ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မေတ္တာပေါင်းကူးတံတားသည် ယိုယွင်းပျက်စီးနေပြီး အချိန်မီပြုပြင်ခြင်းမရှိပါက ခရီးသွားမိဘပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များမှာ အန္တရာယ်ရှိပါကြောင်း၊ ပျက်စီးသွားသည့် အချိန်မှ ပြုပြင်မည်ဆိုပါက ဆိုးကျိုးများကို ခံစားရမည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပြည်သာရှိ အလျား ၆၂ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၂၅ ပေရှိ မေတ္တာပေါင်းကူးတံတား အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပြည်သာရှိ အလျား ၆၂ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၂၅ ပေရှိသော မေတ္တာပေါင်းကူးတံတားအသစ်မှာ ပင်လုံမြို့၊ ရွှေပြည်သာရပ်ကွက်မှ ပါမုန့်ကျေးရွာသို့ ဆက်သွယ်ထားသော တံတားဖြစ်ပြီး ခန့်မှန်းငွေကျပ် သိန်း ၈၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး အသေးစိတ် ကွင်းဆင်းတိုင်းတာတွက်ချက်ပြီး ပင်လုံမြို့စည်ပင်သာယာရေးဌာနဖြင့် လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနတို့၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီးလည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့်သော် လည်းကောင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြား ပါသည်။
