မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အခန်း(၆) ပုဒ်မ ၄၀ ပုဒ်မခွဲ(ခ)တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်း ဆိုင်ရာ မူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ဗဟိုဘဏ်၏ ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ကတည်းကပင် စတင်အသက်ဝင်ခဲ့ပြီ ဖြစ်သော်လည်း နည်းဥပဒေထုတ်ပြန်နိုင်ခြင်း မရှိသည်ကို ယနေ့တိုင် တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ အစရှိသည့် ဒေသများတွင် အရောင်းအဝယ် ဆောင်ရွက်နေကြသော ငွေကြေးဈေးကွက်သည် တရားဝင်မဟုတ်ဘဲ ဝယ်လုပ်အားနှင့် ရောင်းလုပ်အားအပေါ် ဈေးကစားနိုင်သူများ၏ အချင်းချင်းသတ်မှတ်ချက်ပေါ် မူတည်ပြီး ပြည်တွင်းဈေးကွက်နှုန်းထားနှင့် တူညီမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုင်းနယ်စပ်ချင်းပင် တစ်နေရာနှင့် တစ်နေရာ တူညီမှု မရှိပါကြောင်း၊ မဲဆောက်၊ မြဝတီနယ်စပ်တွင် မြန်မာငွေ ကျပ်တစ်ရာကို ထိုင်းဘတ် ၂၃ ဘတ်ဖြစ်နေသော်လည်း မိမိတို့ မယ်စဲ့အခွန်ရုံး ငွေလှည့်လှယ်နှုန်းသည် ကျပ်တစ်ရာကို ၂၅ ဘတ် ဖြစ်ပေါ်နေပါကြောင်း၊ ထို့အပြင် မိမိတို့ဘက်မှ ကုန်သည်က ထိုင်းဘတ်ငွေကို လိုချင်လျှင် ဈေးက တစ်မျိုး၊ ထိုင်းဘတ်ရောင်းချင်လျှင် ဈေးကတစ်မျိုး အလိမ်ခံရောင်း ဝယ်နေကြရပါကြောင်း။
သို့ဖြစ်ပါ၍ (က) မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိတဲ့ နယ်စပ်ဒေသများတွင် သက်ဆိုင်ရာ နိုင်ငံရှိ ဗဟိုဘဏ်တို့နှင့် MOU ရေးထိုးဆောင်ရွက်ခြင်းမှ နိုင်ငံခြား ငွေကြေးရောင်းဝယ်ရေးဘဏ်များ ဖွင့်လှစ်ပေးမည့်အစီအစဉ်ရှိ/မရှိနှင့် (ခ) နယ်စပ်ဒေသများတွင် Hondy လုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်ပါရန်နှင့် Physical Cash သယ်ဆောင်ရောင်းဝယ် ခြင်းလျော့ပါးစေရန် စီမံဆောင်ရွက်ထားရှိခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
မြန်မာကျပ်ငွေ တွင်ကျယ်စွာ သုံးနိုင်ရန်နှင့် ကျပ်ငွေ လွယ်လွယ်ကူကူလဲ လှယ်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီ အားလုံးပေါင်း ၇၂၇ ခုကို (Money Changer License) ငွေလဲလိုင်စင်များ ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ Money Changer License ရထားသော ဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီများက မြန်မာနိုင်ငံတွင် (Money Changer Counter) ငွေလဲကောင်တာများ ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတွင်လည်း ငွေလဲကောင်တာများ အားလုံးပေါင်း ၁၅ ခုနှင့် ငွေလဲလှယ်ရေးလုပ်ငန်းများ၊ ရောင်းဝယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထိုငွေလဲကောင်တာများတွင် US ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာများအပြင် မလေးရှားရင်းဂစ်နှင့် ထိုင်းဘတ်ငွေများကို