(ဃ)- နန်းယွန်းမြို့နယ်၊ နန်းယွန်း-ပန်ဆောင်ကြား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ဆိုင်သော လမ်းအပိုင်းမှ မြေသားလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၉.၁၂. ၂၀၁၈)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တစ်ခုအပါအဝင်ဖြစ်သည့် နန်းယွန်းမြို့နယ်သည် အခြားမြို့နယ်များ နှင့် နှိုင်းယှဉ်လျှင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးဒေသတစ်ခု ဖြစ်ပါကြောင်း၊ ပြည်သူလူထုတို့၏ လူနေမှုဘဝ တိုးတက်မြင့်မားရန် အခြေခံကျသည့် အရာများတွင် လမ်းပန်းဆက်သွယ်ရေးသည် မရှိမဖြစ်အရေးကြီးပါကြောင်း၊ မိုးများသောဒေသဖြစ်၍ မိုးရာသီတွင် လမ်းများအလွန်ဆိုးရွားပါကြောင်း၊ အထူးသဖြင့် မြို့နယ်ချင်းဆက်လမ်းဖြစ်သည့် နန်းယွန်း-ပန်ဆောင်ကြားလမ်းကို ရာသီမရွေး သွားလာနိုင်သည့် လမ်းမကြီးအဖြစ် အမြန်ဆုံးဖြစ်စေချင်ပါကြောင်း၊ ယခုအချိန်ထိ မိုးတွင်းကာလ ဆိုင်ကယ်နှင့်ပင် တစ်နေကုန် ခက်ခက်ခဲခဲ သွားလာနေကြရကြောင်း၊ ဤသို့သွားလာရေးခက်ခဲမှုကြောင့် ကုန်ဈေးနှုန်းမြင့်မားမှု၊ ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်း သယ်ယူရန်ခက်ခဲမှု၊ စက်သုံးဆီနှင့် တည်ဆောက်ရေးပစ္စည်းများ သယ်ယူရန်ခက်ခံမှုစသဖြင့် အမျိုးမျိုးကြုံတွေ့နေကြရကြောင်း၊ မူလပစ္စည်းဝယ်ယူနှုန်းထက် တန်ဆာခက ခြောက်ဆခန့် ပိုပေးနေရကြောင်၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ သတ်မှတ်ကာလတွင် အပြီးသတ်နိုင်ရန် ခက်ခဲပါကြောင်း၊ နန်းယွန်း-ပန်ဆောင်ကြားလမ်း မကောင်းသည့်အတွက်ကြောင့် ပန်းဆောင်မြို့နှင့် အနီးတဝိုက်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သောအခါ တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုရမည့် သဲ၊ သဲကျောက်၊ ဘိလပ်မြေများကို အိန္ဒိယဘက်မှ ရူပီးငွေ ဈေးကြီးကြီးပေး၍ ခက်ခက်ခဲခဲ ဝယ်ယူအသုံးပြုကြရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လျှင် သွားလာရန် အဆင်ပြေမည့်အပြင် ကုန်ဈေးနှုန်းများလည်း လျော့ကျလာမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လူနေမှုအဆင်‌့အတန်း မြင့်မားလာပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက နှစ်စဉ်ချပေးသည့် ဘတ်ဂျက်များဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများကိုလည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် နန်းယွန်း-ပန်ဆောင်ကြား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ဆိုင်သော လမ်းအပိုင်းမှ မြေသားလမ်းအား ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်း-ပန်ဆောင်လမ်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၃၄ ပေအကျယ် မြေသားလမ်းအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူ ဖောက်လုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် အမာခံမြေသားလမ်း ၁၈ မိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနအား လွှဲပြောင်းခဲ့ကြောင်း၊ နန်းယွန်း-ပန်ဆောင်လမ်း ၃၄/၃ မိုင်နှင့် စပ်လျဉ်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ ခွဲဝေဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၃၄ ပေအကျယ် မြေသားလမ်း ၃၄/၃ မိုင်၊ ကျောက်လမ်း ၁၄ မိုင်၊ ဘေလီတံတားငါးစင်း၊ သံကူကွန်ကရစ်တံတား ၁၃ စင်း၊ Box Culvert ၁၃၉ စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်း ၅ မိုင်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အိန္ဒိယအထောက်အပံ့ဖြင့် အိန္ဒိယ-မြန်မာနယ်စပ်မှ ပန်ဆောင်မြို့သို့ ကတ္တရာလမ်း ၂/၃ မိုင်ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အတူ တတိယအကြိမ် အိန္ဒိယအထောက်အပံ့ ၅ မိုင်တံတားမှ နောင်ယန်းရွာအထိ ကျောက်လမ်းတစ်မိုင်ကိုလည်း ဆောင်ရွက်ပေးပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၆ ပေ Box Culvert နှစ်စင်းကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နန်းယွန်း-ပန်ဆောင်ကြား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်သောလမ်းအပိုင်းမှာ ကျောက်လမ်းခင်းရန် ၇ မိုင်ကျန်ရှိပါကြောင်း၊ ကျန်ရှိသော ၇ မိုင် အနက် ကျောက်လမ်း ၆ မိုင်ကို ဆောင်ရွက်ရန် စတုတ္ထအကြိမ် အိန္ဒိယ အထောက်အပံ့တွင် လျာထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။