ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့နယ် လှိုင်းတာကျေးရွာတွင် ၁၉၇၂ ခုနှစ်ခန့်က တည်ဆောက်အသုံးပြု ခဲ့သော အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေရှိသော ဂုန်လျှော်ဂိုဒေါင်သည် ယခုအချိန်တွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် အမိုးကျောက်ပြားများမရှိခြင်း၊ တံခါးပေါက်များ ပျက်စီးခဲ့ပြီး ရွာတွင် အဆောက်အဦပျက်တစ်ခုအဖြစ် တည်ရှိနေသောကြောင့် ကျေးရွာပိုင်အဖြစ် ဝယ်ယူအသုံးပြုနိုင်ရန် အတွက် ရောင်းချပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာမှာ ဂုန်လျှော်အဝယ်ဒိုင်အဖြစ် အလျား ၁၀၀ ပေ၊ အနံ ၅၀ပေရှိတဲ့ သမံတလင်းအခင်း၊ အုတ်ကြွပ်မိုး၊ အုတ်ကာအဆောက်အဦအား ၁၉၇၂ ခုနှစ်တွင် ငွေလုံး ငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအခြေအနေတွင် အဆိုပါ အဆောက် အဦမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးယိုယွင်းနေပြီးဌာနမှ ဂုန်လျှော်ဝယ်ယူ သိုလှောင်မှုမရှိတော့သဖြင့် အသုံးပြုမှုမရှိတော့သော အဆောက်အဦဖြစ်ပါတယ်။ ဌာနအနေဖြင့် နှစ်ချုပ် စာရင်းတွင် တန်ဖိုးရှိအဆောက်အဦဖြစ်ပါသဖြင့် ရောင်းချနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရဲ့ ၅-၄-၂၀၁၃ ရက်စွဲပါညွှန်ကြားချက်အမှတ် (၁/၂၀၁၃) နှင့်အညီ လေလံတင်ရောင်းချပေးနိုင် ပါကြောင်း ဖြေကြားပါသည်။
