(က)-ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ဖြတ်လမ်း(၃)တွင်ရှိသည့် ဦးပိုင်အမှတ် ၁၁၈/ခ မြေကွက်၏ မြေစာရင်းမှတ်ပုံတင် ၁/က စာအုပ်၌ မှတ်တမ်းတင်ထားရှိသည့် မြေပုံမိတ္တူကို မိမိအားမည်သည့် အချိန်တွင် မည်သည့်အစီအစဉ်ဖြင့်ထုတ်ပေးပါမည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၁၁.၃.၂၀၁၉)

 

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်ခွဲငယ် () ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ပုဒ်မခွဲ () တို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ကို ဖော်ပြထားပါကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်းဟူသည့် ပြဋ္ဌာန်းချက် ပါဝင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်မခွဲ () ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ () တို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ် များသည် အစိုးရဌာနအဖွဲ့အစည်းများထံမှ  အချက်အလက်များရယူခြင်း လုပ်ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၆ နှင့် ၃၅၇ တို့တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်ရှိသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသား၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်မှုဆိုင်ရာ လုံခြုံမှုတို့ကို ဥပဒေအရ ကာကွယ်ပေးရမည်ဟု  ပြဋ္ဌာန်းထားပါကြောင်း၊

၁၄--၂၀၁၂ ရက်နေ့က ကျောက်ဖြူမြို့နယ်တရားရုံးနှင့် မြေစာရင်းဌာနက တာဝန်ရှိပုဂ္ဂိုလ်များ သည် မိမိတို့၏ရုံးဌာနအရှိန်အဝါကို အသုံးပြုပြီး အထက်ဖော်ပြပါ ဦးပိုင်အမှတ် ၁၁၈/ အိမ်ရာမြေ၏ ၁၀ ပေ၊ ပေ ၅၀ ခန့်ကို မတရားသိမ်းယူပြီး ပိုင်ရှင်ဦးသန်းမြင့်တို့ မိသားစုကို နေရာက ဖယ်ရှားလိုက်ကြပါကြောင်း၊ မိမိအိမ်ရှေ့တွင် ဖြစ်ပွားနေသောမတရားမှုများ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် လွှတ်တော်ကတစ်ဆင့် တာဝန်ရှိသူများကို ပြောဆိုဆွေးနွေး ပြီးတင်ပြနိုင်ရန် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ဖြတ်လမ်း () တွင်ရှိသည့် ဦးပိုင်အမှတ် ၁၁၈/ မြေကွက်၏ မြေစာရင်းမှတ်ပုံတင် /က စာအုပ်၌ မှတ်တမ်းတင်ထားရှိသည့် မြေပုံမိတ္တူကို မိမိအားမည်သည့်အချိန်တွင် မည်သည့်အစီအစဉ်ဖြင့် ထုတ်ပေးပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မြေပုံရေးကူးခွင့်နှင့် ပတ်သက်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမြေစာရင်းလက်စွဲပါ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရပါကြောင်း၊ အဆိုပါ ဥပဒေပါပြဋ္ဌာန်းချက်များဖြစ်သော အခန်း () မှတ်တမ်းများ ကူးယူခွင့်ပြုခြင်း၊ အခန်းငယ် (က) မှတ်တမ်းထိန်းအမှုထမ်းများ ပြဋ္ဌာန်းချက်၊ အခန်းငယ် () မိတ္တူများလျှောက်ထားခြင်း၊ အခန်းငယ် () မှန်ကန်ကြောင်း သက်သေခံမိတ္တူပေါ်တွင် ကပ်ရန်ရုံးခွန်တံဆိပ်ခေါင်းများ ပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရသည့် အခြေအနေဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေအပိုဒ် ၃၈၀၊ ၃၈၅ နှင့် ၃၈၇ ပါ ပြဋ္ဌာန်းချက်များကို လွယ်ကူရှင်းလင်းစွာ ကျင့်သုံးနိုင်ရန်အတွက်လည်း ယခင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန လက်ထက်ကတည်းက ၃-၃-၁၉၉၄ ရက်စွဲဖြင့် အမိန့်အမှတ် /၉၄ ကိုလည်း ထုတ်ပြန်ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း တင်ပြအပ်ပါကြောင်း၊ မြေစာရင်း၊ မြေပုံမှတ်တမ်းများ မိတ္တူရေးကူးခြင်း နည်းလမ်းညွှန်ကြား ချက်နှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိသည့်အနေအထား ဖြစ်ပါကြောင်း၊