တရားဝင် လဲလှယ်ခွင့်ကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပေးထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နယ်စပ်ဒေသများတွင် တစ်ဖက်နိုင်ငံရှိ ငွေကြေးနှင့် မြန်မာကျပ်ငွေကို တရားဝင် လဲလှယ်ရောင်းဝယ်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ်ဒေသများတွင် အနှိမ်ခံရသော ငွေကြေးလဲလှယ်မှုအမျိုးမျိုး ကြုံရသည့် ပြဿနာများ မဖြစ်စေရန် မြန်မာကျပ်ငွေနှင့် တစ်ဖက်နိုင်ငံရှိ ငွေကြေးနှစ်ခုအကြားတွင် တရားဝင်ငွေလဲလှယ်နိုင်ရန် လိုအပ်သည်ကို တွေ့ရပါကြောင်း၊ ဗဟိုဘဏ် တစ်ခုနှင့် တစ်ခုကြားမှာ MOU ထိုးစရာမလိုသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဗဟိုဘဏ်တစ်ခုနှင့် တစ်ခုကြား MOU ရေးထိုးရန် လိုအပ်သည့်အချိန်မှာ ဥပမာအားဖြင့် မြန်မာကျပ်ငွေနှင့်သော်လည်းကောင်း သို့မဟုတ် တစ်ဖက်နိုင်ငံ ငွေကြေးနှင့်သော်လည်းကောင်း ကုန်သွယ်မှုများ ပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံဘဏ်၊ ပြည်တွင်းဘဏ်များမှ နေပြီး တစ်ဖက်နိုင်ငံရှိ ဘဏ်များတွင် တစ်ဖက်နိုင်ငံငွေကြေးနှင့် Nostro Account များကို ဖွင့်ရပါကြောင်း၊ တစ်ချိန်တည်းမှာပင် တစ်ဖက်နိုင်ငံရှိ ဘဏ်များက မြန်မာနိုင်ငံပြည်တွင်းဘဏ်များတွင် ၎င်းတို့၏ Vostro Account များကို မြန်မာကျပ်ငွေနှင့် ဖွင့်ပြီး ဆောင်ရွက်လေ့ရှိပါကြောင်း၊ ယင်းအချိန်တွင် တစ်ဖက်နိုင်ငံငွေကြေးနှင့် ကုန်သွယ်မှုများ များသည့်အခါ ပြည်တွင်းဘဏ်များ၏ တစ်ဖက်နိုင်ငံရှိ Nostro Account များတွင် တစ်ဖက်နိုင်ငံ ငွေကြေးရှားပါးမှု (Liquidity Shortage) မျိုးဖြစ်လာနိုင်ပါကြောင်း၊ မြန်မာငွေကြေးနှင့် ကုန်သွယ်မှုတွေ များလာသည့်အခါ တစ်ဖက်နိုင်ငံရှိ ဘဏ်က မြန်မာနိုင်ငံရှိ Vostro Account များတွင် မြန်မာကျပ်ငွေရှားပါးမှု (Liquidity Shortage) များ ဖြစ်လာနိုင်ပါကြောင်း။ ထိုသို့ ဖြစ်လာပါက ပြည်တွင်းဘဏ်များက မြန်မာနိုင်ငံဗဟိုဘဏ်မှ တစ်ဖက်နိုင်ငံငွေကြေးကို လွယ်ကူစွာချေးယူပြီး တစ်ဖက်နိုင်ငံရှိ ၎င်းတို့၏ Nostro Account များတွင် ဖြည့်တင်းပေးနိုငရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် တခြားနိုင်ငံဗဟို ဘဏ်များနှင့် MOU ထိုးသည့်ပုံစံမျိုး မိမိတို့ ခေါ်သည်မှာ Currency Soft Agreement ကဲ့သို့ ပုံစံမျိုးများ ထိုးရပါကြောင်း၊ သို့သော် အခုကိစ္စသည် နယ်စပ်ဒေသများတွင် အနှိမ်ခံရသည့် ငွေကြေးလဲလှယ်မှု အမျိုးမျိုး မဖြစ်စေရန်အတွက် မြန်မာကျပ်ငွေကြေးနှင့် တစ်ဖက်နိုင်ငံရှိ ငွေကြေးနှင့် တရားဝင် လဲလှယ်ရောင်းဝယ်နိုင်ရန်သာ လိုအပ်သည်ကို တွေ့ရှိရသည့် အတွက် ဗဟိုဘဏ်အချင်းချင်း MOU ထိုးစရာ မလိုသလို နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဘဏ်များလည်း ဖွင့်လှစ်စရာမလိုပါကြောင်း။
