ရေစကြိုမြို့နယ်ရှိ ကျောင်းအသီးသီးတွင် ပညာရေးဝန်ထမ်းများ ပြောင်းရွှေ့ပြီးနောက် လစ်လပ်နေရာများ ပြန်လည်ခန့်ထားပေးသည့် အချိန်သည် ကြာမြင့်နေသည့်အတွက် ကျောင်းတစ်ချို့ အနေဖြင့် အခက် အခဲများစွာ ကြုံတွေ့နေရသည်ကို သိရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ထမ်းအပြောင်း အရွှေ့များ အတွက် လစ်လပ်နေရာများကိုမြန်ဆန်စွာ အစားထိုးနိုင်ရန် မည်ကဲ့သို့ စီစဉ်နေပါသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၏ ဆရာဆရာမ လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ပထမဆုံး အဆင့်တိုးနှင့် ဆန္ဒပြုခြင်းများကို တောင်းခံရပါကြောင်း။ ထိုသို့ ဆန္ဒပြုပြောင်းရွှေ့လိုခြင်းများ မရှိပါက AD၊ EP၊ ပညာရေးကောလိပ်၊ BED စသော အရပ်ကျောင်းဆင်းများကို စောင့်ဆိုင်း ဖြည့်တင်းများ ဆောင်ရွက်ရ ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ခြင်းဖြင့် လုံလောက်ခြင်းမရှိပါက ဘွဲ့ရများကို နေ့စားလပေးဖြင့် ခန့်အပ်ခြင်း ကို တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆောင်ရွက်ရပါကြောင်း၊
၂၀၁၃-၂၀၁၄ခုနှစ် ကျောင်းအဆင့်တိုးမြှင့်ခြင်းများတွင် ထက်ဆင့်တင်ကျောင်း ၂၀၂ ကျောင်း၊ အလယ် ဆင့်တင် ၂၀၈ ကျောင်း၊ အ.မ.က ၁၄၁၁ ဖြစ်သည့်အတွက် ကျောင်းဆရာလိုအပ်ချက်များ လာပါကြောင်း၊ ယခုအချိန်တွင် နည်းစနစ်ပိုင်း ဆရာများကို တိုက်ရိုက်ခန့်ခြင်း၊ အထက်တန်းပြကို အစမ်းခန့်ထားခြင်းနှင့် ဘွဲ့ရပြီးပါက တိုက်ရိုက်ခန့်ခြင်းများ ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် ဆရာ လိုအပ်ချက်များကြောင့် အမှုအခင်းမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ဌာနနှင့် ကင်းကွာသွားသူ များကို ကန်ထရိုက်စနစ်ဖြင့် ပြန်ခန့်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နှင့် မြို့ပြ ရှိ ကျောင်းများ အားလုံးအတွက် ကျောင်းဆရာ လိုအပ်ချက်ပြည့်မီရေးကို မျှမျှတတဖြစ်စေရန် ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။
