(ဂ)-မိုးမောက်မြို့နယ်၊ နောင်ကွမ် ကျေးရွာအုပ်စု ရှိတောင်သူ(၁၂)ဦး၏လယ်ဧက (၆၇) ဧကခန့်ကို အမှတ်(၃၇၀)အမြှောက်တပ်ရင်းမှသိမ်းယူထားရာ ပိုလျှံလယ်မြေ၊မြေလွတ်၊မြေလပ်၊မြေရိုင်းများအားပြန် လည်လွှဲအပ်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၃)ရက်မြောက်နေ့ (၁၂.၆.၂၀၁၅)

၁၉၉၅ ခုနှစ်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၄၀)ဧရိယာတွင် အမှတ်(၄၃၈) ခြေလျင်တပ်ရင်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆို၍ သိမ်းဆည်းခဲ့ရာတွင် နောင်မွန်ကျေး ရွာနေ တောင်သူ ၁၂ ဦး၏ လယ်ဧက ၆၇ ဧကခန့် သိမ်းဆည်းခံခဲ့ရပါကြောင်း၊ အဆိုပါမြေများသည် ယခင်ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်ခဲ့သည့် သက်သေခံလယ်မြေ ပြေစာများရှိပါကြောင်း၊ ၎င်းမြေ များအား မိုးမောက်မြို့နယ် မြေစာရင်း ဌာနမှတာဝန်ရှိစစ်ဆေးတွေ့ရှိချက် အရ ယခုအမှတ် (၃၇၀) အမြှောက်တပ်ရင်းသည် သိမ်းဆည်း ထားသော လယ်ဧရိယာသည် ၆၁၇ ဧကရှိသည့်အတွက် အခြားတပ်ရင်းများထက် ပိုမိုသိမ်းဆည်းထားသည်ကို တွေ့ရှိရပြီး နောင်မွန် ကျေးရွာအုပ်စု လူနေအိမ်များနှင့် ပေ ၅၀ ခန့်သာအကွာသာရှိပါကြောင်း။  သို့ဖြစ်ပါ၍  ယခုအမှတ်(၃၇၀)အမြှောက်တပ်ရင်းမှ သိမ်းယူထားသော ပိုလျှံလယ်မြေ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များအား သက်ဆိုင်သည့် နောင်ကွမ်ကျေးရွာမှ တောင်သူလယ်သမားများ အား ပြန်လည် လွှဲအပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။၁၉၉၅ ခုနှစ်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၄၀)ဧရိယာတွင် အမှတ်(၄၃၈) ခြေလျင်တပ်ရင်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆို၍ သိမ်းဆည်းခဲ့ရာတွင် နောင်မွန်ကျေး ရွာနေ တောင်သူ ၁၂ ဦး၏ လယ်ဧက ၆၇ ဧကခန့် သိမ်းဆည်းခံခဲ့ရပါကြောင်း၊ အဆိုပါမြေများသည် ယခင်ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်ခဲ့သည့် သက်သေခံလယ်မြေ ပြေစာများရှိပါကြောင်း၊ ၎င်းမြေ များအား မိုးမောက်မြို့နယ် မြေစာရင်း ဌာနမှတာဝန်ရှိစစ်ဆေးတွေ့ရှိချက် အရ ယခုအမှတ် (၃၇၀) အမြှောက်တပ်ရင်းသည် သိမ်းဆည်း ထားသော လယ်ဧရိယာသည် ၆၁၇ ဧကရှိသည့်အတွက် အခြားတပ်ရင်းများထက် ပိုမိုသိမ်းဆည်းထားသည်ကို တွေ့ရှိရပြီး နောင်မွန် ကျေးရွာအုပ်စု လူနေအိမ်များနှင့် ပေ ၅၀ ခန့်သာအကွာသာရှိပါကြောင်း။