ယခုကိစ္စပါ ကျောက်ဖြူမြို့အလယ်ပိုင်းရပ်ကွက် ဦးပိုင်အမှတ် ၁၁၈/ မြေကွက်၏မြေပုံမိတ္တူ ရယူလိုခြင်း ကိစ္စရပ်တွိင် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ သက်ဆိုင်ရာကို တင်ပြချက်များအရ မိမိတို့ဝန်ကြီးဌာနက ပြန်ကြားပေးခဲ့မှုအခြေအနေများနှင့် လွှတ်တော်မေးခွန်းအပေါ် ပြန်လည်ပြီး ဖြေကြားခဲ့မှု အခြေအနေနှင့်စပ်လျဉ်းပြီး နောက်ခံအချက်အလက်များကို ရှင်းလင်းတင်ပြပါမည် ဖြစ်ပါ ကြောင်း၊  မိမိတို့ဝန်ကြီးဌာနကို ၂၀၁၇ ခုနှစ်၊ မေလ ရက် ရက်စွဲဖြင့်ပေးပို့လာခဲ့မှုအပေါ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနရုံးချုပ်၏ ၂၀၁၇ ခုနှစ်၊ ဇူလိုင်က ၂၈ ရက် ရက်စွဲပါ စာဖြင့် ပိုင်ဆိုင်သူ၊ သက်ဆိုင်သူတို့က ရေးကူးပေးရန်လျှောက်ထားပါက ဌာန၏လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်ကြားပေးခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်ရုံးကိုတင်ပြခဲ့မှုအပေါ် ပြည်သူ့လွှတ်တော်ရုံး၏ အကြောင်းကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးရုံး၏ ၂-၈-၂၀၁၇ ရက်စွဲပါစာဖြင့် တောင်းခံသည့် မှတ်တမ်းမြေပုံများကို ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီ မံခန့်ခွဲရေးဦးစီးဌာနမှ ရေးကူး ပေးခဲ့မှုမရှိခြင်း ဖြစ်ပါကြောင်း ပြည်သူ့လွှတ်တော်ကို အကြောင်းပြန်ကြားခဲ့မှု ရှိပါကြောင်း၊ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သော ကြယ်ပွင့်ပြ မေးခွန်းအပေါ် ၉-၉-၂၀၁၈ ရက်နေ့တွင် ဒုတိယဝန်ကြီးကိုယ်တိုင် လွှတ်တော်ကိုတက်ရောက် ဖြေကြားပေးခဲ့ပါကြောင်း၊ ဖြေကြားစဉ်ကတည်းက ကာယကံရှင် သို့မဟုတ် တရားဝင် သက်ဆိုင်သူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူက လျှောက်ထားရန် လိုအပ်မည်ဖြစ်ပြီး အများပြည်သူအကျိုးငှာ မိတ္တူရေးကူးခွင့်ကို မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားပေးပို့လာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးကူးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆက်စပ်မေးခွန်း မေးမြန်းခဲ့ရာတွင် ထည့်သွင်းဖော်ပြ သိရှိခဲ့ရသော ဦးမျိုးသိန်းအမည်ပေါက် ဘိုးဘွားပိုင်မြေကွက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးသို့ မြေစာရင်းပုံစံ (၁၀၅) ရေးကူးပေးခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြေစာရင်းလက်စွဲ ဥပဒေညွှန်ကြား ချက်များအပေါ် လိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ထိုက်သင့်သည့်ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်ခဲ့ခြင်း ရှိခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး သုတေသန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနကြီး၏ အကြောင်းကြားချက်အရလည်း မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်ပေါက်သူကာယကံရှင် သို့မဟုတ် တရားဝင်သက်ဆိုင်သူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူက လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးကူးဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဘရှိန်၏ မေးခွန်းနှင့်ပတ်သက်ပြီး မိမိရှင်းလင်းတင်ပြခဲ့မှု နှင့်အညီ မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကိုယ်စားလှယ်ကြီး၏ လိုအပ်ချက် မြေပုံမိတ္တူကို လျှောက်ထားလာပါက ရေးကူးပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ယခုကဲ့သို့သောဖြေကြားချက်များကို လွှတ်တော်ထဲတွင် မိမိအကြိမ်ကြိမ်ကြားဖူးပြီး ဖြစ်သည့်အတွက် အသစ်အဆန်းမဟုတ်ပါကြောင်း၊ မိမိကလွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်များသည် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ပါကြောင်း၊ လွှတ်တော်ကပြဋ္ဌာန်းထားသည့် ဥပဒေကို ဝန်ကြီးဌာနတစ်ခုက လိုက်နာရန်လိုအပ်သလား၊ မလိုအပ်သလား ဆိုသည်နှင့်ပတ်သက်ပြီး