(က)-နိုင်ငံတော်အစိုးရမှ တရားဝင် ခွင့်ပြုချက်မရှိဘဲ အဖျက် လုပ်ငန်းများ ဥပဒေမဲ့လုပ်ဆောင်နေသည်ကို သိရှိပါသလား၊ သိရှိသည်ဆိုပါက ၎င်းကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက် ရန်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၃.၇.၂၀၁၃)

မေးခွန်းများ မေးမြန်းရာတွင် (၁) အသေးစားငွေရေး ကြေးရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃) အရ တရားဝင်ပြဋ္ဌာန်းပြီးဖြစ်ကြောင်းနှင့်  လေ့လာ ချက်များအရ တရားဝင်တင်ပြ လုပ်ဆောင် လျက်ရှိသော ငွေကြေးအဖွဲ့အစည်း ၁၅၃ ဖွဲ့အထိ ရှိခဲ့ပြီး ဖြစ်သည်ဟု သိရပါကြောင်း၊ သို့သော် ဥပဒေလုပ်ထုံး လုပ်နည်း ညွှန်ကြားချက် ၂ ခုမှာ ဥပဒေမပါသည့်ကိစ္စတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနက ညွှန်ကြားချက်နှင့်ဆောင်ရွက်တာရှိပါကြောင်း၊ ဥပမာဖြင့်ဆက်လက်တင်ပြရာ ဆင်းရဲနွမ်းပါးမှု   လျော့ချရေး ကို အထောက်အကူပြုသည့် လုပ်ငန်းစဉ်များတွင် အမှန်တကယ်ငွေချေးယူမည့်သူဆီ  ၂ ကျပ်ခွဲတိုးနှင့် ရောက်ရှိရန် ညွှန်ကြားချက် ထုတ်ထားကြောင်း၊ ဥပဒေအရဆောင်ရွက်မည်ဆိုလျှင်လည်း အပ်ငွေ၊ စုဆောင်းငွေ ကို လက်ခံဖို့ရှိပါကြောင်း၊ စုဆောင်းငွေနှင့် ပတ်သက်၍ ၁ ကျပ် ၂၅ ပြားထက် မများ ပေးလို့ရသည်ဟု ညွှန်ကြားချက် ထုတ်ထားပါကြောင်း၊ သို့သော် တရားဝင်တင်ပြထားပြီး ဥပဒေအတိုင်းမဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် တရားဝင်လိုင်စင်မယူဘဲ ဥပဒေမဲ့ လုပ်နေသော အဖွဲ့အစည်းများကို  မည်သို့ စီစဉ်ဆောင်ရွက်မည်နည်း။ (၂) နိုင်ငံတော်တွင် ဒီမိုကရေစီလုပ်ငန်းများ အကောင်အထည်ဖော်သည့်အခါ မိတ္ထီလာဖြစ်ရပ်မျိုးသည်  မဖြစ်သင့်သည့်ကိစ္စများ ဖြစ်ပါကြောင်း၊ ယခု ဧရာဝတီတိုင်း ဒေသကြီးတွင်  တရားဝင်ခွင့်ပြချက်မရှိဘဲနှင့် လယ်သမားများ၏ ထွန်တုံးတိုက်ပွဲများသည် များစွာဖြစ်လာကြောင်း၊ တစ်တစ်နှင့်ကူးပြောင်းလာမည်ဆိုပါက ရှေ့ဆက်သွားရမည့်လုပ်ငန်းစဉ်များ  အနှောင့်အယှက်များတွေ့မည် ဖြစ်သည့် အတွက် အဆိုပါကိစ္စများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ က အချိန်မီဆောင်ရွက်ရန်လိုကြောင်း၊ထို့ပြင် ဒေသခံမဟုတ်ဘဲ အခြားဒေသကနှေ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဝင်ရောက်နေသည်ကိုလည်း မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ (၃) နိုင်ငံတော်တွင် တရားဝင်ဖွဲ့စည်းပေးထားသော အဖွဲ့အစည်းများဖြစ်သည့် သမဝါယမအသင်းများ၊ ကုမ္ပဏီများမှ   တောင်သူလယ်သမားများသို့ စိုက်စရိတ်ချေးငွေများ ထုတ်ပေးသည်ကို ဒေသခံ မဟုတ်သောလူနှင့် ဒေသခံက အဖျက်အမှောက်လုပ်ချင်သူများပူးပေါင်းပြီး  ဖျက်လိုဖျက်ဆီး လုပ်နေသည့် နေရာဒေသ အတော်များများလည်း တွေ့ရှိလာပါကြောင်း၊ အဆိုပါကိစ္စများကို အရေးယူ မဆောင်ရွက်ပါက ရေရှည်တွင် တိုင်းပြည်အတွက် နှောင့်နှေးစရာကိစ္စများ ဖြစ်လာနိုင်ကြောင်း၊ အင်းလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်ကနေ တရားဝင်လိုင်စင်ချပေးထားသော အင်းလုပ်ငန်းသည် အင်းထဲရှိသော ငါးကိုသာ ဖမ်းရန်ဖြစ်ကြောင်း၊ အင်းပရဝဏ်အတွင်း၌ ငါးကန်လုပ်၍ ဖမ်းသည့်စနစ်သည် ဥပဒေမဲ့လုပ်ခြင်းဖြစ်ပြီး၊

