စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးအုပ်စုရှိ သိကြားစက်တောင်ရွာ(ခ)ရွှေစု ကျေးရွာ အုပ်စုတွင် သကြားစက်မြောက်ရွာ ကျေးရွာနှစ်ရွာ၏ အိမ်ခြေစုစုပေါင်း ၂၈၅ အိမ်၊ လူဦးရေ ၁၀၀၀ ကျော် ၁၃၀၀ ရှိပြီး စုန်းချောင်းကျေးလက်ကျန်းမာရေးဌာန၊ စည်လှောင်ကျေးလက် ကျန်းမာရေးဌာနခွဲတို့နှင့် (၅) မိုင်စီ ကွာဝေးပြီး မိုးတွင်းတွင် သွားလာရေးခက်ခဲသည်ကို မိမိတို့သိရှိရပါကြောင်း၊ ကျန်းမာရေး မကောင်းသည့် ဝေဒနာရှင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကလေးမီးဖွားရာ၌ ခရီးဝေးကွာသောကြောင့် အချိန်ကြန့်ကြာပြီး တစ်ခါတစ်ရံ မလိုလား အပ်သောဖြစ်ရပ် များနှင့် တွေ့ကြုံနေ ရပါကြောင်း သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုပါရန် တင်ပြ ထားသည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သိကြားစက်တောင်ရွာ တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လိုအပ်သော သားဖွားဆရာမတစ်ဦးနှင့် ကြီးကြပ်(၂)တစ်ဦး တို့ကို အဆောက်အဦဆောက်လုပ်ဆဲ ကာလတွင် ဒေသခံကျေးရွာပြည်သူများမှ နေထိုင်ရန်နှင့် ဆေးခန်း ဖွင့်လှစ်ရန် ယာယီအဆောက်အဦ စီစဉ်ပေးနိုင်မည်ဆိုပါက ခန့်ထားပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးအုပ်စုရှိ သိကြားစက်တောင်ရွာ(ခ)ရွှေစု ကျေးရွာ အုပ်စုတွင် သကြားစက်မြောက်ရွာ ကျေးရွာနှစ်ရွာ၏ အိမ်ခြေစုစုပေါင်း ၂၈၅ အိမ်၊ လူဦးရေ ၁၀၀၀ ကျော် ၁၃၀၀ ရှိပြီး စုန်းချောင်းကျေးလက်ကျန်းမာရေးဌာန၊ စည်လှောင်ကျေးလက် ကျန်းမာရေးဌာနခွဲတို့နှင့် (၅) မိုင်စီ ကွာဝေးပြီး မိုးတွင်းတွင် သွားလာရေးခက်ခဲသည်ကို မိမိတို့သိရှိရပါကြောင်း၊ ကျန်းမာရေး မကောင်းသည့် ဝေဒနာရှင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကလေးမီးဖွားရာ၌ ခရီးဝေးကွာသောကြောင့် အချိန်ကြန့်ကြာပြီး တစ်ခါတစ်ရံ မလိုလား အပ်သောဖြစ်ရပ်များနှင့် တွေ့ကြုံနေရပါကြောင်း သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုပါရန် တင်ပြထားသည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သိကြားစက်တောင်ရွာ တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ် ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လိုအပ်သော သားဖွားဆရာမတစ်ဦးနှင့် ကြီးကြပ်(၂)တစ်ဦး တို့ကို အဆောက် အဦဆောက်လုပ်ဆဲ ကာလတွင် ဒေသခံကျေးရွာပြည်သူများမှ နေထိုင်ရန်နှင့် ဆေးခန်း ဖွင့်လှစ်ရန် ယာယီ အဆောက်အဦ စီစဉ်ပေးနိုင်မည်ဆိုပါက ခန့်ထားပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
