ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းရွာအနီးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ြမောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်လျက်ရှိသော ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် လုပ်ငန်းတစ်ခုလုံး၏ ၁၃.၀၅ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး လုပ်ငန်းများရပ်နားခဲ့သည်ကို သိရှိရပါတယ်။
လေးစားရပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပါက ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ၍ စီးပွားရေးတိုးတက်စေခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ဒေသအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့်အပြင် ဇော်ဂျီရေလှောင်တမံမှ လက်ရှိထုတ်လွှတ်နေသည့် လျှပ်စစ်ဓာတ်အား ၆ မဂ္ဂါဝပ်မှ ၁၂ မဂ္ဂါဝပ်သို့ တိုးမြှင့်ပေးနိုင်ခြင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာလွင်ပြင် စိုက်ပျိုးြမေများကို ရေပေးဝေနိုင်ခြင်းစသည့်လုပ်ငန်းများသည် မိမိဒေသအတွင်းကို သာမက နိုင်ငံတော်နဲ့ပြည်သူများအတွက် အဆင့်ဆင့်အကျိုးပြုသွားမည့် စီမံကိန်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဆက်လက်ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းရွာ အနီးတွင် တည်ရှိပါတယ်။ ၂၂-၉-၂၀၀၆ နေ့တွင် ကျင်းပပြုလုပ်သော အထူးစီမံကိန်း အကောင် အထည်ဖော်ရေးအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၁/၂၀၀၆ မှ အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သော စီမံကိန်းဖြစ်ပါတယ်။ ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းကို ၂၀၀၅-၂၀၀၆ ခုနှစ် မှာ စတင်ခဲ့ပြီး အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာလုပ်ငန်းများဖြစ်သော ဘူမိဗေဒဆိုင်ရာြမေပုံ ပြုစုခြင်း၊ အောက်ခံကျောက်သား အြခေအနေအပေါ်မူတည်၍ တမံနှင့်ဆက်နွယ်ရေအား အဆောက်အအုံများ ၏ ဒီဇိုင်းပုံစံများရေးဆွဲခြင်း၊ တမံအူကြောင်းတစ်လျှောက် တမံအုတ်မြစ် ပြုပြင်ခြင်းလုပ်ငန်းများ ဖြစ်သော ဘိလပ်ြမေသရွတ်မှုတ်သွင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊ တမံတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စီမံကိန်းတစ်ခုလုံး၏ ၁၃.၀၅ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းပြီးစီးပါက ရေအားလျှပ်စစ် တပ်ဆင်ဓာတ်အား ၃ မဂ္ဂါဝပ် နှစ်လုံး၊ စုစုပေါင်းတပ်ဆင်ဓာတ်အား ၆ မဂ္ဂါဝပ် နှစ်စဉ်ပျှမ်းမျှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ၂၁ ကီလိုဝပ်နာရီသန်းပေါင်း ရရှိမည်ဖြစ်ပါတယ်။ ထို့အပြင် မိတ္ထီလာလွင်ပြင်အတွင်းရှိ ဆည်ရေသောက် ဧရိယာ ၃၃၀၀၀ ဧကခန့်၏ စိုက်ပျိုးရေလိုအပ်ချက်ကို ပါဝင်ဖြည့်ဆည်း၍ မိတ္ထီလာလွင်ပြင် စိမ်းလန်း စိုပြေရေးကို အထောက်အကူပြုမည် ဖြစ်ပါတယ်။ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံ၍ နိုင်ငံတော်အစိုးရအဖွဲ့၏ ဦးစားပေးအစီအစဉ်များအရ ရန်ပုံငွေခွဲဝေ ခွင့်ပြုပေးနိုင်မှုအပေါ်တွင် မူတည်ပြီး ဦးစားပေးအလိုက် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