Hondy ခေါ် Hawalar လုပ်ငန်းများသည် တရားမဝင် ငွေလွှဲသည့် လုပ်ငန်းများဖြစ်သည့်အတွက် နိုင်ငံတကာတွင် Hondy လုပ်ငန်းများ မပြုလုပ်ရန် အမြောက်အမြား တားမြစ်ထားတာကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း Hondy လုပ်ငန်းများကို အားမပေးဘဲ ဘဏ်များမှတစ်ဆင့်သာ တရားဝင်ငွေလဲလှယ်နိုင်ရန်၊ အားပေးရန် သင့်ပါကြောင်း၊ ဘဏ်များမှ တစ်ဆင့် ငွေလဲလှယ်မှုပြုလုပ်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်ခွဲများကို အရေအတွက်များစွာ ဖွင့်ပေးနိုင်ရန် ခွင့်ပြုထားပြီးဖြစ်သကဲ့သို့ ဆက်လက်၍ ခွင့်ပြုထား၊ ခွင့်ပြုနေလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်တွင်းဘဏ်များ၊ ဘဏ်ခွဲများကနေပြီး ပြည်ပဘဏ်ခွဲများနှင့် Nostro Account, Vostro Account များဖွင့်ပြီး ကုန်သွယ်မှုများကို တရားဝင်ဘဏ်တွေကတစ်ဆင့် လုပ်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နယ်စပ်ဒေသများကို ငွေလွှဲသည့်အခါတွင်လည်း ဘဏ်များကတစ်ဆင့် ငွေလွှဲခြင်း၊ နောင်ကျပါက Mobile Payment က တစ်ဆင့် ငွေလွှဲခြင်းများကိုလည်း မြန်မာနိုင်ငံဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု အချိန်တွင် ဘဏ်ခွဲပေါင်း ၁၀၀ ကျော်မှာ နိုင်ငံတကာဘဏ်လုပ်ငန်းလိုင်စင်ကို ဆက်လက်ပြီး နိုင်ငံတကာဘဏ်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိပါကြောင်း။
တရားဝင်ကုန်သွယ်မှု ပြုလုပ်ချိန်တွင် Physical Dollar Cash ကို သယ်သွားစရာမလိုပါကြောင်း၊ တရားဝင်ကုန်သွယ်မှုပြုလုပ်သည့်အခါ ပြည်တွင်းဘဏ်နှင့် ပြည်ပဘဏ်နှစ်ခုကြားတွင် Lettle of Credit ဆိုသည့် LC များဖွင့်ခြင်း၊ Telet Transfer ဆိုသည့် TT များ လွှဲပို့ခြင်းနှင့် တရားဝင်ကုန်သွယ်မှုလုပ်ငန်းကို လုပ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် တစ်ဖက်နိုင်ငံငွေကြေးနှင့် တရားဝင်ကုန်သွယ်မှုပြုသည့်အခါ မြန်မာနိုင်ငံရှိ ဘဏ်ခွဲအချို့က တစ်ဖက်နိုင်ငံရှိ ဘဏ်များတွင် Nostro Account များဖွင့်ပြီး Online Internet Banking System များ နှင့် ကုန်သွယ်ရေးများကိုလည်း တရားဝင်ပြုလုပ်လျက်ရှိသည့်အတွက် တရားဝင်ကုန်သွယ်မှု ပြုလုပ်သည့်အခါ Dollar Cash ကို သယ်ဆောင်သွားစရာ မလိုပါကြောင်း၊ နိုင်ငံတကာငွေလွှဲအနေဖြင့် နိုင်ငံတကာငွေလွှဲများကို ဘဏ်ကနေပြီး တရားဝင် လုပ်ဆောင်နိုင်ပြီဖြစ်ပါကြောင်း၊ Western Union, Money Gram, Money express စသည့် နိုင်ငံတကာ ငွေလွှဲလုပ်ငန်းကြီးများက ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းပြီး နိုင်ငံတကာငွေလွှဲ လုပ်ငန်းများကို လုပ်ခဲ့၊ လုပ်နေလျက်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများက တရားဝင် US Dollar ပေါင်း ၄၉၉ သန်းကျော်ကို လွှဲပို့ပြီးသားဖြစ်ပါကြောင်း၊ ထို့နောက် နိုင်ငံတကာငွေလွှဲ လုပ်ငန်းများအားလုံး အဆင်ပြေရန် မြန်မာနိုင်ငံပြည်တွင်းဘဏ်များကလည်း ပြည်ပနိုင်ငံများတွင် အထူးသဖြင့် ASEAN