ပညာရေးဝန်ကြီးဌာန အခြေခံပညာ ကျောင်းများတွင် အခမဲ့ပညာသင်ကြားရေးကို အထောက်အကူဖြစ် စေရန် အတွက် ၂၀၁၂-၁၃ ပညာသင်နှစ်မှစ၍ ကျောင်းထောက်ပံ့ကြေး မျာပေးအပ်ခဲ့သည်ကို တွေ့ရှိရ ပါကြောင်း၊ ထိုသို့ပေးဆောင် ရာတွင်လည်း ကျောင်းတစ်ကျောင်းစီ၏ ကျောင်းသားဦးရေပေါ် မူတည်ပြီး ထောက်ပံ့ကြေး များကို သတ်မှတ်ပေးခဲ့ပြီး ထိုငွေများကိုသုံးစွဲရာ၌ အဆင်ပြေစေရန် သုံးစွဲရမည့် ငွေစာရင်း ခေါင်းစဉ်များကိုလည်း ချမှတ်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းထောက်ပံ့ကြေး အနည်းအများရရှိမှု၊ ကျောင်း တစ်ကျောင်းတွင်ရှိရမည့် ကျောင်းသားဦးရေ၊ သုံးစွဲရမည့်ငွေစာရင်း ခေါင်းစဉ် အကြောင်းအရာများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မူလတန်းအခမဲ့ပညာသင်ကြားရေးအစီအစဉ်အရ မူလတန်းအဆင့်သင် အခြေခံပညာကျောင်းများအား ကျောင်းထောက်ပံ့ကြေးရန်ပုံငွေများကို ခွဲဝေသတ်မှတ်ပေးရာတွင် ထက် လယ်မူကျောင်းများရှိ မူလတန်းအဆင့်သင်ကျောင်းများအရ ခွဲဝေသတ်မှတ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို သုံးစွဲရာတွင် ငွေစာရင်းခေါင်းစဉ် ၁၂ ခုဖြင့် မိမိတို့ကျောင်းများ၏ လိုအပ်ချက်များအရ ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေပေါ်မူတည်၍ သုံးစွဲရန်သတ်မှတ်ထားသည့် ငွေစာရင်းများနှင့် ကိုက်ညီသော စာရင်းစစ်လက်ခံနိုင်သော အသုံးစရိတ်များကို သုံးစွဲရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မူလတန်းကျောင်းသူ /ကျောင်းသားအရေအတွက်အရ ကျောင်း ထောက်ပံ့ကြေးပမာဏ သတ်မှတ်ခွဲဝေမှုများသည် မူလတန်းကျောင်းသား ၁၀၀ ကျော်ကို စုစုပေါင်းငွေကျပ် ၈ သိန်း၊ မူလတန်းကျောင်းသား ၁၀၁ မှ ၂၀၀ ထိ စုစုပေါင်းငွေကျပ် ၁၀ သိန်း၊ မူလတန်းကျောင်းသား ၂၀၁ မှ ၃၀၀ အထိ စုစုပေါင်းငွေကျပ် ၁၂ သိန်း၊ မူလတန်းကျောင်းသား ၃၀၁ မှ ၄၀၀ အထိ စုစုပေါင်းငွေကျပ် ၁၄ သိန်း၊ မူလတန်းကျောင်းသား ၄၀၁ နှင့်အထက် စုစုပေါင်းငွေကျပ် ၁၆ သိန်း၊ မူလတန်းကျောင်းခွဲ များအတွက် စုစုပေါင်းငွေကျပ် ၄သိန်းဖြင့် အဆိုပါကျောင်းထောက်ခံခြင်းများကို နှစ်ကြိမ်ခွဲ၍ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ပထမအကြိမ်နှင့် ဒီဇင်ဘာလတွင် ဒုတိယအကြိမ် ခွဲဝေပေးခဲ့ပါကြောင်း။
ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေသုံးစွဲနိုင်သည့် ငွေစာရင်းခေါင်းစဉ်များကို ရှင်းလင်းဖြေကြားရမည်ဆိုပါက ဘတ်ဂျတ်ခေါင်းစဉ်များအလိုက် (O2-O1) ပြည်တွင်းခရီးစရိတ် ကျခံသုံးစွဲမည့်အသုံးစရိတ် အမျိုးအစား အနေဖြင့် မြန်မာနိုင်ငံလက်စွဲဥပဒေအရ ရပိုင်ခွင့်ရှိသော ခရီးစရိတ်များဖြစ်ပါကြောင်း၊ (O3-O1) ကာယ ညာဏလုပ်အားအတွက် ရှောင်တခင်ခေါ်ယူ ထမ်းဆောင်စေသည့်အတွက် ပေးရသော အခကြေးငွေ။ (O3-O3) ယာဉ်များဝင်တင်နွားများငှားရမ်းခ သုံးစွဲရန်။ (O3-O4) သယ်ယူပို့ဆောင်ခ၊ လူနှင့် ပစ္စည်းများ ပို့ဆောင်ခ၊ ပြင်ပပုဂ္ဂိုလ်များအတွက် ပေးရသော ခရီးစရိတ်၊ (O3-O5) ရုံးအသုံး အဆောင်ပစ္စည်း၊ စာရေး ကိရိယာ၊ စာမေးပွဲကြေး ကိစ္စသုံးစွဲရန်။ (O3-O7) တံဆိပ်ခေါင်း၊ ကြေးနန်းနှင့် တယ်လီဖုန်း ငှားရမ်းခ များတွင် သုံးစွဲရန်၊ (O3-O8) လျှပ်စစ်ဓာတ်အားခနှင့် အခြား ဓာတ်အားခများ သုံးစွဲရန်၊ (O3-O9) စာအုပ်၊ စာနယ်ဇင်း၊ သတင်းစာ၊ ရုံးနှင့်ဌာနလုပ်ငန်းသုံးစာအုပ် စာရွက် စာတမ်းများ ဝယ်ယူရန်အတွက် ကုန်ကျ စရိတ်ကို သုံးစွဲရန်။ (O3-13) လုပ်ငန်းသုံးပစ္စည်းများ အသုံးအစွဲပစ္စည်း ကိရိယာများအတွက် သုံးစွဲရန်၊ (O3-O4) အစားအစာရိက္ခာ တစ်ဦးချင်း ရပိုင်ခွင့်ကနေဖြင့် ကျွေးမွေး ထောက်ပံ့ရန် တာဝန်ရှိ၍ ကျခံသော စရိတ်များ သုံးစွဲရန်၊ (O3-25) ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြင့်ပွဲအတွက် သုံးစွဲရန်၊ (O4-O9) အခြားရေမြောင်း တူးခြင်း၊ ပရိဘောကပြင်ဆင်ထိန်းသိမ်းခြင်းစသည်တို့အတွက် သုံးစွဲရန် တို့အတွက်ဖြစ် ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