သို့ဖြစ်ပါ၍  ယခုအမှတ်(၃၇၀)အမြှောက်တပ်ရင်းမှ သိမ်းယူထားသော ပိုလျှံလယ်မြေ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များအား သက်ဆိုင်သည့် နောင်ကွမ်ကျေးရွာမှ တောင်သူလယ်သမားများ အား ပြန်လည် လွှဲအပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်အဆိုပါမြေသည် ၁၉၉၆ ခုနှစ်တွင် အမှတ်(၄၃၈)ခြေလျင်တပ်ရင်းတည်ဆောက်ခဲ့သည့် မြေနေရာဖြစ်ပါကြောင်း၊  မြေသိမ်း ဆည်းရေးဆောင်ရွက်မှုအနေဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာ ကွင်းအမှတ်(၁၄၀) နောင်ကွမ်ရွာမှ မြေလွတ်၊ မြေလပ် ၅၈၀ ဧကနှင့် မိုးမောက်မြို့ နောင်ကွမ်ရွာမှ ကွင်းအမှတ်(၁၄၀) ကွင်းအမှတ် ရွာမှဦးပိုင်အမှတ်၊၂/၁၄/၁၈ (က)+၂၅/၁၈/၁၉မှ၂၈ ထိ လယ်မြေ ၃၇ ဧက စုစုပေါင်းမြေ ၆၁၇ ဧကတို့အား တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ မြေပေးမိန့်ရရှိခဲ့ပါကြောင်း၊  တပ်ပိုင်မြေသိမ်းဆည်းရာတွင် ပါဝင်ခဲ့သော ဦးပိုင်ပေါက် လယ်မြေ ၃၇ ဧကသည်လည်း တပ်ပိုင်မြေသိမ်းဆည်းစဉ်က မူလမြေပိုင်ရှင် ၆ ဦး၏ သဘောတူညီကြောင်း ဝန်ခံချက်လက်မှတ်ရေးထိုးထားခဲ့ပြီး မှန်ကန်ကြောင်း မြို့နယ်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဝင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့၏ လက်မှတ်များဖြင့် ထောက်ခံ တင်ပြခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အမှတ်(၄၃၈)ခြေလျင်တပ်ရင်း၏ တပ်ပိုင်မြေ ၆၁၇ ဧကအား ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမှတ်(၃၇၀)အမြှောက်တပ်ရင်းဖွင့်လှစ်ရန် လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုအချိန်တွင် အဆိုပါလယ်မြေ ၃၇ ဧကကို တပ်မိသားစု စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်အဆောက်အအုံနှင့် လုံခြုံရေးအရ လွတ်ကင်းမှုမရသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြေသိမ်းဆည်းစဉ်က တောင်သူများ၏ သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ မိန့်များရရှိခြင်းဖြစ်ပြီး တပ်မှ အသုံးပြုလျက်ရှိသော အဆောက်အအုံနှင့် လုံခြုံရေးအရ လွတ်ကင်းမှုမရှိသည် ကိုတွေ့ရှိရသည့် အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဇော်ထွန်း (မိုးမောက်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သိမ်းဆည်းထားသည့် လယ်ယာများကို တပ်မှလုပ်ကိုင် စားသောက်သည်ကို ‌ဖြေကြားသွားတာကို တွေ့ရ ပါကြောင်း၊ ဖြစ်စဉ်အမှန်သည် တပ်မိသားစု လုပ်ကိုင်စားသောက်နေခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တောင်သူကို သီးစားချ လုပ်ကိုင်ခွင့်များပေးထားခြင်းဖြစ်ပါကြောင်း၊ ယခုမေးခွန်းများမေးမြန်းတင်ပြချိန်တွင် စိုက်ပျိုးလုပ်ကိုင်ခွင့်များမပေးသည့်အတွက် ၎င်းမြေ ၆၇ ဧကသည် စပါးတစ်ထောင် ဝန်းကျင်နီးပါး ဆုံးရှုံးပြီဖြစ်ပါကြောင်း၊  ထို့ကြောင့် အဆိုပါ ကိစ္စကို အတတ်နိုင်ဆုံးညှိနှိုင်းပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်

မိမိတို့ တပ်ပိုင်းဆိုင်ရာတွင် သီစားချခွင့်ပေးထားခြင်းမရှိပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍  မိမိတို့ဆီ စာရေးတင်ပြနိုင် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။