ဦးကျော်မြင့် (နောင်ချို)
နောင်ချိုမြို့နယ်၊ အိုးဘိုအုပ်စုကျေးရွာကို ပန်းညိုရေ၊ ခိုအုံ၊ ရင်းဂူပင်၊ ကောင်းဟုန်း၊ ခက်ထိပ်၊ ခက်အော်၊ သပြေအုန်းကျေးရွာ စုစုပေါင်း ၇ ရွာဖြင့် ဖွဲ့စည်းထားပြီး ၂၅ ကုတင်ဆံ့ နောင်ချို ပြည်သူ့ဆေးရုံနှင့် ၂၈ မိုင်၊ သစ်ကုန်းအုပ်စု ကျေးလက်ကျန်းမာရေးဌာနနှင့် ၄ မိုင် ၄ ဖာလုံ ကွာဝေးပြီး၊ အုပ်စုအိမ်ခြေ ၄၃၅ အိမ်၊ လူဦးရေစုစုပေါင်း ၂၂၃၇ ဦးရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုဖွင့်လှစ်ပေးခြင်းဖြင့် ပန်းညိုကျေးရွာတွင် သာမက ကျန်နီးစပ်ရာ ကျေးရွာများပါ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်မည် ဖြစ်သည့်အတွက် ခိုအုံအုပ်စု၊ ပန်းညိုကျးရွာ တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခု ဖွင်းလှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ခိုအုံကြေးရွာအုပ်စု ပန်းညိုမြို့နယ်မှာ ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုဖွင့်လှစ်ရရှိရေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း ဖြေကြား ပါသည်။
