(ဆ)-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် အကြောင်းအရာ ၂ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁.၂.၂၀၁၃)

လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများမှာ တရားဝင်ခွင့်ပြုထားချက်မပါရှိသော်လည်း တောင်သူများ လုပ်ပိုင်ခွင့်ရထားသည့် လယ်ယာ‌ွမေများအတွင်း ငါးလုပ်ငန်းဦးစီးဌာနခွင့်ပြုချက်ဖြင့် ငါးကန်များတူး၍ ငါးမွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်နေခြင်း၊ အချို့သော ကုမ္ပဏီများက မြို့နယ်နှင့် ကျေးရွာအာဏာပိုင်များ၊ မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ နှစ်ဧက၊ သုံးဧကဖြင့် မိရိုးဖလာ မိသားစုလောက်သာ စီးပွားလုပ်နေသည့် လယ်ကွက်တို့ကို    အဓမ္မလွှဲပြောင်းပေးခံရမှုများ ရှိနေသည့်အတွက် လယ်သမား များမှာ လူမှုစီးပွားရေးဒုက္ခများ ခံစားနေကြရပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါကိစ္စကို အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ တောင်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးကို သိလို ပါတယ်။ တစ်ဆက်တစ်စပ်တည်း ဆန်စပါးဈေးနှုန်းနဲ့ ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်း၏မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည့်ပြည့်စုံစုံ ဖြေကြားသွားပါတယ်။ သို့ပေမယ့် အရန်ဆန်များကို တင်ဒါစနစ်ဖြင့် ဝယ်ယူသောကြောင့် လယ်သမားများ ဈေးနှိမ့်၍ ဝယ်ယူနေရမည့် အ‌ွခေအနေ ဖြစ်ပေါ်လာနိုင်မည်ကို စဉ်းစားသင်‌့ပါတယ်။

တတိယမေးခွန်းအနေနဲ့ ၂၀၁၂ ခုနှစ် လယ်ယာ‌မြေဥပဒေပုဒ်မ ၄၈ ၏ နည်းဥပဒေခွဲ(ခ)အရ လယ်‌မြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခြင်းပြုရာတွင် အစိုးရဘဏ် သို့မဟုတ် အစိုးရက သတ်မှတ်ထားသော ဘဏ်တစ်ခုခု၌ လုပ်ပိုင်ခွင့်လက်မှတ်မူရင်းကို ပေးအပ်၍ ပေါင်နှံရမည်ဟု ပါရှိပါတယ်။ တဖန် ပုဒ်မ ၄၈ ပုဒ်မခွဲ(ဂ) ယင်းသို့ ပေါင်နှံရာ၌ လက်ခံသည့်ဘဏ်မှ တာဝန်ရှိသူတို့သည် လယ်ယာမြေတည်ရှိသော သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် လယ်‌မြေ ပေါင်နှံသည့်စာချုပ် ချုပ်ဆိုရမည်ဟုလည်း ပါရှိပါတယ်။ ဒီနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများက အစိုးရဘဏ်ခွဲများ ကျေးရွာအုပ်စုတိုင်း၌ ရှိရပါမယ်။ ယခုမရှိသေးပါ။ ထို့အပြင် အစိုးရက သတ်မှတ်ထားသော အခြားဘဏ်တစ်ခုခုဟု ဆိုရာတွင်လည်း ယခုတိုင် မည်သည့်‌ကျေးရွာအုပ်စုတွင် မည်သည့်ဘဏ်တို့မှ ပေါင်နှံနိုင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းခြင်းမျိုး မတွေ့သေးပါ။ စိုက်ပျိုးစရိတ် ချေးငွေသက်သက်ဖြင့် လယ်ယာစိုက်ပျိုးစရိတ်မလုံလောက်သော တောင်သူများကို မိမိတို့ကျေးရွာ အုပ်စုတွင် အတိုးနှုန်းသက်သာစွာဖြင့် နည်းဥပဒေပါအတိုင်း အလွယ်တကူ ပေါင်နှံနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါတယ်။ စတုတ္ထမေးခွန်းအနေနဲ့ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆန်စပါး ဈေးကွက်သည် အာဖရိကတိုက်တွင် အစဉ်အလာ နေရာရရှိထားခဲ့ပါတယ်။ ယခုအခါ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကနိုင်ငံတို့သည် အာဖရိကဆန်ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်၍ မြန်မာ့နိုင်ငံတကာဆန်ဈေးကွက်သည် အာဖရိကသို့ ပုံမှန်ဆန်တင်ပို့နေရာမှ အပြိုင်ရောင်းချရတော့ မည့်အနေအထားသို့ ရောက်ရှိလာသည်ကို တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ ဆန်ဈေးကွက်ခွဲတမ်း လျော့နည်းကျဆင်းနေသည်ဖြစ်ပြီး အဆိုပါ နိုင်ငံတကာဆန်ဈေးကွက် အနေအထားကို ချင့်တွက်၍ ဆင်းရွှေလီဆန်အမျိုးအစားဖြင့် နိုင်ငံတကာဆန်ဈေးကွက်ကို ရေရှည်ထိုးဖောက်လာနိုင်မည်လား၊ ကမ္ဘာ့ထိပ်တန်းဝင်ဆန်စာရင်းဖြစ်သော ပေါ်ဆန်းမွှေးကို အဓိကနေရာတွင်ထားပြီး အဓိကပို့ကုန် အဖြစ်လျာထားမည်ဆိုပါက ဆင်းရွှေလီထက်ပိုရမည်ဖြစ်၍ တောင်သူလယ်သမားများလည်း ပို၍ ဈေးကောင်းရနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ စိုက်စရိတ်ချင်းတွင် ထူး၍မကွာဘဲ ဈေးကောင်းပိုနိုင်သည့် အထက်တန်းစားဆန်တင်ပို့ရေး ရည်ရွယ်လျာထားချက် ရှိပါသလားကို သိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ရဲ့ လယ်ယာမြေအတွင်း ငါးကန်တူးဖော်၍ ငါးမွေးမြူခြင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဦးစွာရှင်းလင်း တင်ပြပါမယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော လယ်ယာ‌ွမေဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၁)အဖြစ် နိုင်ငံတော် သမ္မတက ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်ပါ သည်။ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၁၂) ဖြင့် လယ်ယာ‌ွမေဥပဒေသည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ နေ့တွင် လယ်ယာ‌ွမေဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့ပြီးဖြစ်၍ လယ်ယာမြေဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်ဖြင့် လယ်ယာမြေနည်းဥပဒေများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌ွမောင်း ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၂) အဖြစ် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ လယ်ယာ‌ွမေနှင့် ဆက်စပ်ပတ်သက်လျက်ရှိ သော နိုင်ငံသားအားလုံး လယ်ယာ‌ွမေဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို လက်တွေ့ လိုက်နာကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လယ်ယာမြေဥပဒေပုဒ်မ ၁၅ ပုဒ်မခွဲ(က) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၆၂/၂၀၁၂) ဖြင့် ဗဟိုလယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဗဟိုလယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၂) နှင့် (၂/၂၀၁၂) တို့ဖြင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ဥက္ကဋ္ဌအဖြစ် ပါဝင်သော နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့အဆင်‌့ဆင့်တို့ကို ဖွဲ့စည်းပေးခဲ့ပြီး ၎င်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုလည်း သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး မေးခွန်းတွင် ဖော်ပြပါရှိသည့် လယ်ယာ‌မြေများအတွင်း ငါးလုပ်ငန်းဦးစီးဌာန ခွင့်ပြုချက်ဖြင့် ငါးကန်များတူးဖော်၍ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေခြင်းနှင့်ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပေးခြင်းမဟုတ်ဘဲ လက်ရှိ ငါးမွေးကန် ဖြစ်ပေါ်နေပြီး အမှန်တကယ် ငါးမွေးနေသူများကို ငါးမွေးမြူခြင်းဆိုင်ရာဥပဒေပုဒ်မ ၇ နှင့် ပုဒ်မ ၉ တို့အရ နိုင်ငံတော်သို့ ပေးသွင်းရမည့်အခွန်၊ လိုင်စင်ခနှင့် ရက်လွန်ကြေးတို့ကို ကောက်ခံခြင်း သာဖြစ်ကြောင်းကို သိရှိရပါတယ်။ လယ်ယာ‌ွမေကို အခြားနည်းဖြင့် အသုံးပြုရန်အတွက် လယ်ယာ မြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(က)အရ လယ်‌ွမေတွင် အခြားနည်းဖြင့် အသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာ‌ွမေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ဗဟိုလယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့မှသာ ခွင့်ပြုနိုင်ပါသည်။ လယ်ယာ‌ွမေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(ခ)အရ လယ်‌ွမေမှတစ်ပါး လယ်ယာမြေများတွင် အခြားနည်းအသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာ‌ွမေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုနိုင်ပါတယ်။ 