ဦးကြည်တင့်(ဓနုဖြူ မဲဆန္ဒနယ်)က မေးခွန်းများ မေးမြန်းရာတွင် (၁) အသေးစားငွေရေး ကြေးရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃) အရ တရားဝင်ပြဋ္ဌာန်းပြီးဖြစ်ကြောင်းနှင့်  လေ့လာ ချက်များအရ တရားဝင်တင်ပြ လုပ်ဆောင်လျက်ရှိသော ငွေကြေးအဖွဲ့အစည်း ၁၅၃ ဖွဲ့အထိ ရှိခဲ့ပြီး ဖြစ်သည်ဟု သိရပါကြောင်း၊ သို့သော် ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် ၂ ခုမှာ ဥပဒေမပါသည့်ကိစ္စတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနက ညွှန်ကြားချက်နှင့် ဆောင်ရွက်တာရှိပါကြောင်း၊ ဥပမာဖြင့်ဆက်လက်တင်ပြရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အထောက်အကူပြုသည့် လုပ်ငန်းစဉ်များတွင် အမှန်တကယ်ငွေချေးယူမည့်သူဆီ  ၂ ကျပ်ခွဲတိုးနှင့် ရောက်ရှိရန် ညွှန်ကြားချက် ထုတ်ထားကြောင်း၊ ဥပဒေအရဆောင်ရွက်မည်ဆိုလျှင်လည်း အပ်ငွေ၊ စုဆောင်းငွေကို လက်ခံဖို့ရှိပါကြောင်း၊ စုဆောင်းငွေနှင့် ပတ်သက်၍ ၁ ကျပ် ၂၅ ပြားထက် မများ ပေးလို့ရသည်ဟု ညွှန်ကြားချက် ထုတ်ထားပါကြောင်း၊ သို့သော် တရားဝင်တင်ပြထားပြီး ဥပဒေအတိုင်းမဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် တရားဝင်လိုင်စင်မယူဘဲ ဥပဒေမဲ့ လုပ်နေသော အဖွဲ့အစည်းများကို  မည်သို့ စီစဉ်ဆောင်ရွက်မည်နည်း။ (၂) နိုင်ငံတော်တွင် ဒီမိုကရေစီလုပ်ငန်းများ အကောင်အထည်ဖော်သည့်အခါ မိတ္ထီလာဖြစ်ရပ်မျိုးသည်  မဖြစ်သင့်သည့်ကိစ္စများ ဖြစ်ပါကြောင်း၊ ယခု ဧရာဝတီတိုင်းဒေသကြီးတွင်  တရားဝင်ခွင့်ပြချက် မရှိဘဲနှင့် လယ်သမားများ၏ ထွန်တုံးတိုက်ပွဲများသည် များစွာဖြစ်လာကြောင်း၊ တစ်တစ်နှင့်ကူးပြောင်းလာမည်ဆိုပါက ရှေ့ဆက်သွားရမည့်လုပ်ငန်းစဉ်များ  အနှောင့်အယှက်များတွေ့မည် ဖြစ်သည့် အတွက် အဆိုပါကိစ္စများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက အချိန်မီဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် ဒေသခံမဟုတ်ဘဲ အခြားဒေသကနှေ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဝင်ရောက်နေသည်ကိုလည်း မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ (၃) နိုင်ငံတော်တွင် တရားဝင်ဖွဲ့စည်းပေးထားသော အဖွဲ့အစည်းများဖြစ်သည့် သမဝါယမအသင်းများ၊ ကုမ္ပဏီများမှ တောင်သူလယ်သမားများသို့ စိုက်စရိတ်ချေးငွေများ ထုတ်ပေးသည်ကို ဒေသခံ မဟုတ်သောလူနှင့် ဒေသခံက အဖျက်အမှောက်လုပ်ချင်သူများပူးပေါင်းပြီး  ဖျက်လိုဖျက်ဆီး လုပ်နေသည့် နေရာဒေသ အတော်များများလည်း တွေ့ရှိလာ ပါကြောင်း၊ အဆိုပါကိစ္စများကို အရေးယူ မဆောင်ရွက်ပါက