နိုင်ငံများတွင် သွားရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် ATM Machine များ ဥပမာအားဖြင့် မြန်မာအလုပ်သမားများ အများဆုံးရှိနေသော ထိုင်းနိုင်ငံ၊ ဆမော့ဆခွန်၊ မဟာချိုင်ကဲ့သို့ နေရာမျိုးတွင် ထိုင်းဘဏ်များ၏ ATM Machine များ တော်တော်များများတွင် မြန်မာဘာသာစကားများ ထည့်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထိုင်းနိုင်ငံ ATM Machine ကတစ်ဆင့် ထိုင်းဘဏ်များတွင် ငွေစာရင်း Account ဖွင့်စရာလုံးဝမလိုဘဲ ATM Machine များမှ တစ်ဆင့် မြန်မာနိုင်ငံကို ငွေလွှဲပို့၍ ရနေပြီဖြစ်ပါကြောင်း။
နောင်တစ်ချိန်တွင် ပြည်တွင်း၌သုံးသော Mobile Payment အပြင် နိုင်ငံဖြတ်ကျော်သော Cross -Border Mobile Payment များကိုလည်း အားလုံးပြုလုပ်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကနေပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကျော်ခိုင်ဝင်း (မယ်စဲ့) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေပြဋ္ဌာန်းပြီးပါက ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေ ပြဋ္ဌာန်းရမည်ဆိုသော်လည်း ဗဟိုဘဏ်သည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်း ခံထားရသည်ကို နားလည်ပါကြာင်း၊ ထို့ကြောင့် ဗဟိုဘဏ်၏ နည်းဥပဒေသည် မည်သည့်အတွက်ကြောင့် အဘယ်ကြောင့်ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည်ကို သိရှိလိုပါကြောင်း ထက်ဆင့်မေးမြန်းပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်
မြန်မာနိုင်ငံသည် Common Law ကို ကျင့်သုံးသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် အမြဲတမ်းလိုလို မိမိတို့က ဥပဒေပြီးပါက နည်းဥပဒေ လာရမည်ဆိုပြီး ထင်မှတ်ထားတာတွေရှိပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပတ်သက်သည့် ဗဟိုဘဏ်ဥပဒေအပြင် အခြားဥပဒေများကို နိုင်ငံတကာ ကမ္ဘာ့ဘဏ်လိုမျိုး၊ နောက် ADB ၊ IMF ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းကြီးများက Legal Consultant ကဲ့သို့ အားလုံးနှင့် ဆွေးနွေးပြီး ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ Common Law များ ကျင့်သုံးသည့် နိုင်ငံများတွင် ဥပဒေပြီးပါက နည်းဥပဒေလာရမည်ဆိုသည့်စနစ် မရှိကြောင်းကိုလည်း နိုင်ငံတကာဥပဒေပညာရှင်များက မိမိတို့ကို ထောက်ပြထားခြင်းရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Law ပြီးပါက Rule မလာဘဲ Regulation များနှင့် Enforcement ကိုရအောင် ယူသွားနိုင်သည်ဆို၍ နိုင်ငံတကာဥပဒေပညာရှင်များက Common Law များတွင် ယခု ပုံစံမျိုး ကျင့်သုံးနိုင်သည်ဆိုပြီး ပြောသည့်အတွက် မိမိတို့အနေဖြင့် နည်းဥပဒေမထုတ်ဘဲ Regulation ဆိုသည့် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေကို Enforcement ရအောင်ယူထားခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။