မိမိအနေဖြင့် ယနေ့ကျင်းပလျက်ရှိသော ပထမ အကြိမ် နဝမပုံမှန်အစည်းအဝေးတွင် မိုင်းပြင်းမြို့နယ်အား မိုင်းဆတ်ခရိုင်မှ အနီးစပ်ဆုံးဖြစ်သော ကျိုင်းတုံခရိုင်အတွင်း သို့ ပြောင်းလဲပြင်ဆင်ပေးရန်အတွက် မေးခွန်းတစ်ခုမေးမြန်းခဲ့ပါကြောင်း၊ အဆိုပါမေး ခွန်းတွင် မိုင်းပြင်းမှ မိုင် ၉၀ ကျော် ကွာဝေးသော မိုင်းဆတ်ကို အကြောင်းကိစ္စ တစ်စုံ တစ်ခုအတွက် သွားလာရခြင်းမှာ ခက်ခဲပြီး ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်ကို ပတ်ပြီး မိုင်းဆတ်ကိုသွားရခြင်းကြောင့် မိုးတွင်းတွင် သွားရလာရ ခက်ခဲကြမ်းတမ်းမှု ရှိ ပါကြောင်း၊ ထို့ကြောင့် မိုင်းပြင်းမြို့နယ်အား မိုင်းဆတ်ခရိုင်မှနီးစပ်သည့် ကျိုင်းတုံ ခရိုင်အတွင်းသို့ ပြောင်းလဲပေးရန် အစီအစဉ် ရှိ/မရှိဖြစ်ပါကြောင်း။
သို့သော် ပထမအကြိမ် နဝမပုံမှန်အစည်းအဝေး နဝမနေ့အစီအစဉ်နှင့် နိုင်ငံတော် သမ္မတရုံးမှ ၃-၂-၂၀၁၄ စာအမှတ်၊ ၁၀၇(၁/၈) သမ္မတရုံးနှင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ နေ့ထုတ်သော အမိန့်စာ တွင် မိုင်းပြင်းမြို့နယ်ကို မိုင်းဆတ်ခရိုင်မှ ကျိုင်းတုံခရိုင် အတွင်းသို့ ပြောင်းလဲပြင်ဆင်ပေးလိုက်သည့်အတွက် ယခုမေးခွန်းကို ပြန်လည်ရုပ်သိမ်းပါကြောင်း တင်ပြပါသည်။
