(က)-ပုတီးကုန်း-ကာသိမ်ကာ-သမုတ်ထောင် လမ်းကို ကျောက်ချော လမ်းခင်းပေးရန်၊ သမုတ်ထောင်- ကွင်းကြီးလမ်းနှင့် ကွင်းကြီး-ပန်းတင်လမ်းကို မြေနီ လမ်း ခင်းပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၇.၂၀၁၃)

ဦးတင်ထွေး (အုတ်ဖို)သဲကုန်းမြို့နယ်အတွင်းရှိ ပုတီး ကုန်း၊ ကာသိမ်ကာ၊ ကွင်းကြီး၊ ကမုတ်ထောင်၊ ပန်းတင်၊ သဲကုန်းမြို့များသို့ ကျေးရွာချင်းဆက်မြေသား လမ်းများရှိပြီး အများစုဟာ ကျေးရွာနေ ပြည်သူများ စုဆောင်းပြီး မြေနီခင်းပြီး သွားလာနေကြရပါကြောင်း၊ ယခုအခါမှာ နိုင်ငံတော် အစီအစဉ် အနေဖြင့်သော်လည်းကောင်း၊ ကျေးရွာနေပြည်သူများရဲ့ ထိန်းသိမ်းပါဝင်မှုတို့ဖြင့်  လမ်းများ အဆင့်မြင့်ကောင်း မွန်အောင် ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍

  • ပုတီးကုန်း-ကာသိမ်ကာ-ကမုတ်ထောင် လမ်းကို ကျောက်ချောလမ်းအဖြစ်လည်းကောင်း၊
  • သမုတ်ထောင်-ကွင်းကြီးလမ်းကို မြေသားလမ်း၊ မြေနီလမ်းအဖြစ်သို့လည်းကောင်း၊
  • ကွင်းကြီး-ပန်းတင်လမ်းကို မြေသားမြေနီလမ်းအဖြစ်လည်းကောင်း ဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြပါသည်။ 

          [သဲကုန်းမဲဆန္ဒနယ် ဦးစိုးအောင် ကိုယ်စား အုတ်ဖိုမဲဆန္ဒနယ် ဦးတင်ထွေး မေးမြန်းပါသည်။]


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန