ကျန်းမာသန်စွမ်းသည့်နိုင်ငံသူ နိုင်ငံသားများဖြစ်ရန် အားကစားကဏ္ဍမြှင့်တင်ရေးသည် ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သဖြင့် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ကြီးအနေဖြင့် အားကစားနှင့် စပ်လျဉ်းသည့်မေးခွန်းများကို လာရောက်ဖြေကြားတိုင်း ခိုင်ခိုင်မာမာဖြေကြားသည်ကို မိမိတို့ အလွန်အားရ ကျေနပ်ခြင်းနည်းတူ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသားပညာရေးစီမံကိန်းတွင် အားကစားကဏ္ဍကို အထူးတလည်ထည့်သွင်း ရေးဆွဲထားကြောင်းလည်း သိရှိရပါသည်။ မူများချထားသည်မှာလည်း အလွန်ကောင်းပါကြောင်း၊ အဓိကလိုအပ်ချက်က အကောင် အထည်ဖော်မည့် လူလိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ ကျောင်းများတွင် ဆရာမဦးရေက များသည့်အပြင် ကာယ ဆရာဆိုသည့် ရာထူးကလည်း ကျောင်းများ၏ လိုအပ်ချက်အရ စာသင်ကြားရေးအတွက် စာသင်ခန်းထဲက မထွက်နိုင်ကြသဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ မလုပ်နိုင်ကြခြင်းဟု ထင်မြင်မိပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အဆင့် အား/ကာမှူးများကို ကျောင်းအားကစား ပြိုင်ပွဲများအတွက် ပံ့ပိုးကူညီရေး ညွှန်ကြားပေးစေလိုပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားလက်ရွေးစင် အားကစားသမားများ အဓိကမွေးထုတ်ပေးသည့် မူလအရင်းအမြစ်ဌာနဖြစ်သည့် ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ လှုပ်ရှားမှုများ မလုပ်နိုင်သည့်အကျိုးဆက်က ယနေ့ နိုင်ငံတကာပြိုင်ပွဲများ၊ အာဆီယံဒေသတွင်း ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိသည့် အခြေအနေအရ မြန်မာနိုင်ငံ၏ အားကစားအဆင့် အတန်းကို ပြသနေပါကြောင်း၊ ယမန်နေ့က ကျင်းပပြီးစီးသွားသည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါကြောင်း၊ အိမ်ရှင်အခွင့်အရေးဖြင့် အင်ပြည့်အားပြည့်ဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း အဆင့် (၄) နေရာဖြင့် ကျေနပ်နှစ်သိမ့်ခဲ့ရပါကြောင်း၊ တင်ပြပါ အခြေအနေများအရ ပါရမီရှင်ကစားသမားများကို မွေးထုတ်ပေးနိုင်ရန်အတွက် နိုင်ငံအဝန်းတွင်ရှိသည့် အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရန် လိုအပ်သည်မှာ သိသာထင်ရှားစေပါကြောင်း၊
မိမိအနေဖြင့် အလေးအနက်ထားတင်ပြလိုသည်မှာ ဝန်ကြီးဌာနများက ချမှတ်ထားသော မူဝါဒများ လက်တွေ့အကောင်အထည် ဖော်နိုင်ရေးအတွက် ထိရောက်စွာတွန်းအားပေး လုပ်ဆောင်စေလိုပါကြောင်း၊ ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို မဖြစ်မနေကျင်းပနိုင်ရေး စီမံချက်များရေးဆွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းအကောင်အထည်ဖော် ပေးစေလိုပါကြောင်း၊ စီမံချက်များရေး ဆွဲနေဆဲကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် အားကစားပစ္စည်းများ၊ ဆက်စပ်အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်းအားဖြင့် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြန်လည်အသက်ဝင်လာပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ကျန်းမာသန်စွမ်းသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ကနဦးတွန်းအားတစ်ခု ဖြစ်နိုင်မည်ဟု