(ဃ)-ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်မြို့၊ကွင်းအမှတ် (၁၅၀)၊ဦးပိုင်အမှတ် (၂၆က/၁၉)၊မြေကွက်အမှတ် (၁)နှင့် မြေကွက်အမှတ် (၂)၊ စုစုပေါင်း (ဝ.၂၀)ဧ ကအားပြန်လည်စိစစ်ပြီး ပြည်သူပိုင်မြေအဖြစ် လွှဲပြောင်းပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၆.၁၀.၂၀၁၇)

daw khin hinn thit၁၀-၈-၁၉၈၂ နေ့တွင် ဥသျှစ်ပင်ကျေးရွာ ကွက်သစ်အဖြစ် မြေကွက်ချထားပေးစဉ် ဥသျှစ်ပင်စည်ပင် သာယာဈေးနှင့် ကွက်သစ်(၁)ကြား အများပြည်သူသောက်သုံးရန် ရေကန်နှစ်ကန်နှင့် ရေကန်နှစ်ခု ကြားရှိ မြေကွက်အား ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ သို့မဟုတ် ရပ်ရွာခန်းမတည် ဆောက်ရန် ချန်လှပ်ခဲ့ သော မြေကွက်ဖြစ်ပါကြောင်း၊ အများပိုင်အသုံးပြုရန် ထားခဲ့သော်လည်း မြို့နယ်မြေစာရင်းရုံး တွင် တရားဝင်ဖြစ် အောင် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ၂၇-၁၂-၂၀၁၂ နေ့တွင် ဥသျှစ်ပင်ဒေသရှိ ဦးသန်းထွန်းပါ ၁၅ ဦးမှ တစ်ကြိမ်၊ ရပ်ရွာပြည်သူ ၈၉ ဦးမှ တစ်ကြိမ်၊ မြို့ရွာအတွက် ချန်လှပ် ထားသည့်မြေအား ပြန်လည်ရရှိလိုကြောင်း တင်ပြခဲ့ကြပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ပြည်သူအများ ပိုင်မြေကွက်ဖြစ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၊ ကွင်းအမှတ်(၁၅၀)၊ ဦးပိုင်အမှတ် (၂၆က/၁၉)၊ မြေကွက်အမှတ်(၁) ဧရိယာဧက (ဝ.၁၀)ဧက၊ စုစုပေါင်းဧက (ဝ.၂၀)ရှိ မြေအား တရားဝင်မြေအဖြစ် ပြန်လည်စိစစ်ပြီး ပြည်သူအများပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

genl aung soeပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ကွင်းအမှတ် (၁၅၀)၊ ဦးပိုင်အမှတ်(၂၆က/၁၉)၊ မြေကွက်အမှတ်(၁) မြေဧရိယာ(ဝ.၁၀)ဧကနှင့် မြေကွက် အမှတ်(၂) မြေဧရိယာ(ဝ.၁၀)ဧက စုစုပေါင်း (ဝ.၂)ဧကရှိသည့် မြေနေရာများသည် ၁၉၈၂ ခုနှစ်တွင် ပန်းတောင်းမြို့နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့မှ ဥသျှစ်ပင်ကွက်သစ်အဖြစ် မြေကွက်ချထားပေးစဉ် ကျန်ရှိခဲ့သည့်မြေနေရာဖြစ်သည်ဟု သိရှိရပါ ကြောင်း၊ ထိုသို့ကျန်ရှိခဲ့သည့်မြေနေရာကို ပဲခူးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ၏ လမ်းညွှန်ချက်အရ ဖွဲ့စည်းခဲ့သော ပန်းတောင်းမြို့နယ် အိမ်ခြံမြေကွက်နေရာ ချထားရေး အဖွဲ့မှ ၅-၃-၂၀၁၀ ရက်နေ့တွင် ပုဂ္ဂိုလ်သုံးဦးကို ၃၅ ပေ x ၇၅ ပေရှိသည့် မြေကွက်သုံးကွက် ပိုင်းခြား ထားပြီး အိမ်ကွက်အဖြစ် ချထားပေးခဲ့ပြီး ၎င်းတို့မှတစ်ဆင့် ဦးမြင့်ဌေးှမှ ဝယ်ယူထားတသည့် မြေကွက်ဖြစ်ပါကြောင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ကွင်းအမှတ်(၁၅၀) ဦးပိုင်အမှတ် (၂၆က /၁၉)မှာ ရှိသည့် မြေကွက်အမှတ်(၁)နှင့် (၂)တို့သည် လူနေထိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် မြေယာချထားရေးအဖွဲ့မှ ချထားပေးခဲ့ သည့်မြေယာဖြစ်ပြီး ယခင်ကတည်းက အများပြည်သူပိုင်မြေ နေရာအဖြစ် သတ်မှတ်ပေးထားခြင်း မရှိသည့်အတွက် အများပြည်သူပိုင်မြေနေရာအဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။