လယ်ယာမြေဥပဒေပုဒ်မ ၁၂ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာ‌မြေကို ခွင့်ပြု မိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန် စည်းကမ်းချက်သတ်မှတ်ထားရှိပါတယ်။ ထို့ကြောင့် လယ်ယာ‌ွမေပေါ်တွင် သီးနှံစိုက်ပျိုးမှုမဟုတ်ဘဲ ငါးမွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်လိုပါက ခွင့်ပြုမိန့် မရရှိရန်အတွက် လျှောက်ထားရယူရန် လိုအပ်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းတွင်ပါရှိသည့် လယ်ယာ‌ွမေကို ငါးမွေးမြူရေးကန်တူးဖော် အသုံးပြုခြင်း အပါအဝင် အခြားနည်းဖြင့် အသုံးချခြင်းများအတွက် အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ် သော လယ်ယာမြေဥပဒေ၊ နည်းဥပဒေများတွင် လုပ်ထုံးလုပ်နည်းများ တိကျစွာပြဋ္ဌာန်းထားပြီး ဖြစ်သည့်အပြင် ကြီးကြပ်ဆောင်ရွက်ရန်လည်း လယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်အား တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းတွင် ဖော်ပြပါရှိသည့် လယ်ကွက်တို့ကို အဓမ္မလွှဲပြောင်း ပေးခံရမှုများအတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ တောင်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ပါမည်လား မေးခွန်းနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေပုဒ်မ ၂၆ အရ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေ သိမ်းယူသည့် လယ်ယာ‌ွမေ နှင့် ယင်းလယ်ယာ‌ွမေပေါ်၌ အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်း အပါအဝင် မူလလယ်ယာ‌ွမေလုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက်ထားသည့်ကိစ္စရပ်များအတွက် နစ်နာမှုလုံးဝမရှိ စေရန် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းပါရှိပါတယ်။ လယ်ယာမြေနည်းဥပဒေ ၆၈ နည်းဥပဒေခွဲ(က)အရ လယ်ယာ‌ွမေသိမ်းယူခြင်းခံရသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ နစ်နာမှုမရှိစေရေးအတွက် နစ်နာကြေး၊ လျော်ကြေးပေးခြင်းနှင့် အခြားသင်‌့လျော်သောနည်းလမ်းဖြင်‌့ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိသဖြင့် တိုင်ကြားမှုပေါ်ပေါက်လာလျှင် နေပြည်တော်ကောင်စီ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ပြဋ္ဌာန်း ထားသော ဥပဒေများနှင့် ညီညွတ်စွာ ပြီးပြတ်အောင် စိစစ်ဆုံးဖြတ်ဆောင်ရွက်ပေးရမည်ဟု  ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ လယ်ယာ‌ွမေဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်စွာဖြင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ်ပါဝင်သော နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆိုင်ရာ ခရိုင်/ မြို့နယ်/ရပ်ကွက်/ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင်‌့ဆင့်တို့က လယ်ယာမြေ မြေပြင်ပကတိ အ‌ခြေအနေမှန်နှင့် တိုက်ဆိုင်စိစစ်ပြီး ဥပဒေနှင့်အညီ မှန်ကန်တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ ကျန်တဲ့အရန်ဆန်ကိစ္စနဲ့ ပတ်သက်လို့ ကတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြေဆိုသွားပြီး ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်‌့အနေနဲ့ ထပ်မံဖြေဆိုရန် မရှိပါကြောင်း ဖြေကြားပါသည်။