မတ်လ ၁၃ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်ခြင်းကို နမူနာထား၍ အခြားကိစ္စရပ်များတွင်လည်း ပြဿနာတစ်ရပ်ပေါ်ပေါက်ပြီးမှ ဖြေရှင်းဆောင်ရွက်ခြင်းထက် ပြဿနာ မဖြစ်စေရန် ကြိုတင်စီမံဆောင်ရွက်ခြင်းမှာ အရေပါသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အသက်များ အပါအဝင် အခြားကြီးမားတဲ့ဆုံးရှုံးမှုများ မဖြစ်ပေါ်ပြီးစေရန် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ မေးခွန်း(၁) ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိနေသည့် ၃၀ ကြာမြင့်နေပြီးဖြစ်သော တရုတ်ပြည်ထုတ် ကမ်းရိုးတန်းသွားရေယာဉ်များအား စံချိန်ပြည့်မီ ရေယာဉ်အသစ်များဖြင့် အစားထိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၂) ပုဂ္ဂလိကပိုင်အမြန်ယာဉ်၊ ရှပ်ပြေးယာဉ်များနှင့် အစိုးရပိုင်ကမ်းရိုးတန်းသွား ရေယာဉ်များအား ခရီးပေနှင့် ကုန်ပစ္စည်းအလေးချိန်များ အလွန်အကျွံပိုတင်ဆောင်ခြင်းများကို စနစ်တကျစီစဉ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် စီမံထားမှုများ၊ အသက်ကယ်အင်္ကျီအပါအဝင် အရေးပေါ်အခြေအနေရှိပါက သင်္ဘောမှထွက်ခွာနိုင်ရန် အစီအစဉ် ထားမှုများ ခရီးသည်များအား ရေယာဉ်များနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ကြိုတင်အသိ ပေးခြင်းများ၊ ညွှန်ကြားချက်များ ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။
(င)-ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိနေသည့် သက်တမ်း ကြာမြင့်နေသော ရေယာဉ် များအား စံချိန်ပြည့်မီသည့်ရေယာဉ် အသစ်များဖြင့်အစား ထိုးပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၅)ရက်မြောက်နေ့ (၁၃.၅.၂၀၁၅)
မေးမြန်းသူ
အဖြေ
မိမိတို့ အောင်တံခွန်ရေယာဉ် ၃ ဖြစ်ပြီးသည့် နောက်ပိုင်း မတ်လ ၂၃ ရက်နေ့ တွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ချိုက်ကာရိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မိမိတို့ ရခိုင်ဒေသည် ရေကြောင်းပို့ဆောင်ရေးကို အဓိကအားထားနေရသည့် ဒေသဖြစ်သည့်အတွက် လက်ရှိ ရခိုင်ဌာနခွဲတွင် သယ်ယူပို့ဆောင်ပေးလျက်ရှိသည့် ရေယာဉ် ၁၂ စီးခန့်သာရှိပြီး သက်တမ်းကြာမြင့်နေပြီ ဖြစ်သည့်အတွက် ခရီးသည်နှင့်ကုန်စည် ပို့ဆောင်ရာတွင် ပိုမိုလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဂျပန်အစိုးရ အနေဖြင့် ရခိုင်ဒေသနှင့်သင့်လျော်မည့် ရေယာဉ်များကို ကူညီဖြည့်ဆည်းပေးစေလိုကြောင်း ညှိနှိုင်းခဲ့ပြီး သံအမတ်ကြီးထံကိုလည်း ၂၄ ရက်နေ့တွင် အကူညီတောင်းခံသည့်စာကို ပေးပို့ခဲ့ပါကြောင်း၊ ဒီကိစ္စနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံမှ အသုံးပြုနေသည့် ရေယာဉ်များနှင့် မိမိတို့ယခု အသုံးပြုမည့် ဒေသနှင့်ပတ်သက်ပြီး ရေယာဉ်အဟောင်းများကို လောလောဆယ်ရှာဖွေမတွေ့ရှိသေးပါကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ရေကြောင်းသွားမှုလုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်းပြီး လေ့လာဆန်းစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက်ကို ဂျပန်နိုင်ငံမှ မိမိတို့ Plus KNK က Mr.Yuji FUNATSU ဦးဆောင်သည့်အဖွဲ့ဝင် ၅ ဦးပါသောအဖွဲ့သည် မြန်မာနိုင်ငံကို မေလ ၁၀ မှ ၂၀ ရက်နေ့အတွင်း စေလွှတ်ပြီး ဒီရေကြောင်းပို့ဆောင်ရေးက ရေယာဉ်များကို ကြည့်ရှုပြီး ပြည်တွင်းရေကြောင်း၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အစီရင်ခံစာကို