မင်္ဂလာဒုံမြို့နယ်သည် ပြောင်းရွှေ့လုပ်သားများပေါ များသည့်အတွက် ကျောင်းအပ်ရာတွင် အမြဲတန်းလိုလို ဒုက္ခရောက်ပါကြောင်း၊ အထူးသဖြင့် ဒီနှစ် တွင် ကျောင်းအပ် ရာသီတွင် ကျောင်းသားဦးရေ အဆမတန်များပြားပြီး ဆရာအင်းအားနည်းပါကြောင်း၊ နောက်တစ်ခါ စာသင်ခန်း များလည်း မလုံလောက်ဖြစ်သည့် အတွက်ကြောင့် တော်တော်လေး အခက်အခဲဖြစ်ရပါကြောင်း၊ အထူးသဖြင့် သူငယ်တန်းကိုအပ်သည့် အခါ သင်တန်းဆင်း ဆရာမသာ သူငယ်တန်းကိုပြရမည့် ညွှန်ကြားချက်ရှိသည့် အတွက် တချို့ဆိုရင် ဆရာမနှစ်ဦးလောက်သာ ရှိသည့်အတွက် အထက်ကလည်း ၃၅ ဦးထက်မပိုစေနှင့် ဆိုတော့ လူဦးရေ ၇၀ ထိဘဲလက်ခံနိုင်မည်၊ သို့သော် လာအပ်သည့် အခါ ၁၀၀ ကျော်နေသည့် အတွက် အအပ်မခံနိုင်သည့်အတွက် မိဘနှင့် ကျောင်း စကားများကြရပါကြောင်း၊ သည့်အတွက် ယခုအနေဖြစ်သည့်နည်းဖြင့် ကလေးများကို လက်ခံထား ပေးရန်နှင့် ဆရာမများ၊စာသင်ခန်းများကို ထပ်ပြီးတောင်းဆိုပေးမည်ဟု မိမိကတိပေးခဲ့သည့် အတွက် ယခုလိုမေးခွန်းမေး ရခြင်း ဖြစ်ပါကြောင်း၊တစ်တန်းတွင်ငါးယောက် ထိုင်နေရပါကြောင်း၊အလင်းရောင် လည်းကောင်းစွာမရသည့် အတွက် ဖြစ် သလို သင်နေရ ပါကြောင်း၊White Board တွင်ရေးထား သည်ကိုလည်း မမြင်ရပါကြောင်း၊စာသင်ခန်းထဲတွင် ကလေးများကြပ်နေသည့် အတွက် သင်ကြားရေး သည် မည်သို့မှ ထိရောက်သည့် အခြေအနေတွင်မရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အချိန်မီဖြည့်ဆည်း ပေးနိုင်ခြင်းရှိ/မရှိ နှင့် အစီအစဉ်မရှိခဲ့ပါကလည်း လာမည့် စာသင်နှစ်အတွက် မည်သည့် ပုံစံမျိုးစီစဉ်ထားကို သိလို ပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် တွင် ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် အထက် တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃)ကျောင်းနှင့် မူလတန်းကျောင်း ၂၅ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းများ ၅၂ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ ယခုလက်ရှိ တစ်မြို့နယ်လုံးတွင် အထက်တန်း ကျောင်းသား/ကျောင်းသူ ၆၇၁၅ ဦး၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ ၁၅၈၂၉ ဦး နှင့် မူလတန်း ကျောင်းသားကျောင်းသူ ၂၁၅၈၆ ဦး၊ စုစုပေါင်း ကျောင်းသူ/ကျောင်းသား ၄၄၁၃၀ ဦး သင်ကြားလျက်ရှိပါကြောင်း ၊ လက်ရှိ ဆရာဆရာမအင်အားမှ အထက်တန်းပြ ၁၈၉ ဦး၊ အလယ်တန်းပြ ၅၄၅ ဦးနှင့် မူလတန်းပြ ၄၂၄ ဦး ၊ စုစုပေါင်းဆရာ/ဆရာမ ၁၁၅၈ ဦးဖြင့် သင်ကြားပေးနေပါကြောင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ဆရာ/ကျောင်းသား အချိုးမှာ အထက်တန်းကျောင်းအဆင့် ၁:၃၅၊ အလယ်တန်းအဆင့် ၁: ၂၉၊ မူလတန်းအဆင့် ၁:၅၀ ရှိသည် ကို စိစစ်တွေ့ရှိရပါကြောင်း၊ ဆရာဆရာမထပ်မံလိုအပ်သည့် နေရာများတွင် စိစစ်ပြီး ဖြည့်တင်းပေး ရန်လည်း အစီအစဉ်ရှိပါကြောင်းနှင့် မင်္ဂလာဒုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ထပ်မံ ဆောက် လုပ်ပြုပြင်ရန် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ရန်ပုံငွေမှ ငွေလုံး ငွေရင်း စုစုပေါင်း ကျပ်သိန်းပေါင်း ၆၅၉၀.၁ သိန်းကို မင်္ဂလာဒုံမြို့နယ်အတွက် ခွဲဝေခွင့်ပြုထား ပါကြောင်း ၊ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။
