(ခ)-ရသေ့တောင်မြို့နယ်၊ ရေမျက်အခြေခံပညာ အလယ်တန်းကျောင်းအား ၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင်‌့မြှင့်တင် ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ (၂၄. ၅. ၂၀၁၉)

 

 

မနေ့က ကျောင်းအဆင်‌့မြှင်‌့တင်သည့် စာရင်းတွင် မိမိယခုမေးခွန်းမေးထားသည့် စာရင်းက ကျောင်းအဆင့်တိုးအဖြစ် ပါရှိသွားသည့်အတွက် မဲဆန္ဒရှင်ပြည်သူများနှင်‌့ထပ်တူ မိမိအနေဖြင့် ပညာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။

 


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ယမန်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ တစ်ပြည်လုံးတွင်ရှိသည့် ကျောင်းများ အဆင်‌့မြှင်‌့တင်ခြင်းအားလုံး ၅၆၅၁ ကျောင်းကို ခွင့်ပြု ဆောင်ရွက် ပေးပြီးဖြစ်ပါကြောင်း၊ မိမိတို့တိုးမြှင်‌့ပြီးသည့် စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ Internet စာမျက်နှာတွင်လည်း ကြေညာထားပြီး ဖြစ်သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိရှိနိုင်ပါရန်အတွက် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌထံ တင်ပြထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။