ဂျပန်သံရုံးမှတစ်ဆင့် တင်သွင်းပါမည်ဖြစ်ပြီး ၎င်းအစီရင်ခံစာပေါ်မှရရှိသည့် အချက်များ မိမိတို့ ဝန်ကြီးဌာနအတွင်း ပြည်တွင်းရေကြောင်းနှင့် ဆောင်ရွက်နေသည့် အချက်အလက်များပေါ် မူတည်ပြီး ရခိုင်ဒေသအတွင်းသာမက ကျန်ရှိ ပြည်တွင်းရေကြောင်းနေရာများတွင် ဟောင်းနွမ်း ရေယာဉ်များကို အစားထိုးရန် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပိုင် အမြန်ရေယာဉ် ရှပ်ပြေးယာဉ်များနှင့် ပတ်သက်၍ ရှပ်ပြေးယာဉ်များနှင့် အစိုးရပိုင်ကမ်းရိုးတန်းသွားရေယာဉ်များသည် ခရီးသည်ကုန်စည်အလေးချိန် အလွန်အကျွံ ပိုမိုတင်ဆောင်နေခြင်းကို စနစ်တကျစီမံပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနအား ခရီးသည်နှင့်ကုန်စည်များကို သတ်မှတ်ထားသည်နှင့် ပိုမိုတင်ဆောင်ခြင်းမပြုရန် ကြီးကြပ်ခြင်းနှင့် လိုက်နာရန်အားနည်းခြင်းများ ရှိနေပါကြောင်း၊ ထို့ကြောင့် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ရေယာဉ်များမှတ်ပုံတင်စဉ်က ရေယာဉ်များ ကုန်ဘယ်လောက် တင်ရမည်ဆိုတာကို ရေယာဉ်၏ တည်ငြိမ်မှု Stativity Taste အရစစ်ဆေးပြီး ရရှိလာသည့် အဖြေအရအများဆုံး တင်ဆောင်ခွင့်ပြုသည့် ခရီးသည်အရေအတွက်ကို သတ်မှတ်ပေးပါကြောင်း၊ ရေ လည်ပိုင် Free သတ်မှတ်ချက်ကို လည်း ကန့်သတ်ပေးထားပါကြောင်း၊ အတည်ပြုထုတ်ပေးထားသည့် Certificate Of Service ကိုထင်ရှားစွာ ထည့်သွင်းရိုက်နှိပ်ထားပြီး ရေယာဉ်တွင်ချိတ်ဆွဲထားရခြင်းဖြစ်ပါကြောင်း၊ ရေလွတ်ပိုင်းသတ် မှတ်ချက်မည်မျှရှိရမည်ကို ရေးသာဖော်ပြရန်နှင့် ထပ်တိုးဆောင်ရွက်သွားရန်လည်း စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ခရီးသည်နှင့် ကုန်စည်များတင်ဆောင်ခြင်းအတွက် ရေယာဉ်စည်းကမ်း ထိန်းသိမ်းခြင်းအဖွဲ့မှ ကြပ်မတ်ကွပ်ကဲသည့် စနစ်ကိုလိုက်နာကျင့်သုံးသွားရန်နှင့် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ကြိုတင်ကာကွယ်မှု၊ ပြုလုပ်နိုင်ရန်စီမံထားမှု၊ အသက်ကယ်အင်္ကျီ အပါအဝင် ခရီးသည်များအား ရေယာဉ်များနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ကြိုတင်အသိပေးခြင်းများ ပြုလုပ်ပေးနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် ပတ်သက်ပြီး ရေယာဉ်၏ အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန် တင်ဆောင်ခွင့်ပြုထားသည့် ခရီးသည်အရေအတွက်ဖြင့် ကိုက်ညီသည့် အသက်ကယ်အင်္ကျီများ ထားရှိရမည့် သက်မှတ်ချက်သည် ခရီးသည်များအန္တရာယ်ကင်းရှင်းရေး ရေယာဉ်များ လိုက်နာကျင့်သုံးရန် အရေးပေါ် အခြေအနေ စီမံခန့်ခွဲဆောင်ရွက်ခြင်းကို ခရီးသည်တင်ရေယာဉ်များ စီမံချက်နှင့် မိမိတို့ Safety Sentence တိုးမြှင့်ဆောင်ရွက်ခြင်းကို Romantics Result Safety Sentence Management Assistance ခရီးသည်တင်ရေယာဉ်များ ဘေးကင်းလုံခြုံရေးအဆင့် တိုးမြှင့်ရေး စီမံချက်ကို မြစ်တွင်းသွား River Crust နိုင်ငံခြားသားခရီးသည်တင် ရေယာဉ်များမှာ ၂၀၁၂ ခုနှစ်ကပင် စတင်ကျင့်သုံးစေလျက်ရှိပြီး အခြားခရီးသည်တင်ရေယာဉ်များမှာလည်း ၎င်းစနစ်ကို လိုက်နာကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ဖြစ်ပေါ်ခဲ့သည့် အောင်တံခွန်-၃ ရေယာဉ်နစ်မြှုပ်မှုဖြစ်စဉ်အရ ဒီစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာလည်း အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစီမံချက်ကို အချက်သုံးချက်ထည့်သွင်းဖော်ပြပါကြောင်း၊ (၁)ယာဉ်၏ တည်ဆောက်ထားမှုအပိုင်းများကို ပြန်လည်စစ်ဆေးရန်လိုအပ်ပါက