မိမိတို့ ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏တောင်ဘက်ပိုင်းတွင်ရှိသည့် ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၅)အုပ်စု၊ ကျေးရွာငယ်(၇၅)ရွာဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ခမောက်ကြီးဆိုသည့် မြို့နယ်ခွဲတစ်ခုလည်း ရှိပါကြောင်း၊ ၂၀၁၉-၂၀ ကျောင်းဦးရေစာရင်းအရ အခြေခံပညာ အထက်တန်း ကျောင်း (၉) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၅) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈) ကျောင်း၊ အခြေခံ မူလွန်ကျောင်း (၂၅) ကျောင်း၊ အခြေခံမူလတန်းကျောင်း (၃၅) ကျောင်း၊ အခြေခံမူလတန်း ကျောင်းခွဲ (၄) ကျောင်း စုစုပေါင်းကျောင်းပေါင်း(၉၉)ကျောင်းရှိပါကြောင်း၊ ၃၁-၇-၂၀၁၉ ရက်နေ့ အခြေခံပညာဆရာအင်အားစာရင်းအရ မူလတန်းကျောင်းအုပ်ခွင့်ပြုသည့်ဦးရေမှာ (၇၇) ဦး ဖြစ်ပါကြောင်း၊ ခန့်ထားသည့်ဦးရေသည်(၄၇)ဦးဖြစ်သည့်အတွက် လစ်လပ် ဆရာဦးရေမှာ (၃၀)ဦးဖြစ်ပါကြောင်း၊ ထို့နောက် အထက်တန်းပြဆရာခွင့်ပြုသည့်ဦးရေမှာ(၁၄၅)ဦး၊ ခန့်ထားသည့် ဦးရေမှာ (၉၄)ဦး ဖြစ်သည့်အတွက် လစ်လပ်သည့်ဆရာဦးရေမှာ (၅၁)ဦး ဖြစ်ပါကြောင်း၊ အထက်တန်းပြဆရာ၊ ကာယဆရာခွင့်ပြုထားမှာ(၉)ဦးရှိပြီး လစ်လပ်သည့်ဦးရေ မှာ(၉)ဦး ဖြစ်ပါကြောင်း၊ ထို့နောက် အလယ်တန်းပြဆရာ ခွင့်ပြုသည့်ဦးရေမှာ(၃၅၁)ဦးဖြစ်ပြီး ခန့်ထားသည့် ဦးရေမှာ(၃၂၄)ဦး ဖြစ်သည့်အတွက် လစ်လပ်သည့်ဦးရေမှာ(၂၇)ဦးဖြစ်ပါကြောင်း၊ ထို့နောက် အလယ်တန်းပြ ကာယနည်းပြဆရာခွင့်ပြုသည့်ဦးရေမှာ(၈)ဦး ရှိပြီး ခန့်ထားသည်မှာ တစ်ဦးဖြစ်သည့်အတွက် လစ်လပ်သည့်ဦးရေမှာ(၇)ဦးရှိပါကြောင်း၊ ထို့နောက် အလယ်တန်းပြ မူလတန်းတာဝန် ခွင့်ပြုသည့်ဦးရေမှာ(၁၄၈)ဦးဖြစ်ပြီး ခန့်ထားသည်မှာ(၁၃၄)ဦးဖြစ်သည့်အတွက် လစ်လပ်သည့်ဦးရေမှာ (၁၄)ဦး ဖြစ်ပါကြောင်း၊ ထို့နောက် မူလတန်းပြခွင့်ပြုသည့် ဆရာမှာ(၅၆၈)ဦးဖြစ်ပြီး ခန့်ထားသည်မှာ (၄၂၉)ဦးဖြစ်သည့်အတွက် လစ်လပ်သည့် ဦးရေမှာ (၁၃၉)ဦးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသားနှင့် ဆရာအချိုးသည် မူလတန်းတွင် ၁း၂၉ ဖြစ်ပြီး အလယ်တန်းတွင် ၁၂၉ ဖြစ်ပါကြောင်း၊ ထို့နောက်အထက်တန်းတွင် ၁း၂၆ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော့သောင်းမြို့နယ်တွင် ကျန်းမာသန်စွမ်းသည့်ကျောင်းသားများ ပေါ်ပေါက်ရေး အတွက် လစ်လပ်လျက်ရှိသည့်ကာယဆရာ၊ မူလတန်းပြဆရာ၊ အလယ်တန်းပြဆရာနှင့် အထက်တန်းပြ ဆရာများကို မည်သည့်ကာလတွင် ဖြည့်စွက်ခန့်ထားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ၂၀၁၉-၂၀ ပညာသင်နှစ်စာရင်းအရ အခြေခံ ပညာမူလတန်းကျောင်း (၂၅) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၃၅) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈) ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (၃) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၅)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်း(၉၉) ကျောင်းရှိပါကြောင်း၊ ကော့သောင်းမြို့နယ် အတွင်းရှိ ကျောင်းသားဆရာအချိုးသည် မူလတန်းအဆင့်တွင် ဆရာကျောင်းသားအချိုး ၁း၂၆၊ အလယ်တန်းအဆင့်တွင် ဆရာကျောင်းသား အချိုး ၁း၂၅၊ အထက်တန်းအဆင့်တွင် ဆရာ ကျောင်းသားအချိုး ၁း၂၀ ရှိပါကြောင်း၊ မူလတန်းကျောင်းများတွင် မိမိတို့ကျောင်းသားဆရာ အချိုးတွက်သည့်အခါတွင် မူလတန်း ကျောင်းအုပ်များအပါအဝင် ထည့်သွင်းတွက်ချက်ပါက ၁း၂၄ ရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေနှင့် ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် ဆရာဆရာမများကို ဖြည့်စွက်ခန့်ထား ပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက် ရက်စွဲပါစာအမှတ်၊ ဌာနခွဲ(၂-က)/၀၃၅၇/တိုး/ပြောင်း(၂၀၂၀)ဖြင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေး မှူးရုံးများသို့ အပြောင်း အရွှေ့လျှောက်လွှာများခေါ်ယူရန် ပေးပို့ထားပြီးဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများမှလည်း လျှောက်လွှာများ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခု ၂၀၂၀ ပြည့်နှစ် မေလတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဝေးလံသည့်ဒေသများတွင် ဒေသခံဆရာဆရာမများ၊ မူလတန်းပြဆရာဆရာများ၊ အလယ်တန်းပြ ဆရာဆရာမများ၊ အထက်တန်းပြဆရာဆရာမများ ဖြည့်ဆည်းခန့်ထားပေးနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