ယုံကြည်သည့်အတွက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများတွင် လိုအပ်လျက်ရှိသော အားကစားအထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ပြီး ၂၀၁၆-၁၇ ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဘောလုံးနှင့် ဘောလီဘော ၃၆၈ လုံးပေးပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ဘောလုံးနှင့်ဘော်လီဘော ၁၃၈ လုံး ပေးသည့်အတွက် စုစုပေါင်း ဘောလုံး ၅၀၆ လုံး၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် မေးခွန်းတွင်လည်း ဂိုးတိုင်နှင့် Net များလည်း ဒီဇင်ဘာလအတွင်း ပေးရန်ရည်ရွယ် ထားပါကြောင်း၊ အကယ်၍ မရဘူးဆိုလျှင် မိမိတို့ထံသို့ တိုက်ရိုက်အကြောင်းကြား နိုင်ပါကြောင်း၊ မိမိတို့ဘက်မှ ပေးရန်ရည်ရွယ် ထားသည်မှာ ကချင်ပြည်နယ်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့ပေါ်တွင်ရှိသည့် အ.ထ.က (၁)၊ အ.ထ.က (၂) ကျောင်းများကို ပြည်ပကတင်သွင်းသော ဘောလုံး သုံးလုံးစီနှင့် Net မရှိလျှင်လည်း Net ပေးပါမည်၊ ဘတ်စကတ်ဘောကိုလည်း ပြည်ပကနေ သုံးလုံးစီပေးပါမည်၊ ဘောလီဘောကလည်း ပြည်ပက သုံးလုံးစီ ပေးပါမည်၊ ပိုက်ကျော်ခြင်းကလည်း ပြည်ပက သုံးလုံးစီပေးမည့်အပြင် မြို့ပေါ်တွင်ရှိသည့် အ.ထ.က (နောင်ကိုင်တော်) ကျောင်းသို့လည်း ပြည်ပကနေ တင်သွင်းသည့် ဘောလုံးသုံးလုံး၊ ပိုက်ကျော်ခြင်း သုံးလုံးပေးပါမည်၊ ထို့ပြင် မြို့နယ်အတွင်းရှိသည့် အ.ထ.က ငါးကျောင်းနှင့် အ.ထ.က(ခွဲ) ခုနစ်ကျောင်း တို့ကလည်း ပြည်ပကတင်သွင်းသည့် ဘောလုံးနှစ်လုံးစီ ပေးပါမည်၊ ထို့ကြောင့် မိမိတစ်ခု တင်ပြချင်သည်မှာ ကျောင်းသားများ အားကစားအတွက်ကို Outdoor Equipment ကို မိမိတို့ သွင်းပါကြောင်း၊ သွင်းသည့်အခါ ၂၀၁၆-၁၇ ခုနှစ် စပြီး အစိုးရတက်သည့်အချိန်တွင် အစုံ ၄၀၀ ဝယ်ပါကြောင်း၊ တစ်စုံကို လေးမျိုးပါပြီး တစ်ခုကို ၇၂၀၀၀၀ ကျပါကြောင်း၊ ထို့ကြောင့် အစုံ ၄၀၀ ကို ၂၀၁၇-၁၈ ခုနှစ်တွင် အစုံ ၁၀၀ ဝယ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ခြောက်လပိုင်းမှစပြီး နိုင်ငံခြားက ဝယ်ပါကြောင်း၊ နိုင်ငံခြားက ဝယ်သည့်အခါ တစ်စုံကို ၁၄၀၀၀၀ ပိုကုန်ပါကြောင်း၊ သို့သော် နိုင်ငံခြားကဝယ်သည့် ပစ္စည်း Ball Frame များက အရမ်းကောင်းသည့်အပြင် သုံးနှစ်အာမခံဖြစ်ပြီး သံချေးမတက်ပါကြောင်း၊ ပြည်တွင်းတွင်ဝယ်သည့် ပစ္စည်းက သံချေးတက်ပြီး Ball Frame အကောင်းသည့်အတွက် မကြာခင်အသံများမြည်ပြီး အလုပ်မလုပ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပပစ္စည်းဝယ်ယူရန် မတတ်နိုင်ပါကြောင်း၊ သို့သော် ဝယ်ဖို့ရှိသည့် အခြေအနေမှာ ၂၀၁၈-၁၉ ခုနှစ်တွင် ပိုက်ဆံလည်း လျာထားပြီး အစုံ ၂၀၀၀ ဝေပါမည်၊ တစ်စုံကို လေးခုပါပါကြောင်း၊ ပါရှိသည့်အစုံထဲတွင် တချို့က ကစားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် သိပ်မကစားသည့် ပစ္စည်းကို မဝယ်ပါကြောင်း၊ ဆိုလိုတာက တစ်စုံမှာ လေးခုပါပြီး ၎င်းလေးခုတွင် မိမိတို့ကရွေးလို့ရပါကြောင်း၊ ငွေကြေးအရ ကွာဟမှုရှိသော်လည်း လူအများကစားသည့် အစုံကို ဝယ်ယူရန်အစီအစဉ် ရှိပါကြောင်း၊ အစုံ ၂၀၀၀ ဝယ်ပါမည် ဖြစ်နိုင်လျှင် ၂၀၀၀ မက ယခုနှစ်တွင် ၄၀၀၀ ဝယ်သင့်လျှင် ဝယ်ပါမည်။ ၄၀၀၀ ဝယ်နိုင်ခြင်းမှာလည်း ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ကျန်းမာရေးကနေပြီး ၂၄ ဘီလီယံခန့် အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ထည့်ပေးထားပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရလုပ်ပြီး ပိုက်ဆံလွှဲပြီးလျှင် ပိုဝယ်ပါမည်။ ပိုဝယ်သည့်အပြင် တစ်ခုတင်ပြချင်သည်မှာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးသည် မိမိထံကို ခဏခဏလာတောင်းပါကြောင်း၊ Outdoor Equipment ၊ Outdoor Equipment ၊ မိမိပေးပါမည်၊ ဇန်နဝါရီမတက်ခင် စည်ပင်ထဲတွင် Badminton Cote ရှိလျှင် Rocket Net အကုန်ပေးပါမည်၊ Table Tennis ခုံလည်း ပေးပါမည်၊ Gym များလည်းရှိပါသည်။ ရှိသည့်ပစ္စည်းများကို Update အကုန်လုပ်ပေးပါမည်၊ စက်ဘီးကိုလည်း ပထမ အစီး ၅၀ ဝယ်ထားပါကြောင်း၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိတွင် မည်သူမဆို ကစား၍ရပါကြောင်း၊ ဝန်ထမ်းများ၊ ID Card များလည်း စီးလို့ရပါကြောင်း၊ အလားတူ Catch Run အနေဖြင့် စည်ပင်ထဲကို အမျိုးသမီးစီး သုံးစီး၊ အမျိုးသားစီးသုံးစီး ပေးပါမည်၊ ထို့ကြောင့် ကျန်းမာမှသာလျှင် စိတ်ကြည်လင်မှုရှိခြင်း၊ ဦးနှောက်က အရမ်းကြည်လင်ခြင်း Exercise လုပ်မှ ဖြစ်မည်အတွက် မိမိမှ အကုန်ပြုလုပ်ပေးမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပြည်သူများအားလုံး ကျန်းမာမှ National Finished ရမှသာလျှင် မိမိတို့နိုင်ငံသည် အများကြီးတိုးတက်မည် ဖြစ်သည့်အတွက် သေသေချာချာလုပ်ပေးပါမည်။ ထို့ကြောင့်လည်း ၂၄ ဘီလီယံကို ကျန်းမာရေး အိတ်ထဲကနေဖဲ့ပြီး ပေးထားခြင်းဖြစ်ပါကြောင်း၊ အကယ်၍ မရဘူးဆိုလျှင် ချက်ချင်းဖုန်းဆက်ပါ မဖြစ်မနေလုပ်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းနိုင် (မိုးကောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျောင်းများတွင် အဓိကပြိုင်ပွဲများကျင်းပရန်အတွက် ကျင်းပပေးမည့်သူ လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ ဆရာမများသည့်အတွက်လည်း အားကစားနည်းစနစ်များ မကျွမ်းကျင်ခြင်း၊ ကွင်းများမဖောက်နိုင်ခြင်း ၎င်းအရာများကို မသိခြင်းက ပြိုင်ပွဲများမကျင်းပနိုင်သည့် အဓိကအချက်ဖြစ်သည်ဟု ယူဆပါကြောင်း၊ ထို့အတွက်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးလက်အောက်ရှိ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေဖြင့် ယခုလိုကျောင်းတွင်း ပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြိုင်ပွဲအသီးသီး အတွက် ဒိုင်လိုအပ်ချက်များ၊ နည်းစနစ်လိုအပ်ချက်များ၊ လေ့ကျင့်ရေးသင်တန်းများကို ပံ့ပိုးကူညီပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မြို့နယ်အဆင့် အားကစားမှူးများအားလုံးသည် School Healthy ဖြင့် သွားပြီး ကျောင်းများတွင်ရှိသည့် ကာယဆရာများနှင့်ပေါင်းပြီး လုပ်ပေးရန်ရှိပါကြောင်း၊ ထို့အပြင် Index School Inter Universal Game ကိုလည်း လုပ်ရန် မနေ့က ပညာရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ လုပ်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်မည်ပြီးလျှင် The Whole Country နိုင်ငံတော်အဆင့် အကုန်လုပ်ရန်လည်း ရှိပါကြောင်း၊ သို့မှသာလျှင် မိမိတို့ ပြိုင်ပွဲများတွင် နိုင်မည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
