ကျောင်းကုန်းမြို့နယ်ရှိ အစုကြီး-ကွမ်းခြံကုန်း ကျေးရွာမြေသားလမ်းကို ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်း မေးမြန်းသွားမည် ဖြစ်ကြောင်း၊ အစုကြီးရွာအဝင်လမ်း၊ ကျောင်းကုန်းနှင့် ကျုံပျော်သွားသည့် ကတ္တရာလမ်းမကြီး၊ အစုကြီးရွာကို သွားသည့်လမ်း၊ အစုကြီးရွာမှ အောင်ဗန်းချောင်းရွာကို ကျေးရွာချင်း ဆက်လမ်း၊ ၎င်းနေရာတွင်ရှိသည့် မြောင်းကို ဆရာတော် သံဃာတော်များမှ သိန်းပေါင်း ၃၆၀ ခန့်ဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် တံတားတစ်ခု ဖြစ်ပါကြောင်း၊
အောင်ဗန်းချောင်း ကျေးရွာမှ ပျားဆလပ် ကျေးရွာချင်း ဆက်လမ်း ဖြစ်ပါကြောင်း၊ ပျားဆလပ်ကျေးရွာနှင့် လယ်တီစုကျေးရွာ၏ ကျေးရွာချင်းဆက်လမ်း ဖြစ်ပါကြောင်း၊ လယ်တီစု ရွာနှင့် ကွမ်းခြံကုန်းရွာ ကျေးရွာချင်း ဆက်လမ်း ဖြစ်ပါကြောင်း၊ ကွမ်းခြံကုန်းရွာနှင့် ကွမ်းခြံကုန်းရွာသစ် ကျေးရွာချင်းဆက်လမ်း ဖြစ်ပါကြောင်း၊ အစုကြီးမှ ကွမ်းခြံကုန်းလမ်းအပိုင်း ကျောင်းကုန်းမြို့နယ်အပိုင်းကို တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ ကျောင်းကုန်းမှ ပန်းတနော်ပိုင်းရောက်သွားပါက ကွမ်းခြံကုန်းမှ အင်းမ-တာပတ်-ပန်းတနော်ကို သွားသည့် ပုသိမ်-ရန်ကုန်လမ်းမကြီး ဖြစ်ကြောင်း၊။ ၎င်းသည် ပန်းတနော်ပိုင် အင်းမရွာက တာပတ်ရွာ မှ အဝေးပြေးလမ်းမကြီးကို ဖောက်ထွက်သည့် လမ်းဖြစ်ကြောင်း၊
အစုကြီးကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းသားပေါင်း ၁၃၀၀ ခန့် ရှိပြီး မိမိတို့ လွန်ခဲ့သည့် ၂၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် လာပြီး သီတာဦး(ပဲမျိုးစုံရောင်းဝယ်ရေး)မှ သိန်းပေါင်း ၆၈၅ သိန်းနှင့် လှူဒါန်းထားသည် ပေ(၁၁၀ x ၃၆) ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းသားပေါင်း ၁၂၀၀ ကျော်ခန့် ရှိပါကြောင်း၊ အထက်တန်းကျောင်းဖြစ်ပါကြောင်း၊ အောင်ဗန်းချောင်းကျေးရွာ၏ မူလ တန်းကျောင်း၊ ပျားဆလပ်ကျေးရွာ အလယ်တန်းကျောင်း၊ ယခင်နှစ်တွင် အလယ်တန်းကျောင်း ရရှိပြီး ပေ(၉၀ x ၃၀) ကျောင်းဆောင်သစ် ရထားသည့် အလယ်တန်းကျောင်း တစ်ကျောင်း ဖြစ်ကြောင်း၊ ၎င်းလမ်းမပေါ်မတွင် ရှိပါကြောင်း၊ လယ်တီစု ကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် ၎င်း၏ ဆရာတော်များ စည်းရုံးပြီး မိမိတို့ ၎င်းလမ်းမပေါ်တွင် အမာခံ ကျောက်ခင်းလမ်းအဖြစ် ကိုယ်ထူကိုယ်ထနှင့် ဆောင်ရွက်ထားသည့် လမ်းအပိုင်းများ ဖြစ်ကြောင်း၊
ကွမ်းခြံကုန်းကျေးရွာ မူလတန်းကျောင်း၊ ရွှေညောင်ပင် ဘုန်းတော်ကြီးသင် အခြေခံပညာ အထက်တန်းကျောင်းခွဲတို့တွင် ဆရာတော်များ ဦးဆောင်ပြီး အထက်တန်းကျောင်းနှင့် ကျောင်းသားပေါင်း ၆၀၀ ကျော်ကို လက်ရှိပညာ သင်ကြားနေသည့် ကျောင်းတစ်ကျောင်း ဖြစ်သည့်အတွက် မိမိတို့ ကျောင်းကုန်း မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ပန်းတနော်မြို့နယ်တွင် ဆက်စပ်နေသည့် အစုကြီး-ကွမ်းခြံကုန်းရွာ ကျေးရွာချင်းဆက် မြေသားလမ်းအား ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း မေးမြန်းထားသည့် ကျောင်းကုန်းမြို့နယ်ရှိ အစုကြီး-ကွမ်းခြံကုန်းလမ်းအား ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမည် ဖြစ်ကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင်းရှိ စာဖြူစု-အစုကြီး-ကွမ်းခြံကုန်း ဆက်သွယ်သည့် လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့်(၂) လမ်းစာရင်းတွင် ပါဝင်သည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ နောက်ပိုင်းကာလများတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
