အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမူဝါဒမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်ရန်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပိုမိုပျော့ပျောင်းလွတ်လပ်ပြီး လက်တွေ့ကျ သော ဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အမေရိကန် တိုင်းပြည်တွင် ဒေါ်လာငါးသိန်း ရင်းနှီးမြှုပ်နှံမည် ဆိုပါက Green Card ပေးမည်ဆိုတာမျိုး၊ အချို့ တိုင်းပြည်များတွင် Investment Promotion Board များ၊ နောက်တစ်ခါ Trade Promotion Board များကို ရင်းနှီးမြှုပ်နှံသည့်သူများကို လွယ်ကူစွာ ရင်းနှီးမြှုပ်နှံနိုင်အောင် ၊ Warmly Welcome လုပ်ကြရပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် ကုမ္ပဏီ ဥပဒေဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေဖြစ်စေ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမည်ဆိုပါက ၎င်းကုမ္ပဏီ Both of Director တွင်ပါသည့်သူများ၊ ကုမ္ပဏီမှ ခန့်ထားသည့်သူများအတွက် Stay Permit လျှောက် ရပါကြောင်း၊ ပထမတစ်ကြိမ်တွင် သုံးလ၊ ဒုတိယအကြိမ်လျှောက်ပါက ခြောက်လဖြစ်ပြီး တတိယ အကြိမ် တွင် တစ်နှစ်ခွင့်ပြုပါကြောင်း၊ တခြားတိုင်းပြည်များတွင် Marti Entry Visa လျှောက်ပါ ကြောင်း၊ Stay Permit ကို တစ်နှစ်ပေးကြပါကြောင်း၊ ယနေ့ခေတ်တွင် ရင်းနှီးမြှုပ်နှံမှု များရရန်အတွက် ကမ္ဘာကြီးနှင့်ပြိုင်နိုင်ရန်အတွက် Investor Friendly ဖြစ်အောင်လုပ်ရပါကြောင်း၊ ယခုလို Investor များကို စွဲဆောင်နေသည့် အချိန်တွင် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များ အတွက် Stay Permit ပေးခြင်းကို တစ်ခါလျှောက်လျှင် တစ်နှစ်ပြောင်းလဲ ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါ ကြောင်းမေးမြန်းပါသည်။
ယခင်က မြန်မာ နိုင်ငံသို့ လာရောက်ပြီး စီးပွားရေးလုပ်ငန်းလုပ်ဆောင်သည့် နိုင်ငံခြားသားများကို ပထမဆုံး အကြိမ်ဆိုရင် နေခွင့်သက်တမ်း သုံးလခွင့်ပြုခဲ့ပါကြောင်း၊ ဒုတိယအကြိမ်ဆိုပါက ခြောက်လ သက်တမ်းခွင့်ပြုပြီး တတိယအကြိမ်တွင် အများဆုံးတစ်နှစ်အထိ ပေးခဲ့ပါကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် ဖြေလျှော့မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ထို့ကြောင့် မြန်မာနိုင်ငံသို့ လုပ်ငန်း ဆောင်ရွက်ရန် သတ်မှတ်ထားသည့် ဗီဇာများနှင့် လာရောက်ခဲ့ပါကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်သမားများအတွက် နေခွင့်သက်တမ်းကို ၎င်းတို့ ရဲ့ဆန္ဒအရ ခြောက်လ သို့မဟုတ် တစ်နှစ်တိုးခွင့်ပြုရန် သက်တမ်းရှိသည့်ကုမ္ပဏီ၊ မှတ်ပုံတင်ရှိသည့်ကုမ္ပဏီများ၊ Work Permit များနှင့် တင်ပြလျှောက်ထားမည်ဆိုပါက ခြောက်လမှ တစ်နှစ် အထိ တိုးပေး ရန် အစီအစဉ် ရှိကြောင်း ဖြေကြားပါသည်။
