၁၉၆၁ ခုနှစ်က တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးဆေးရုံကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ အမျိုးသမီးနှင့်ကလေး သီးသန့်ဆေးရုံ ဖြစ်သည့်အတွက် ပြည်သူများအလွန် အားကိုးအားထားပြုနေ ရသော ဆေးရုံဖြစ်ပါကြောင်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံစသည့် မြို့သစ်များပေါ်ပေါက် လာသည့်အတွက် ဆေးရုံသို့လာရောက် ပြသသော လူနာအရေအတွက်လည်း ပိုမိုများပြားလာခဲ့ပါကြောင်း၊ ဆေးရုံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာနေပြီဖြစ်ခြင်း၊ လူနာများတဖြည်းဖြည်း များပြားလာခြင်းတို့ကြောင့် ၂၀၁၆ ခုနှစ်မှစတင်၍ လေးထပ်ဆေးရုံ အဆောက်အဦသစ်ကို တိုးချဲ့ဆောက်လုပ်ခဲ့ပါကြောင်း၊ ဆေးရုံ အဆောက်အဦသစ်ကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆောက်လုပ်ခဲ့ရာ မီနီဘတ်ဂျက် အပါအဝင် ဘတ်ဂျက်ကာလ လေးကြိမ်ရရှိခဲ့ပြီး ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း ယနေ့အချိန်ထိ လက်စသတ်နိုင်ခြင်း မရှိဘဲဖြစ်နေပါကြောင်း၊ ဆေးရုံအဆောက်အဦ အဟောင်းတွင် သစ်သားကို အခြေခံပြီး ဆောက်လုပ်ထားသည့်အတွက် ဆေးရုံအဆောက်အဦအသစ် ပြီးစီးရန်လည်း လိုအပ်လျက် ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ဆေးရုံအဆောက်အဦအသစ်၏ ဆောက်လုပ်ရေး လုပ်ငန်းများပြီးစီးပြီး ကုသရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် ပြည်သူများမှ လိုအား မျှော်လင့်လျက် ရှိပါသဖြင့် တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး ၄ ထပ်ဆောင်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ အသစ်ဖွင့်လှစ်ပြီး ဆေးကုသရေး လုပ်ငန်းများ စတင်ပေးနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ဆေးရုံကို ၂၀၁၆-၁၇ ခုနှစ်တွင် သန်း ၆၀၀ ၊ ၂၀၁၇-၁၈ ခုနှစ်မှာ သန်း ၇၀၀ ချထားပေးပါကြောင်း၊ ၂၀၁၈ ခုနှစ် ခြောက်လ ဘတ်ဂျက်မှာ သန်း ၇၅၀ ၊ ၂၀၁၈-၁၉ ခုနှစ်တွင် သန်း ၁၀၀၀ ချထားပြီး ဆောက်လုပ်ရေးအထူးအဖွဲ့ (၂) နှင့် ဆောက်လုပ်လျက်ရှိရာ ယခု ဖေဖော်ဝါရီလထိ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၎င်းဆေးရုံကြီးလေးထပ်ဆောင်ကို သန်းပေါင်း ၃၆၁၆.၁၄၂ ရည်ရွယ်ထား ပါကြောင်း၊ သန်း ၃၀၅၀ ပေးထားပြီး ဖြစ်ပါကြောင်း၊ ၅၆၆.၁၄၂ သန်း ကျန်နေပါကြောင်း၊ ကျန်ရှိသည့်ငွေကို ဖြည့်စွက်ရန်ပုံငွေ ၂၀၁၈-၁၉ ခုနှစ် တွင် တောင်းခံထားပါကြောင်း၊ အကယ်၍ ဖြည့်စွက်ရန်ပုံငွေရရှိပါက ယခုနှစ်တွင် ပြီးသွားမည် ဖြစ်ပါကြောင်း၊ ဖြည့်စွက်ရန်ပုံငွေ မရခဲ့ပါက ၂၀၁၈-၁၉ ခုနှစ် ငွေလုံးငွေရင်းတွင် ထည့်ပြီး တောင်းခံပေးမည် ဖြစ်ပါကြောင်း၊ ၎င်းလေးထပ်ကြီး ဆောက်လုပ်ပြီး ပါက Ground Flow တွင် ဓာတ်ခွဲ၊ ဓာတ်မှန်၊ Ultrasound ၊ သွေးလှူ ဘဏ်၊ Special OPT ၊ ပထမထပ်တွင် IC Youth ၊ မွေးစကလေးများအတွက် Warmer Room ၊ Isolation Room ၊ Meeting နှင့် Conference Hall လို Training အခန်းများထားမည် ဖြစ်ပါကြောင်း၊ ဒုတိယထပ်တွင် မွေးကင်းစကလေး၊ တစ်လအောက်ကလေး၊ မွေးခန်းများထားရှိမည် ဖြစ်ပါကြောင်း၊ မွေးခန်းတွင် ရိုးရိုးမွေးခန်းနှင့် Infraction ရသည့် အမျိုးသမီးများထားရန်အတွက် သတ်သတ်ထားမည် ဖြစ်ပါကြောင်း၊ တတိယထပ်တွင် Operation Theatre ခန်း၊ Operation Theatre ခန်းတွင် Septic Operation Theatre နှင့် Ordinary Operation Theatre ၊ ဓာတ်လှေကားလည်း ရှိပါကြောင်း၊ မိမိတို့က ဖြစ်နိုင်လျှင် ဖြည့်စွက်တွင် ရရန်ကြိုးစားသွားမည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း Special Request လုပ်မည် ဖြစ်ပါကြောင်း၊ ဖြည့်စွက်တွင် ကျန်သည့်သန်း ၅၀၀ ကျော်ကို ပေးရန်ဖြစ်သော်လည်း ၎င်းဆေးရုံကြီးကို ပြန်ကြည့်သည့်အခါ Bed Occupancy Rate နှင့် ခုတင် ၁၅၀ ရှိပါကြောင်း၊ Bed Occupancy Rate က ၁၀၀ မကျော်ပါကြောင်း၊ ၆၀၊ ၇၀၊ ၆၆ ပတ်ဝန်းကျင်သာ ရှိပါကြောင်း၊ သို့သော်ဆေးရုံတွင် တက်သည့်လူနာ၏ Average duration of days ၄.၂ ရက် ဖြစ်သည့်အတွက် ကုသမှုပြောင်မြောက်ခြင်း၊ ကောင်းသည်ဟု ယူဆနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
