(ဈ)-ပုဏ္ဏားကျွန်းမြို့နှင့်ကင်းချောင်းတစ်ဖက်ကမ်းရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအားဆက် သွယ် ထားသော သစ်သားကြိုးတံတားကို ကွန်က ရစ်တံတားအဖြစ်တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့မှ ရေလမ်း ၁၆ မိုင်၊ ကားလမ်း မိုင် ၂၀ ဝေးသည့် ပြည်ထောင်စုကားလမ်းပေါ်ရှိ သောမြို့ဖြစ်ပါကြောင်း၊ဦးဦးထွန်းမောင် (ပုဏ္ဏားကျွန်း)မြို့၏ တောင်ဘက်တွင် ကမ်းချောင်း ရှိပါ ကြောင်း၊ ချောင်းတစ်ဖက် တွင် ရခိုင်ပြည်နယ်၏ ဉာဏ်တော်အကြီးဆုံးနှင့် အထွတ်အမြတ်စေတီ အဖြစ် ထင်ရှားသည့် ဦးရာဇ်တောင်ဓာတ်စေတီတော်မြတ်ကြီး နှင့် ပုဏ္ဏားကျွန်းစက်မှုဇုန် လည်း ရှိပါကြောင်း၊ ရွာပေါင်း ၁၄ ရွာ၏ ရွာချင်းဆက်လမ်းတံတားလည်း ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများ ၊ ကမ္ဘာလှည်‌့ခရီးသည်များ၊ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဘုရားဖူးပြည်သူတွေ မြို့သူမြို့သားများသည် ၎င်းကြိုးတံတားကို ဖြတ်ကျော်ပြီးမှ ဘုရားဖူးရပါကြောင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအတွက် အမြဲသွားလာနေကြရပါကြောင်း၊ အလျားပေ ၃၅၀ ရှိသည့် ၎င်းကြိုးတံတားသည် ၂၅ နှစ် ကြာမြင့်‌ပြီဖြစ်သဖြင့်ဟောင်းနွမ်းပြီး အန္တရာယ်ရှိသည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါ ကြောင်း၊  တစ်ချိန်ချိန်တွင် ကြိုးတံတား ပြိုကျပြီး လူအများ၏ အသက်များဆုံးရှုံးသွားနိုင်ပါသဖြင့်  လူအများ၏ အသက်အန္တရာယ် ကို ခြိမ်းခြောက်လျက်ရှိသည့် ၎င်းကြိုးတံတားအစား ကွန်ကရစ်တံတား အဖြစ် အမြန်ဆုံးတည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးထွန်းဝင်း
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းပုဏ္ဏားကျွန်းမြို့နယ် နှင့် ကျင်းချောင်းတစ်ဘက်ကမ်းရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်အား ဆက်သွယ်ထားသော သစ်သားကြိုးတံတားသည် ၁၉၉၄ ခုနှစ်မှစတင်ပြီး့ ၁၉၉၆ ခုနှစ်အထိ ပြည်သူ လူထုထည်‌့ဝင်ငွေ ကျပ် ၃.၈ သန်းဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့သော တံတားတစ်စင်း ဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်  ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၂၅.၀ သန်းဖြင့် ဂစ္စဝရီကြိုင် ကုမ္ပဏီမှ ဆောင်ရွက်ခဲ့တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သော်လည်း  သာမန်ခရီးသွားများအတွက်  အဆင်ပြေပြီး  ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ နှစ်ဘီးဆိုင်ကယ် များသွားလာ၍ မရပါ ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက်ပိုင်းတွင် ကျေးရွာ ၁၆ ရွာ၊ လူဦးရေ ၁၂၇၂၆ ဦးရှိပြီး ၎င်းကျေးရွာများသို့ ၁၈ ပေအကျယ် ကျေးရွာဆက်လမ်း ဖောက်လုပ်ထားသော်လည်း ၎င်းလမ်း ပေါ်တွင်တည်ရှိသော ကြိုးတံတားပေါ်မှ ယာဉ်များဖြတ်သန်း၍ မရသဖြင့် မြို့နှင့်ကျေးလက်သယ်ယူ ပို့ဆောင်ရေး အခက်အခဲရှိပါသောကြောင့် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်ပါ ကြောင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြထားပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကင်းချောင်း တစ်ဖက်ကမ်းရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်အား ဆက်သွယ်ထားသော သစ်သားကြိုးတံတား အား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပြီးပါက ကျေးလက်နေပြည်သူများအတွက် သယ်ယူ ပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည့် အပြင် စက်မှုဇုန်ဖြစ်ပေါ်လာပါက ဒေသ၏ ကုန်ထုတ်လမ်းအဖြစ် အသုံးပြုလာနိုင်မည်ဖြစ်ပါကြောင်း၊ ကွန်ကရစ်တံတားတည်ဆောက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများအား ကွင်းဆင်းစိစစ်စေပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ရန်ပုံငွေတွင် လျာထား တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုငွေရရှိမှုအပေါ်မူတည်ပြီး အချိန်နှင့်တစ်ပြေးညီ တည်ဆောက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိ သဖြင့် လောလောဆယ်တွင် ကွန်ကရစ်တံတား တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် တစ်ခုလုံး၏ လမ်းတံတားများအတွက် ခွင်‌့ပြုငွေကျပ် ၄၁၄၂.၈၉၂ သန်းဖြင့် လျာထားပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ တိုးတက်ရေးဦးစီးဌာနမှ ပုဏ္ဏားကျွန်းမြို့နယ် တစ်မြို့နယ်လုံးအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေရန်ပုံငွေကျပ် ၁၃၂ သန်းဖြင့် လျာထားပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကင်းချောင်းတစ်ဘက်ကမ်းရှိ ဦးရာဇ်တော် ဓါတ်စေတီတော်မြတ်အား ဆက်သွယ်ထားသော  ကြိုးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပါက အရှည် ၃၀၀ ပေအထက် တံတားကြီးဖြစ်ပါသဖြင့် အသေးစိတ်ကွင်းဆင်းပြီးတော့ Soil Test ပြုလုပ်ပြီးတော့ နည်းပညာ ကျွမ်းကျင်သည်‌့ အင်ဂျင်နီယာများမှ Structure Design တွက်ချက်ရေးဆွဲရန် လိုအပ်မည် ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနအနေဖြင့် တံတားတည်ဆောက်ရန်အတွက် တံတားအထူးအဖွဲ့နှင့် အထောက်အကူပြု ပစ္စည်းများမရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။