင် ပြီး ခန့်မှန်းွခေအသုံးစရိတ် ကျပ်ဘီလီယံပေါင်း ၇၀၈.၉ အထိ နှစ်စဉ်တိုးမြှင့်ခွင့်ပြုငွေ ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ခွင့်ပြုငွေချပေးခဲ့ခြင်းအပေါ် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင် ရာဦးစီးဌာနများအလိုက် လိုအပ်ချက်များအပေါ်မူတည်ပြီး ခွဲဝေချထား ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့်နေရာတွင် အဓိကလုပ်ငန်းကြီးလေးခုဖြစ်သော ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်း ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ၊ ရောဂါကုသရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက်၊ ဘဏ္ဍာရေးနှစ် အလိုက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုကို သိရှိလိုပါကြောင်းမေမြန်းပါသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင်၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ကျန်းမာရေးအသုံးစရိတ်များကို ပြည်ပအကူအညီ အပါအဝင်ခွဲဝေသုံးစွဲမှုနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုယ်စား မိမိအနေဖြင့် ပြန်လည်ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်အနေဖြင့် ကျပ်သန်းပေါင်း ၂၂၀၉၂.၂၀၉ သန်းကို သုံးစွဲ ခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၅၄၉၁၅.၉၀၈ သန်းကိုသုံးစွဲခဲ့သည့်အတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၇၇၀၀(၈.၁၁၇) သန်းကို သုံးစွဲခဲ့ပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်အနေဖြင့် ကျပ်သန်းပေါင်း ၆၆၀၀(၇၃၀.၄၇၆)ကို သုံးစွဲခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၅၀၀(၂၇၈.၃၁၀) သန်းကို သုံးစွဲခဲ့ရာ စုစုပေါင်း ၉၂၀၈.၇၈၆ သန်းကို လည်းကောင်း၊ ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် သာမန်အသုံးစရိတ်ငွေ ကျပ်သန်းပေါင်း ၁၀၈၀၉၁.၅၉၅ ကို တိုးချဲ့သုံးစွဲခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၂၀၀၆၀၀၂၈.၄၃ ကိုသုံးစွဲခဲ့ရာ စုစုပေါင်း ကျပ်သန်းပေါင်း ၄၀၀၇၁၉.၆၃၈သန်းကို လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်၌ ကျပ်သန်းပေါင်း ၃၀၈၀၀၀၃၇.၂၆၄ ကိုသုံးစွဲခဲ့ပြီး ငွေလုံး ငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၂၀၀၀၅၃၆.၅၉၃ ကိုသုံးစွဲပြီး ကျပ်သန်းပေါင်း ၅၀၂၈၀၀ ၅၇၃.၈၅၇သန်းကို လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သာမန်အသုံး စရိတ်ငွေ ကျပ်သန်းပေါင်း ၃၈၂၂၀၀၇၇.၆၅၉ ကိုသုံးစွဲခဲ့ပြီး ငွေလုံးငွေရင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၀၂၄၆၆.၉၃၀ကို လည်းကောင်း သုံးစွဲခဲ့ပါကြောင်း၊ ထို့ကြောင့် စုစုပေါင်း သာမန်အသုံးစရိတ် များအနေဖြင့် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် စုစုပေါင်းအသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၉၅၉၂၂၉.၂၀၃ သန်းရှိပြီး ငွေလုံးငွေရင်းတွင် ကျပ်သန်းပေါင်း ၇၉၁၈၂၅.၇၈၄ သန်းရှိခဲ့ပါကြောင်း၊ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ကျန်းမာရေး အသုံးစရိတ် ပြည်ပ အကူအညီအပါအဝင် သုံးစွဲခဲ့မှုများမှာ ဘီလီယံပေါင်း ၁၇၅၁.၀၅၅ ဘီလီယံဖြစ် ကြောင်း ပြန်လည်ဖြေကြားပါသည်။
