မိုင်းပွန်ဒေသတွင် GSM Mobile Phone တပ်ဆင်အသုံးပြုနိုင်ရန်အတွက် မိုင်းပွန်ဒေသ မှာနေထိုင်ကြတဲ့ တိုင်းရင်းသားမိဘပြည်သူများရဲ့ဆန္ဒ မိဘပြည်သူများတို့ရဲ့အကျိုးအတွက် ရည်ရွယ် လျက် မိုင်းပွန်ဒေသတွင် GSM Mobile Phone တပ်ဆင်အသုံးပြုခွင့်ရရန် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးပါမည်နည်း။ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းရခြင်း ဖြစ်ပါသည်။
ကျွန်တော့်အနေနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီရဲ့ မိုင်းပွန်ဒေသမှာ GSM Telephone များတပ်ဆင်အသုံးပြုခွင့်ရရှိရေးနှင့်စပ်လျဉ်းသည့် မေးခွန်းများ ကိုဖြေကြားပေးမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်ဒေသမှာ GSM Mobile Phone များတပ်ဆင်အသုံးပြုခွင့်ရရှိရေးနှင့် စပ်လျဉ်းပြီး ကျွန်တော်တို့ဝန်ကြီးဌာနမှ မကြာမီ ဆောင်ရွက်ပေးမယ့် ကျေးလက်ဒေသ GSM နှင့် UMTS တိုးချဲ့တပ်ဆင်စီမံကိန်းမှာ ထည့်သွင်း ဆောင်ရွက်ပေးဖို့ စီစဉ်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