ရေရှည်တွင် တိုင်းပြည်အတွက် နှောင့်နှေးစရာကိစ္စများ ဖြစ်လာနိုင်ကြောင်း၊ အင်းလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်ကနေ တရားဝင်လိုင်စင်ချပေးထားသော အင်းလုပ်ငန်းသည် အင်းထဲရှိသော ငါးကိုသာ ဖမ်းရန်ဖြစ်ကြောင်း၊ အင်းပရဝဏ်အတွင်း၌ ငါးကန်လုပ်၍ ဖမ်းသည့်စနစ်သည် ဥပဒေမဲ့လုပ်ခြင်း ဖြစ်ပြီး၊အဆိုပါဖြစ်ရပ်များကြောင့် ရေစီးရေလာပိတ်ကာ တောင်သူလယ် သမားများ၏ လယ်ယာမြေများ ရေမြုပ်သည့် အတွက် ဓနုဖြူမြို့နယ်မှာပင် ပြဿနာ   ပေါင်းစုံကြုံတွေ့ခဲ့ရပြီးဖြစ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့်  နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကိုဆောင်ရွက်နေသော ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများသည် ဒီမိုကရေစီနိုင်ငံတော်ကို သွားသည့်နေရာ၌ တိတိကျကျ ဥပဒေအတိုင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများရှိသကဲ့သို့ တစ်ချို့လည်း မရှိခဲ့ကြောင်း၊  တရားစီရင်ရေးနှင့်ပတ်သက်ပြီး ဥပဒေပိုင်းတွင် တရားသူကြီးတစ် ယောက်သည် တရားခံတစ်ယောက်ကို ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်သည်ကို ငွေဒဏ်မဆောင်နိုင်၍ ထောင်ဒဏ် ကျခံသည်ကို တဖန်ငွေဒဏ်ပြန်ဆောင်မည်ဆိုပြီး လွှတ်ပေး၍မရနိုင်ဟု လေ့လာသိရှိရပါကြောင်း၊ အဆိုပါ ကိစ္စများသည် ဥပဒေကိုကိုင်တွယ်ဖြေရှင်းနေသည့် ပုဂ္ဂိုလ်များကို စော်ကားခြင်းအားဖြင့် အရေးယူခံရသည့် ကိစ္စမျိုး ဖြစ်သည့်အတွက် ဥပဒေကိုတိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုမည်ဟုတင်ပြ လိုကြောင်း၊  နိုင်ငံတော်သည် ဒီမိုကရေစီကျင့်စဉ်ကို တိုးတက်အောင် ဆောင်ရွက်နေစဉ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ၃ ရပ်ကလည်း အချင်းချင်း အပြန်အလှန်ထိန်းကျောင်း၍ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေစဉ် တရားမဝင် အဖွဲ့အစည်း လူ ပုဂ္ဂိုလ်များသည် ဥပဒေမဲ့ လုပ်ဆောင်နေသည်ကို နိုင်ငံတော်အစိုးရက သိရှိပါသလား။ သိရှိသည်ဆိုပါက ဥပဒေအရ ၎င်းကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ရန် ရှိ/မရှိ ၊မေးမြန်းသွားခဲ့ပါသည်။ အဆိုပါဖြစ်ရပ်များကြောင့် ရေစီးရေလာ ပိတ်ကာ တောင်သူလယ် သမားများ၏ လယ်ယာမြေများ ရေမြုပ်သည့်အတွက် ဓနုဖြူမြို့နယ်မှာပင် ပြဿနာ ပေါင်းစုံကြုံတွေ့ခဲ့ရပြီးဖြစ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့်  နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကိုဆောင်ရွက်နေသော ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများသည် ဒီမိုကရေစီနိုင်ငံတော်ကို သွားသည့်နေရာ၌ တိတိကျကျ ဥပဒေအတိုင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများရှိသကဲ့သို့ တစ်ချို့လည်း မရှိခဲ့ကြောင်း၊  တရားစီရင်ရေးနှင့်ပတ်သက်ပြီး ဥပဒေပိုင်းတွင် တရားသူကြီးတစ် ယောက်သည် တရားခံတစ်ယောက်ကို ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်သည်ကို ငွေဒဏ်မဆောင်နိုင်၍ ထောင်ဒဏ် ကျခံသည်ကို တဖန်ငွေဒဏ်ပြန်ဆောင်မည်ဆိုပြီး လွှတ်ပေး၍မရနိုင်ဟု လေ့လာသိရှိရပါကြောင်း၊ အဆိုပါ ကိစ္စများသည် ဥပဒေကိုကိုင်တွယ်ဖြေရှင်းနေသည့် ပုဂ္ဂိုလ်များကို စော်ကားခြင်းအားဖြင့် အရေးယူခံရသည့် ကိစ္စမျိုး ဖြစ်သည့်အတွက် ဥပဒေကိုတိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုမည်ဟုတင်ပြလိုေ ကြာင်း၊  နိုင်ငံတော်သည် ဒီမိုကရေစီကျင့်စဉ်ကို တိုးတက်အောင် ဆောင်ရွက်နေစဉ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ၃ ရပ်ကလည်း အချင်းချင်း အပြန်အလှန်ထိန်းကျောင်း၍ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေစဉ် တရားမဝင်အဖွဲ့အစည်း လူပုဂ္ဂိုလ်များသည် ဥပဒေမဲ့ လုပ်ဆောင်နေသည်ကို နိုင်ငံတော်အစိုးရက သိရှိပါသလား။ သိရှိသည်ဆိုပါက ဥပဒေအရ ၎င်းကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ရန် ရှိ/မရှိ ၊မေးမြန်းသွားခဲ့ပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟို အဖွဲ့ဟာ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး။ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်၏ ထောက်ခံချက်၊ တိုင်းဒေသကြီး။ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ဖြင့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များကို ဖွဲ့စည်းခွင့်လျှောက်ထားစေပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီမှုရရှိကာ ဖွဲ့စည်းခွင့်ပြုလျက်ရှိပါတယ်။ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ စီးပွားရေးသက်သက်ကိုသာ လုပ်ကိုင်ဆောင်ရွက် သောအသင်းအဖွဲ့များအား ဤဥပဒေအရ ဖွဲ့စည်းခွင့်လျှောက်ထားရန် ပြဋ္ဌာန်းထားပြီးလည်းဖြစ်ပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းတဲ့ မေးခွန်း(၁) အရ ဖြေကြားရမယ်ဆိုရင် ၂၀၁၁ ခုနှစ် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၅၄ မှာ မည်သူမျှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် မရှိဘဲ အသေးစားငွေရေးကြေးရေးလုပ်ငန်းအဖွဲ့အစည်းများ၏ လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါတယ်။ မည်သူမဆို ပုဒ်မ ၅၄ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရရင် ပုဒ်မ ၅၇ အရ ထိုသူကို ငွေဒဏ်ဖြစ်စေ၊ ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမှာဖြစ်ပါတယ်။ သို့ပါ၍ ခွင့်ပြုချက်မရှိဘဲ ငွေကြေးလုပ်ငန်း လုပ်ကိုင်နေသူများကို အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိ ပါကြောင်း တင်ပြအပ်ပါတယ်။

