ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သည် အိမ်ခြေပေါင်း ၄၄၀၀၆ ရှိပြီး၊ အိမ် ထောင်စုပေါင်း ၅၀၆၉၇ ရှိကြောင်းဟု သိရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလစာရင်းအရ မြို့ နယ်အတွင်း ၁၈ နှစ်အောက် ကျား၂၅၄၈၂ ဦး၊ မ ၂၄၂၈၉ ဦး၊ စုစုပေါင်း ၅၀၃၁၁ ဦး ရှိပြီး ၁၈နှစ် အထက် ကျား ၇၁၂၁၉ ဦး၊ မ ၇၉၆၄၉ ဦး၊ စုစုပေါင်း ၁၅၀၈၆၈ ဦးရှိရာ ၁၈ နှစ်အထက် လူငယ် လူရွယ်များသည် ကျား၊ မ တစ်သိန်းနီးပါးရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းအပြင် ကျူးကျော်ရပ် ကွက်(၂)ရပ်ကွက် အပါအဝင် ကျူးကျော်နေထိုင်သူဦးရေ တစ်သိန်းနီးပါးရှိနေကြောင်း တွေ့ရှိရပါ ကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်အတွင်း လူဦးရေစုစုပေါင်း နှစ်သိန်းခွဲခန့် နေထိုင်သောမြို့နယ် ဖြစ် ပါကြောင်း၊ မိမိတို့မြို့နယ်အတွင်း၌ စက်မှုဇုန်ကြီး (၂)ခု၊ ငါးပိငါးခြောက်ဇုန် (၂)ခု၊ အနံ့ဇုန် အပါအဝင် လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ သစ်အချောကိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်း၊ သိုလှောင်ရုံလုပ်ငန်း၊ ရေထွက်ပစ္စည်းနှင့် အအေးခန်းလုပ်ငန်း၊ စက္ကူနှင့် စာရေးကိရိယာ လုပ်ငန်း၊ စက်နှင့်စက်ကိရိယာလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်းဆိုသည့်လုပ်ငန်းမျိုးစုံ များစွာရှိနေ သည်ကို တွေ့ရှိရသည့်အတွက် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ အမျိုးသားအမျိုးသမီးများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ များစွာရှိနေကြောင်း၊ ထို့အပြင် မိမိတို့မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုအဖွဲ့ (A-9)မှ ဇောတိကကုမ္ပဏီနှင့်ပူးပေါင်းပြီး ဇောတိကကုန်စည် လုပ်ငန်းကြီး၏ ကုန်စည်သိုလှောင်ရုံကြီးများ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြို့နယ်အတွင်း (၁၈၃)ဧကတွင် အိမ်ရာများဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် BDS Act Smart City Company Limited ၏ (A-Subsidary Company of Berjaya Land Berhad (Malaysia) ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ် များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး တောင်ဒဂုံမြို့နယ်၏ Labour ရုံးနှင့်သာ ဆက်သွယ်ဆောင်ရွက်နေရသည့်အတွက် အချိန်ကုန်၊ ငွေကုန်၊ လူပန်းလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် မြေလွတ်၊ မြေလပ်များစွာရှိနေပြီး စက်မှုလက်မှုလုပ်ငန်းများစွာရှိနေသည့် မိမိတို့ မြို့နယ် အတွင်းရှိ လူငယ်လူရွယ်များအတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးမရှိသေးသည့်အတွက် ရုံးတစ်ရုံး အမြန်ဆုံးချထားပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၆)၏ သဘောတူခွင့်ပြုချက်ပါ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ရုံး၊ အထူးစီးပွားရေးဇုန် (၃)ရုံး၊ ခရိုင်ရုံး (၂)ရုံး၊ မြို့နယ်ရုံး (၁၀၈) ရုံး စုစုပေါင်း (၁၂၈)ရုံး ခွင့်ပြုထားခဲ့ပါကြောင်း၊ လက်ရှိတွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံး (၁၅) ရုံး၊ အထူးစီးပွားရေးဇုန် (၃)ရုံး၊ ခရိုင်ရုံး (၂)ရုံး၊ မြို့နယ်ရုံး (၈၇)ရုံး စုစုပေါင်း (၁၀၇)ရုံး ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးရုံးတစ်ရုံး၊ သီလဝါအထူးစီးပွားရေးဇုန်ရုံး (၁)ရုံး၊ မြို့နယ်ရုံး (၁၈) ရုံး စုစုပေါင်း (၂၀)ရုံး ဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ရုံးဖွင့်လှစ်ရန်အတွက် ဖွဲ့စည်းပုံခွင့်ပြုထားခြင်း မရှိပါသဖြင့် ရုံးဖွင့်လှစ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၏ အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မြို့နယ်ရုံးဖြစ်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ဖြေကြားပါသည်။
ဦးမြစိန်{ဒဂုံမြို့သစ်(ဆိပ်ကမ်း)} က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့မြို့နယ်တွင် လူဦိးရေနှစ်သိန်းနီးပါးခန့် ရှိပါကြောင်း၊ မိမိတို့မြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ မြေလွတ်၊ မြေလပ် များစွာရှိနေသေးသဖြင့် မြေနေရာရနိုင်သည့်အတွက် အစီအစဉ်မရှိသော်လည်း လုပ်ငန်းတစ်ခုလုပ်မည်ဆိုလျှင် မြေကိုအရင် တောင်းရပါကြောင်း၊ မိမိတို့တွင် မြေရှိပြီးဖြစ်သည့်အတွက် ဘတ်ဂျက်တောင်းပြီး မိမိတို့မြို့နယ် ဖွံ့ဖြိုးရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်
မိမိတို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြေလွတ်၊ မြေလပ်များရှိသော်လည်း မိမိတို့ဝန်ကြီးဌာန များသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်နှင့် သတ်မှတ်ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုသတ်မှတ်ပေးထားသည့် တိုင်းဒေသကြီး/ ပြည်နယ်ရုံး (၁၅) ရုံး၊ အထူးစီးပွားရေးဇုန် (၃)ရုံး၊ ခရိုင်ရုံး(၂)ရုံး၊ မြို့နယ်ရုံး (၁၀၈)ရုံး၊ စုစုပေါင်း (၁၂၈)ရုံးသာ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုချထားခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မြေလွတ်၊ မြေလပ်များကို လျှောက်ထားပေးရန်အတွက် အခွင့်မရှိပါသဖြင့် လျှောက်ထားခြင်း မရှိနိုင်ပါကြောင်း၊
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က လက်ရှိပြင်ဆင်ဖွဲ့စည်းပြီး ဖြစ်သောကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့်လည်း ဖွဲ့စည်းပုံကို တင်ပြ၍မရရှိတော့ပါကြောင်း ဖြေ ကြားပါသည်။