ဆက်စပ်မေးမြန်းလိုပါကြောင်း၊ ဒုတိယဝန်ကြီး ဖတ်ကြားသွားသည်က ၁၉၉၄ ခုနှစ်က ညွှန်ကြားချက်များဖြစ်ပါကြောင်း၊ ၎င်းတွင် ကာယကံရှင်များကတောင်းခံပါက မည်သို့လုပ်ဆောင်မည်ကို ဖော်ပြထားပါကြောင်း၊ မိမိက ကာယကံရှင် မဟုတ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနကို လျှောက်ထားသည့်အခါ တရားဝင်မြေပုံတစ်ပုံ ပေးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ တရားဝင်ပေးခြင်း ဖြစ်ပါကြောင်း၊ ၎င်းကဲ့သို့ထုတ်ပေးသည့်သူကို အရေးယူမည်ဆိုပြီး ခြိမ်းခြောက်စာ မိမိထံရောက်လာပါကြောင်း၊ ခြိမ်းခြောက်ခြင်းသည် ဥပဒေကိုဆန့်ကျင်သည့် အလုပ်ဖြစ်သည်ကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်ကိုအသိပေးလိုပါကြောင်း၊ ယခု တောင်းခံနေသည်က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေများ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့်အညီ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က တာဝန်ရှိသည့်အလျောက် အဆိုပါ မေးခွန်းကိုမေးမြန်းရန်အတွက် လိုအပ်သည့်အထောက် အထားများကို လိုအပ်သည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၆၊ ၃၅၇ တို့တွင် အကာအကွယ် ပေးရမည်ဆိုသည့် အကာအကွယ်များကို ပေးနိုင်စေရန် မေးခွန်းမေးမြန်းနေခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်ဆိုင်ရာဥပဒေကို လေးစားလိုက်နာပြီး ဝန်ကြီးဌာနက မိမိတောင်းခံသည့်မြေပုံကို ထုတ်ပေးရန် တာဝန်မရှိဘူးလား ဆိုသည်ကို သိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ပြည်သူ့လွှတ်တော်ဥပဒေပုဒ်မ ပုဒ်မခွဲ () နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ () တွင် ပြဋ္ဌာန်းထားသော လွှတ်တော်တွင်တင်ပြ ဆွေးနွေးမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့် ယင်းတို့ကိုကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ၏ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ဖြစ်စေ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် အချက်အလက်ရယူခြင်းဆိုသည့်ပြဋ္ဌာန်းချက်ကိုကိုးကားပြီး ယခုလွှတ်တော် ကိုယ်စားလှယ်ကြီးအနေဖြင့် မြေပုံမိတ္တူရယူလိုမှု အခြေအနေဖြစ်ကြောင်း သုံးသပ်ရရှိပါကြောင်း၊ အဆိုပါ မြေပုံရရှိလိုမှုနှင့် စပ်လျဉ်းပြီး မိမိတို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက လက်ရှိကျင့်သုံး ဆောင်ရွက်လျက်ရှိသော မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မြေပုံမိတ္တူရယူလိုသည့်အခါ ဆောင်ရွက်ရမည့် အချက်အလက်များကို မိမိတို့အသိပေး စီမံဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး အနေဖြင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် ဥပဒေများနှင့်အညီ မြေပုံကိုတောင်းခံ ပိုင်ခွင့်ရှိပါကြောင်း၊ ထိုကဲ့သို့တောင်းခံရာတွင် သက်ဆိုင်ရာဌာနက စောင့်ထိန်းလိုက်နာရသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအပေါ် လိုအပ်ချက်များနှင့်စပ်လျဉ်းပြီး ယူဆောင်ရမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ပေးနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆၊ ၃၅၇ ပါပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့်အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများကို အကာအကွယ် ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေရခြင်း ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး အနေဖြင့် ကာယကံရှင်၏ ကိုယ်စားပြုမှုကို ရယူပြီး သက်ဆိုင်ရာမြို့နယ်တွင် လာရောက်လျှောက်ထားပါက ဥပဒေနှင့်အညီဆောင်ရွက် ပေးလိုသည့် ဆန္ဒရှိသည့်အလျောက် ဆောလျင်စွာဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။