          မေးခွန်း(ခ)ကို ပြန်လည်ဖြေကြားရရင်  နိုင်ငံတော်၏ ဒီမိုကရေစီအကောင်အထည်ဖော်မှုများ ကို နောက်ကြောင်းပြန်လှည့်မည့် အရိပ်လက္ခဏာများဖြစ်အောင် ဖန်တီးနေခြင်း။ အသင်းအဖွဲ့အစည်း များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(က)မှာ အသင်းအဖွဲ့များဟာ ဖွဲ့စည်းခွင့်ရရန် သတ်မှတ် ထားသော နည်းလမ်းအတိုင်းလျှောက်ထားရမည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ(ဂ)မှာ ခွင့်ပြုချက် မရရှိသော အသင်းအဖွဲ့ကို ဖွဲ့စည်းခြင်း သို့မဟုတ် ဆက်လက်ရပ်တည်လှုပ်ရှားခြင်းမပြုရဟူ၍ လည်းကောင်း၊ ပုဒ်မ ၅ တွင် ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့များနှင့် ပတ်သက်၍လည်းကောင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ ပုဒ်မ ၅ ပုဒ်မခွဲ (ခ)အရ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာ ရေးကိုဖြစ်စေ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုဖြစ်စေ၊ တစ်နည်းနည်းအားဖြင့် ထိခိုက် စေရန်အားထုတ်သော၊ လှုံ့ဆော်သော၊ တိုက်တွန်းအားပေးသော၊ ကူညီသော၊ ပြုလုပ်သောအသင်း အဖွဲ့များနှင့် ပုဒ်မ ၅ ပုဒ်မခွဲ(ဂ)အရ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုကို ထိခိုက်စေရန် သို့မဟုတ် ရပ်တန့်သွားစေရန် အားထုတ်သော၊ လှုံ့ဆော်သော၊ တိုက်တွန်းသော၊ အားပေးကူညီသော၊ ပြုလုပ်သော အသင်းအဖွဲ့များအား ဖွဲ့စည်းခြင်းမပြုရ၊ ဖွဲ့စည်းထားပြီးဖြစ်လျှင်လည်း လှုပ်ရှားခြင်း မပြုရ၊ ဆက်လက်ရပ်တည်ခွင့်မရှိစေရဟူ၍ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

          နိုင်ငံတော်ရဲ့ ဒီမိုကရေစီအကောင်အထည်ဖော်မှုများကို နောက်ကြောင်းပြန်လှည့်မည့် အရိပ် လက္ခဏာဖြစ်အောင် ဖန်တီးနေသော အဖွဲ့အစည်းများသည် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၅(ဂ)နှင့် ငြိစွန်းနေသဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၆ အရ ထောင်ဒဏ် ၅ နှစ်အထိ ကျခံခြင်းလည်းခံရမည်ဖြစ်ပါတယ်။ ထို့အပြင် ပုဒ်မ ၇ တွင် မည်သူမဆို ပုဒ်မ ၃ ပုဒ်မခွဲ(ဂ) အရ ဖွဲ့စည်း ခွင့်ကိုဖြစ်စေ၊ ဆက်လက်ရပ်တည်ခွင့်ကိုဖြစ်စေ မရသောအသင်းအဖွဲ့ သို့မဟုတ် ပုဒ်မ ၅ အရ ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့တစ်ခုခုပါဝင်ကြောင်း၊ အသင်းအဖွဲ့ကို အားပေးကူညီကြောင်း သို့မဟုတ် ထိုအသင်းအဖွဲ့၏အဆောင်အယောင်ကို အသုံးပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် နိုင်ငံတော်ရဲ့ ဒီမိုကရေစီ အကောင်အထည်ဖော်မှုများကို အဟန့်အတားဖြစ်အောင် ဆူပူလှုံ့ဆော်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ အားပေးကူညီခြင်း၊ ပါဝင်လှုပ်ရှားခြင်းများဆောင်ရွက်လာပါက ကျူးလွန်သောပြစ်မှုအကြောင်းအရာ အတိမ်အနက်ပေါ်မူတည်ပြီး ပြစ်မှုဆိုင်ရာတည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေရှင်းအပ်ပါတယ်။

