(ဆ)-စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ချင်းဆက် အမှတ်(၄)လမ်းအား စီမံကိန်းရေးဆွဲဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့သော်လည်း အဆိုပြုလမ်းအဆင့်သာ ဖြစ်နေ၍ ်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂. ၅. ၂၀၁၉)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ချင်းဆက် အမှတ်()လမ်းအား စီမံကိန်းရေးဆွဲပြီးဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့သော်လည်း အဆိုပြုလမ်းအဆင့်သာ ဖြစ်နေ၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ၎င်းခရိုင်ချင်းဆက် အမှတ်()လမ်းပိုင်းပေါ်ရှိ ကနီမြို့နယ်လမ်းအပိုင်း၌ ဂျင်းလမ်းအပိုင်းများပေါ်တွင် ကွန်ကရစ်လမ်း ခင်းခြင်းနှင့်  မြေသားလမ်း အပိုင်းများပေါ်တွင် ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ချင်းဆက် အမှတ် () လမ်းအား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး စီမံကိန်းရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ၂၀--၂၀၁၅ ရက်စွဲပါစာအမှတ် (/၄၀၀၀)/ မွေးရေကျေး (၁၀၁၂/၂၀၁၅) ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲရုံးသို့ အဆိုပြုတင်ပြခဲ့သော်လည်း ခွင့်ပြုချက်ရ ရှိခြင်းမရှိသေးသဖြင့် အဆိုပြုလမ်းအဆင့်သာရှိသေးသည်ကိုး သိရှိရပါကြောင်း၊ အဆိုပြုအမှတ်() လမ်းသည် ကနီမြို့နယ်မှ ၁၉ မိုင်ခန့် ဖြတ်သန်းဖောက်လုပ် ထားခြင်းဖြစ်ပြီး ကျောက်ချောလမ်း မိုင် ဖာလုံ၊ ဂျင်းလမ်း မိုင်၊ မြေသားလမ်း မိုင်ခန့်ရှိပြီး ဒေသခံပြည်သူများ အားကိုးအားထားပြုနေရသည့် လမ်းလည်း ဖြစ်ပါကြောင်း၊ ကျောက်ချောလမ်း မိုင် ဖာလုံသည် မြည်ကာမတ္တဖြစ်ပြီး ဂျင်းလမ်း၊ မြေသား လမ်းပိုင်းများသည်လည်း ကျေးရွာအလိုက်၊ ဒေသအလိုက်ပြုပြင်ပြီး အသွားအလာဖြစ်အောင် ဆောင်ရွက် နေကြရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ချင်းဆက် အမှတ် () လမ်းအား စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲရုံး သို့ ၂၀၁၅ ခုနှစ်တွင် တင်ပြခဲ့သော်လည်း အဆိုပြုလမ်းအဆင့်သာ ဖြစ်နေ၍ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ၎င်းခရိုင်ချင်းဆက်အမှတ် () လမ်းပိုင်းပေါ်ရှိ ကနီမြို့နယ်အပိုင်း၌ ဂျင်းလမ်း အပိုင်းပေါ်တွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြေသားလမ်းအပိုင်းများပေါ်တွင် ဂျင်းမြေခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်း၏ ပထမအပိုင်းဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုတလင်၊ ကနီ၊ ဒီပဲရင်း၊ ရေဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့နယ်များနှင့် ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ ဖားကန့်၊ ကာမိုင်း၊ မိုးကောင်းမြို့နယ်များကို ဖြတ်သန်းသွားမည့့်် အရှည် ၄၁၁ မိုင်ခန့်ရှိ အမှတ်()ခရိုင်ချင်း ဆက်လမ်းမကြီးကို ၂၀၁၀ ပြည့်နှစ်မတိုင်မီက ဖောက်လုပ်ဖို့လျာထားခဲ့ခြင်းဖြစ်သော်လည်း ယခုအခြေ အနေတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အစီအစဉ်မရှိသေးပါကြောင်း၊ မေးခွန်း၏ ဒုတိယအပိုင်း ဖြစ်သည့် ကနီမြို့နယ်အတွင်း ကန်ကြီး-ပျင်တော-တပုန်း-ဝင်မနား-တောင်ပြင်လမ်းပိုင်းသည် ကန်ကြီးမှ ဝင်မနားအထိ ၁၁ မိုင်၊ ဝင်မနားမှ တောင်ပြင်အထိ ၁၁ မိုင် စုစုပေါင်း ၂၂ မိုင်ရှိပါကြောင်း၊ အဆိုပါ လမ်းပိုင်း သည် ဘုတလင်-ကနဲ-ကနီ လမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းပိုင်းဖြစ်ပြီး လမ်းအဆင့် သတ်မှတ်ချက် အရ Class(A) ဦးစားပေး()လမ်းစာရင်းတွင် ပါဝင်ပါသဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ ၂၁ ရွာ၊ လူဦးရေပေါင်း ၂၀၀၀၀ ကျော်ကို တိုက်ရိုက် အကျိုးပြုမည်ဖြစ်ပါကြောင်း၊

ကန်ကြီး-ပျင်တော-တပုန်း-ဝင်မနားလမ်းပိုင်းအား ကျောက်လမ်း မိုင် ဖာလုံနှင့် ဂျင်းလမ်း မိုင် ဖာလုံဆောင်ရွက်ခဲ့ပြီး မြေသားလမ်း ၁၁ မိုင်ကို ဆက်လက်ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ရန်ပုံငွေတွင် ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ဦးထွန်းထွန်းနိုင် (ကနီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အဆိုပြု ခရိုင်ချင်းဆက်အမှတ် () လမ်းသည် စီမံကိန်းရေးပြီး အကောင်အထည် မဖော်နိုင်သည့် တိုင်အောင် ဝန်ကြီးတင်ပြသွားသည့် ဘုတလင်လမ်းပိုင်းအနေဖြင့် ဘုတလင်မြို့နယ်ကဖြစ်သည့် သခွတ်၊ သနယ်မှ သောင်ပြင်အထိ ပွင့်လင်းရာသီတွင် အများဆုံးအသုံးပြုနေသည့် လမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ လမ်းပိုင်းကို သခွတ်၊ သနယ်ကနေ သောင်ပြင်၊ သောင်ပြင်မှ ကလေးဝ-ရေဦး လမ်းပိုင်းကို ချိတ်ဆက် ပေးမည်ဆိုပါက အဆိုပါဒေသအတွက် အင်မတန်တန်ဖိုးရှိမည့် လမ်းဖြစ်လာဖြစ်ပါကြောင်း၊ နောက်ဆုံး ကလေးဝ၊ တမူးဘက်အထိ ချိတ်ဆက်၍ ရနိုင်သည့်အတွက် အဆိုပါဒေသအတွက် အလွန်အရေးပါသည့် လမ်းတစ်ခု ဖြစ်လာနိုငသည့်အတွက် လမ်းပိုင်းကိုတစ်ခုလုံးကို စီမံကိန်းတစ်ခုအနေဖြင့် ဆောင်ရွက်မပေးနိုင်သည့်တိုင် တောင်ဘက်ပိုင်းရှိ သခွတ်၊ သနယ်၊ သောင်ပြင်မှ ကလေးဝ-ရေဦးလမ်းပိုင်းကို ချိတ်ဆက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း      

အမှတ် () ခရိုင်ချင်းဆက်လမ်းကြီးအတွက် Planning သည် ရှိပြီးဖြစ်ပါကြောင်း၊ Planning က လတ်တလောဆောင်ရွက်မပေးနိုင်သည်သာရှိပြီး Project Bank တွင် Earmarked အနေဖြင့်  ဝင်သွားမည်ဖြစ်ပါကြောင်း၊ လမ်းစာရင်းအရ ကီလိုမီတာ လေးသောင်းကျော်ရှိပြီး အဆိုပါ ကီလိုမီတာ လေးသောင်းကျော်အားလုံးသည် ကွန်ကရစ်လမ်းအဆင့် မရောက်သေးဘဲ 40 Percent ခန်သည် မြေသားလမ်းများအဖြစ် ကျန်ရှိနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းပိုင်းများကို ဦးစားပေးပြီး ကတ္တရာလမ်းအဆင့်ထိ ရောက်အောင် ဆက်လက်မြှင့်တင်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ ဦးစားပေးရမည့် လမ်းပိုင်းများများစွာရှိနေသည့်အတွက် အမှတ်()ခရိုင်ချင်းဆက်လမ်းကြီးကို လတ်တလော ဆောင်ရွက် ပေးရန် အစီအစဉ်မရှိခြင်း ဖြစ်ပါကြောင်း၊ သို့သော် ကိုယ်စားလှယ်တော်ကြီးတင်မေးမြန်းခဲ့သည့် ဘုတလင်-သောင်ပြင်အပိုင်းမှ ကလေးဝ-ရေဦး လမ်းအပိုင်းကို ဆက်စပ်ရန် ကွင်းဆင်းတိုင်းတာသွားမည် ဖြစ်ပါကြောင်း၊  ဖြစ်နိုင်ဖွယ်ရှိသည့် အတိုဆုံးလမ်းကြောင်းရှိပါက အဆိုပါအတိုဆုံးလမ်းကြောင်းကို Act First ဆောင်ရွက်ပြီး လာမည့်နှစ်များတွင် ရန်ပုံငွေထည့်ဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။