ပြန်လည်ပြင်ဆင်စေခြင်း၊ (၂)ရေယာဉ်တွင် ထားရှိရမည့် အရေးပေါ်နှင့် အသက်ကယ်သုံး ပစ္စည်းများထားရှိသည်ကို စစ်ဆေး၍ လိုအပ်သည် များထပ်မံဖြည့်ဆည်းစေခြင်း၊ (၃) အရေးပေါ်အခြေအနေအမျိုးမျိုးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လုပ်ဆောင်ရမည့်သူ တစ်ဦးချင်းအလိုက် တာဝန်များကို ခွဲဝေသတ်မှတ်ပြီး လေ့ကျင့်စေခြင်းတို့ ပါဝင်ပါကြောင်း၊ စီမံချက်အရ ရေယာဉ်၏ တည်ဆောက်ပုံများကို ပြန်လည်စစ်ဆေးရာတွင် ခရီးသည်များဘေးကင်းစွာ ရေယာဉ်ပြင်ပသို့ ကယ်ထုတ်နိုင်ရန် မိမိတို့ Emergency Exit အပေါက်ကို လုံလောက်သည့် အကျယ်အဝန်း စစ်ဆေးရမည်၊ လိုအပ်လျှင် ပြုပြင်တည်ဆောက်စေခြင်း၊ အသုံးပြုရမည့် အသက်ကယ်အင်္ကျီများနှင့် မီးသတ်ပစ္စည်းကိရိယာများကို စစ်ဆေးပြီး ပြန်လည်ဖြည့်ဆည်းပေးခြင်း၊ ရေယာဉ်ကို ကြီးကြပ်အုပ်ချုပ်သူ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ဆက်သွယ်ရေးစနစ်နှင့် ကမ်းခြေအခြေပြု အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းခြင်း၊ ရေယာဉ်ဝန်ထမ်းတစ်ဦးချင်းအလိုက် အရေးပေါ်အခြေ အနေအမျိုးမျိုးတွင် လုပ်ဆောင်ရမည့် တာဝန်များသတ်မှတ်ပေးထားပြီး ခရီးသည်များကို စုဝေးရမည့်နေရာ၊ အပြင်သို့ကယ်ထုတ်ရမည့် ထွက်ပေါက်များအလိုက် တာဝန်ယူဆောင်ရွက်ရမည့် သူများကို သတ်မှတ်လေ့ကျင့်ပေးခြင်းတို့ ပါဝင်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အရှိန်မြှင့် လုပ်ဆောင်လျက်ရှိရာ ရေယာဉ်ပိုင်ရှင်နှင့် သက်ဆိုင်သူများကို ရှင်းလင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ရန်ကုန် မြို့တွင် နှစ်ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် တစ်ကြိမ်၊ ရခိုင်ပြည်နယ်တွင် တစ်ကြိမ် စတင်ပြီး အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံသင်္ဘောသားမှစပြီး လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသများရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဦးစီးအရာရှိများမှ ဆင့်ပွားသင်တန်းများကို ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာရေယာဉ် ပိုင်ရှင်မောင်းနှင်သူ၊ သက်ဆိုင်ရာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ခရီးသွားပြည်သူများ ပေါင်းစပ် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်စောဝေ(ရသေ့တောင်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အစိုးရဝန်ကြီးဌာနအနေဖြင့် နစ်မြုပ်သွားသည့် အောင်တံခွန်အမှတ် ၃ သင်္ဘောကို ပြန်လည်ဆယ်ယူရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း၊ ဒုတိယ မေးခွန်းအနေဖြင့် သင်္ဘောနစ်မြုပ်သည့် အတွက်ကြောင့် အသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ပျက်စီးဆုံးရှုံးမှုများအတွက် ဝန်ကြီးဌာနအနေနှင့် လျော်ကြေးပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အောင်တံခွန် ၃ ရေယာဉ်ကို ပြန်လည်ဆယ်ယူမည်ဆိုပြီး ဝန်ကြီးဌာနမှ ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်သေဆုံးမှု၊ ကုန်ပစ္စည်းဆုံးရှုံးမှုများနှင့် ပတ်သက်၍ မိမိတို့ ခရီးသည်လက်မှတ်ပေါ်မှာသာ သူတစ်ပါးထိခိုက်မှု အာမခံထားသည့်အတွက် အာမခံကြေးငွေ ၅ သိန်းကိုသာ လျော်ကြေးအဖြစ်ရရှိမည်ဖြစ်ပါကြောင်း၊ လက်မှတ်ပေါ်တွင် အသက်အာမခံများ ကုန်ပစ္စည်းဆုံးရှုံးမှု အာမခံများ ထားခြင်းမရှိသည့် အတွက်ကြောင့် လျော်ကြေးပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
