(ဂ)-စေတုတ္တရာမြို့နယ်၊မုံညှင်းကျေးရွာမှကြီးအုံကြီး၀ တမံလမ်းသို့ နွေ၊မိုး၊ဆောင်းသွားလာနိုင်သည့် မြေ သားလမ်းဖောက်လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ (၃၀.၁.၂၀၁၇)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မုန်ညှင်းကျေးရွာသည် စေတုတ္တရာမြို့၏ အရှေ့တောင်ဘက် ၁၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၆၅၂ ဦးရှိပါကြောင်း၊ ကြီးအုံကြီးဝတမံ ရေမြုပ်ဧရိယာတွင် ပါဝင်သည့် အတွက် ရွှေ့ပြောင်းခဲ့ရသည့်ရွာပေါင်း ၁၈ ရွာအနက် တစ်ရွာအပါအဝင်ဖြစ်ပါကြောင်း၊ လယ်ယာမြေ များ နစ်မြုပ်ပြီး ၂၀၀၆ ခုနှစ်တွင် (၂)မိုင်ခန့်ဝေးသောရွာသစ်သို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊ ရွာသစ် သ့ို ပြောင်းရွှေ့ခဲ့ရသည့်အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်တွင် အလွန်ခက်ခဲပါကြောင်း၊ မုန်ညှင်းကျေးရွာမှ ကြီးအုံကြီးဝတမံ ကံရွာလမ်းခွဲသို့သွားရန် ခြောက် မိုင်ခွဲခန့် ကွာဝေးပြီး နွေဥတုတွင်သွားလာရာခက်ပြီး မိုးတွင်းအခါ လုံးဝသွားမရသည့် တောင် ဇောင်း ခြောက်ကမ်းပါးလမ်း ဖြစ်ပါကြောင်း၊ အရေးပေါ်ကျန်းမာရေး ကိစ္စများတွင် သွားလာရေး ခက်ခဲသည့် အတွက် မုန်ညှင်းကျေးရွာမှ ကြီးအုံကြီးဝတမံ ကံရွာလမ်းခွဲသို့ ရာသီမရွေးသွားလာ နိုင်သည့် မြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ဒုတိယဝန်ကြီးမကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နယ်အတွင်းရှိ မုန်ညှင်းကျေးရွာမှ ကြီးအုံ-ကြီးဝတမံလမ်းသ့ို စေတုတ္တရာမြို့နယ် ၊ ပွင့်ဖြူမြို့နယ်တို့နှင့် (၃)မိုင်စီကွာဝေးပြီး အရှည် (၆)မိုင်ရှိသော လှည်းလမ်း ဖြစ် ပါ ကြောင်း၊ ကျေးရွာပေါင်း သုံးရွာ၊ အိမ်ခြေ ၃၃၈ ရှိပြီး လူဦးရေ ၁၃၉၅ ဦး တို့ မှီခိုသွားလာနေရသည့် လမ်းဖြစ်ပါကြောင်း၊မိုးရာသီတွင် သွားလာရန်ခက်ခဲပြီး တောင်ပြိုခြင်းများဖြစ်ပေါ်လေ့ရှိသည့်အတွက် ၎င်းလမ်းကို ၁၈ ပေအကျယ် မြေသားလမ်းဖောက်လုပ် ဆောင်ရွက်မည်ဆိုပါက  ငွေ ၁၀၄.၂၂ ကျပ် သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်မည်ဆိုပါက ငွေကျပ် ၃၇၆. ၄၄ သန်း ၊စုစုပေါင်းငွေကျပ် ၄၈၀.၆၆ သန်း ကုန်ကျမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၉၅၁၆.၂၀၅ သန်းနှင့် ကွန်ကရစ်လမ်း ၂ မိုင်၊ ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၃၉ မိုင် ၆ ဖာလုံ၊ ဂဝံ/မြေနီလမ်း ၄၅ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၈၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ၂၁ စင်း၊ သစ်သားတံတား ၁၂ စင်း၊ ရေကျော် ၄၅ စင်းနှင့် ရေပြွန် ၃၇ စင်းတို့ကို ဆောင်ရွက်ပေးရန် လျာထားပါကြောင်း၊ စေတုတ္တရာမြို့နယ်တွင်  ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၃၂၆.၃၁၇ သန်းဖြင့် မြေသားလမ်း ၁၇ မိုင် ၆ ဖာလုံနှင့် ရေကျော်သုံးစင်း တို့ကို လျာထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ကျေးလက်လမ်း၊တံတားလုပ်ငန်းများ နှင့်ပတ်သက်ပြီး ပြည်ထောင်စုအဆင့်တွင် လမ်းအမျိုးအစားနှင့် လမ်းအဆင့်သတ်မှတ်ခြင်း၊စံချိန်စံညွှန်းများသတ်မှတ်ခြင်းနှင့် လမ်းနယ်နိမိတ် သတ်မှတ် ခြင်းများကို  ဒေသန္တရ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို တင်ပြပြီး အတည်ပြုချက် ရယူပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ စ၍ လမ်း၊တံတား လုပ်ငန်းများအတွက် ဘဏ္ဍာငွေ လျာထားသည့်အခါ ဗဟိုကော်မတီမှ အတည်ပြုထားသည့် စံချိန်စံညွှန်းများ၏ စံနှုန်းအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊အာရှဖွံ့ဖြိုးရေးဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် National Strategy for Rural Roads and Access နှင့် ပတ်သက်ပြီး ပထမမူကြမ်းလည်း ရေးဆွဲပြီးဖြစ်ပါကြောင်း၊  အဆိုပါမူကြမ်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စပြီး ပြည်နယ်/တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးပြီး အကြံဉာဏ်များရယူသွားမည် ဖြစ်ပါကြောင်း၊ ၎င်းအစီအစဉ်အရ လမ်း၊ တံတားလုပ်ငန်းများအတွက် ရင်းနှီး မြှုပ်နှံမှုစီမံကိန်း (Investment Plan) များ တစ်ပါတည်းပါလာမည်ဖြစ်သည့်အတွက် ၎င်းအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စေတုတ္တရာမြို့နယ်အတွင်းရှိ မိုးညှင်းကျေးရွာမှ ကြီးအုံကြီးဝလမ်း၊ တံတားသို့ ဆက်သွယ်သည့်လမ်းကို  ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ ယခုနှစ်ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသည့် အတွက် နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီး၏  ဦးစားပေး လျာထားချက်ပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။