(ဇ)-ကျေးတပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအားပြုပြင်ဆောက်လုပ်နိုင်ပါရန်အတွက် ရန်ပုံငွေ ချထားပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၅.၈.၂၀၁၃)

ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေဖြစ်ပါတယ်။ ရိုသေ လေးစားရပါသော ဥက္ကဋ္ဌကြီးရှင်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျေးတပင်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းပြင်ဆင်ဆောက်လုပ်နိုင်ရန် ခွင့်ပြုရန်ပုံငွေချထားပေးတာကိုသိရှိရတဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပညာရေးဝန်ကြီးဌာနကို ကျေးတပင်ကျေးရွာများကိုယ်စား ကျွန်မက အထူးပဲကျေးဇူးတင်ရှိပါကြောင်း တင်ပြခဲ့ပါသည်။