မန်နောင်ကျေးရွာအုပ်စုသည် အိမ်ခြေ ၁၀၀၀ ကျော်ဝန်းကျင်ရှိပြီး အ.ထ.က ကျောင်းရှိသည့် မြို့သစ်ကျေးရွာနှင့် ၁၂ မိုင်ခန့် ဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲသည့်အတွက် မိုးမောက်မြို့နယ် မန်နောင်ကျေးရွာမှ အခြေခံပညာအထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသား ၁၂၅ ဦးရှိပြီး အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အထက်တန်းအဆင့်သင်ကျောင်းသား ၂၀၀ ဦးနှင့်အထက်ရှိရမည်ဖြစ်၍ သတ်မှတ် မူဘောင်နှင့် မကိုက်ညီပါသဖြင့် ၂၁၀၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ကျောင်းသား ၂၀၀ ဦးရေပြည့်မီသည့်အချိန်တွင် အဆင့်တိုးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