          မေးခွန်း(ဂ)ကို ရှင်းလင်းတင်ပြရရင် နိုင်ငံတော်နှင့်တရားဝင်အဖွဲ့အစည်းများ၊ သမဝါယမ အသင်းများ၊ ကုမ္ပဏီများက တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမှုကို  ပြန်လည်ပေးဆပ်ရန်မလိုကြောင်း၊ တရားမဝင်သော အဖျက်အမှောင့်စကားများဖြင့် သွေးထိုးလှုံ့ဆော် သောအဖွဲ့အစည်းများသည် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေပုဒ်မ ၅(ခ)၊(ဂ)တို့နှင့် ငြိစွန်းနေ သဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၆ အရ အရေးယူခြင်းခံရမည်ဖြစ်ပါတယ်။လူပုဂ္ဂိုလ်တစ်ဦး ချင်းအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမှုကို ပြန်လည်ပေးဆပ်ရန် မလိုကြောင်းတရားမဝင် သောအဖျက်အမှောင့်စကားများဖြင့် သွေးထိုးလှုံ့ဆော်ခြင်းဆောင်ရွက်လာပါက ပြစ်မှုဆိုင်ရာ ဥပဒေ အပြင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ချေးငွေထုတ်ချေးသော အဖွဲ့ အစည်းများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများမှချေးငွေပြန်မဆပ်သူများအား တည်ဆဲဥပဒေအရ ရာဇဝတ်ကြောင်းဖြင့်လည်းကောင်း၊ တရားမကြောင်းွဖင့်လည်းကောင်း အရေးယူဆောင်ရွက်နိုင်ပါ တယ်။

          မေးခွန်း(ဃ)ပါအကြောင်းအချက်နှင့်ပတ်သက်ပြီး ဖြေရှင်းတင်ပြရရင် အင်းလုပ်ကိုင်သူများနှင့် ရေလုပ်သားများရဲ့ အငြင်းပွားမှုကို ဥပဒေအရ ဖြေရှင်းဆောင်ရွက်ခွင့်ရှိပါလျက် လူသတ်မှုများဖြစ် သည်အထိ သွေးထိုးလှုံ့ဆော်နေသောအဖွဲ့အစည်းများသည် အသင်းအဖွဲ့ဆိုင်ရာဖွဲ့စည်းခြင်း ဥပဒေ ပုဒ်မ ၅ (ခ)နှင့် ငြိစွန်းနေသဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၆ အရ အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် အင်းလုပ်ကိုင်သူများနှင့် ရေလုပ်သားများ၏ အငြင်းပွား မှုကို ဥပဒေအရ ဖြေရှင်းဆောင်ရွက်ခွင့်ရှိပါလျက် လူသတ်မှုများဖြစ်သည်အထိ သွေးထိုးလှုံ့ဆော်ခြင်း ဆောင်ရွက်လာပါက ကျူးလွန်သောပြစ်မှုအကြောင်းအရာ အတိမ်အနက်ပေါ်မူတည်ပြီး ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေရှင်းအပ်ပါတယ်။

          မေးခွန်း(င)အားရှင်းလင်းတင်ပြရရင် ဥပဒေကိုကိုင်တွယ်ဖြေရှင်းနေရသည့် ရဲတပ်ဖွဲ့များ၊ နိုင်ငံတော်အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူဆောင်ရွက်နေသည့် ဌာနဆိုင်ရာများကို နည်းလမ်းပေါင်းစုံဖြင့် ခြောက်လှန့်ခြင်း၊ မမှန်မကန်ပြောဆိုခြင်းများပြုလုပ်သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်မရဘဲ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များဖွဲ့စည်း၍ လူပုဂ္ဂိုလ် အရောင်ပြလျက် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အကျိုးမရှိသော အဖျက်လုပ်ငန်းများ ဥပဒေမဲ့ လုပ်ဆောင်နေကြောင်း သတင်းရရှိလျှင်ဖြစ်စေ၊ တင်ပြတိုင်ကြားချက်များရရှိလျှင်ဖြစ်စေ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါက အသင်းအဖွဲ့များဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေအပြင် တည်ဆဲဥပဒေများနှင့်ပါ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။