တနင်္သာရီမြို့နယ်၊ ပြည်သူ့ဆေးရုံ ခုတင် ၅၀ ဆံ့အဆောက်အဦးနဲ့ပတ်သက်လို့ မေးမြန်းမှာဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ တနင်္သာရီမြို့နယ်မှာ လူဦးရေ ၇၇၈၄၈ ဦးခန့်ရှိပါတယ် ခင်ဗျား။ ကျွန်တော်တို့ တနင်္သာရီမြို့နယ်အတွင်းမှာ တပ်ရင်း ၅ ရင်းရှိပါတယ်။ ကျွန်တော်တို့ တနင်္သာရီမြို့နယ်အတွင်းမှာ တိုက်နယ်ဆေးရုံတစ်ရုံ တဘူးကျေးရွာအတွင်းမှာရှိပါတယ်။ တနင်္သာရီမြို့ မှာတော့ မြို့နယ်ဆေးရုံတစ်ရုံရှိပါတယ်။ အဲဒီမြို့နယ်ဆေးရုံကိုတော့ ၃-၂-၁၉၆၁ရက်မှာစတင် ဖွင့်လှစ် ခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက် ၅-၆-၁၉၉၁ ခုနှစ်မှာ ၂၅ ခုတင်ကို တိုးမြှင့်ပေးခဲ့ပါတယ် ခင်ဗျား။ ၁၈-၇-၂၀၀၁ရက်မှာ ခုတင် ၅၀ ဆံ့ကိုတိုးမြှင့်ပေးခဲ့ပါတယ်ခင်ဗျား။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စောင့်ရှောက်မှုနဲ့ ကျွန်တော်တို့ တနင်္သာရီမြို့နယ်မှာဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆရာဝန်၊ ဆရာမအားလုံး ပြည့်စုံလုံလောက်စွာ တည်ရှိပါတယ်ခင်ဗျား။ သို့သော်လည်းပဲ ကျွန်တော်တို့ တနင်္သာရီမြို့နယ် ဆေးရုံမှာ ပြင်ပလူနာနဲ့ အတွင်းလူနာတွေပျမ်းမျှခြင်း ၇၀ မှ ၇၅ ဦးခန့် တက်ရောက် ကုသလျက် ရှိပါတယ်ခင်ဗျား။ ပြည်သူတွေ၊ မဲဆန္ဒရှင်တွေ လိုအပ်ချက်ကေတာ့ ကျွန်တော့်ကို ဖုန်းနဲ့ လှမ်းပြီး တော့လည်း ပြောခဲ့တယ်။ ကျွန်တော်တို့ မြို့နယ်က စီးပွားရေးမတောင့်တင်းတဲ့ မြို့နယ်ဖြစ်တဲ့ အတွက် နိုင်ငံတော်မှ ခုတင် ၅၀ ဆံံ့နဲ့ညီမျှတဲ့ အဆောက်အဦတွေ ဆောက်ပေးဖို့ အစီအစဉ် ရှိပါသလား။ အဲဒီအကြောင်းလေး မေးပေးပါဆိုပြီးတော့ ကျွန်တော့်အနေနဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လွှတ်တော်ကိုတက်ရောက်ပြီးတော့ မေးရခြင်းဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တနင်္သာရီမြို့နယ်မှာ ကျန်တဲ့ဟာတွေတော့ အကုန်လုံးနိုင်ငံတော်ရဲ့စေတနာနဲ့ စောင့်ရှောက်ထားတဲ့ အတွက် အကုန် ပြည့်စုံပါတယ်ခင်ဗျား။ သို့သော်လည်း အဆောက်အဦလေးတစ်ခုကတော့ မိုးရွာရင်လည်း မိုးရေယို ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ခုတင် ၅၀ ဆံ့နဲ့ညီမျှတဲ့ အဆောက်အဦ ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ ရှိရင်လည်း ဘယ်အချိန်လောက်မှာ ဆောက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။
တနင်္သာရီပြည်သူ့ဆေးရုံကိုလည်း ၂၅ ခုတင်ဆံ့ကနေ ခုတင် ၅၀ ဆံ့အဆင့်ကို ၂၀၀၂ခုနှစ်ကစပြီးတော့ အဆင့်တိုးမြှင့်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ခြောက်လ အတွင်း ကျွန်တော်တို့ နေ့စဉ်ပျမ်းမျှ လူနာကို ကြည့်လိုက်တဲ့အခါမှာ ခုတင် ၅၀ ဆံ့ အဆင့်တိုးမြှင့်ပေး ပေမယ့်လည်း ပျမ်းမျှလူနာက ၅ ဦးမှ ၁၀ ဦးသာရှိတယ်။ တစ်ခါတလေနည်းသွားတဲ့ ဟာမျိုးရှိတဲ့အခါကျတော့ ခုနကျွန်တော် တင်ပြခဲ့တဲ့အတိုင်းပဲ ခုတင်အသုံးချမှု Bed Occupancy Rate ကို ကြည့်တဲ့အခါမှာ ၂၀ နဲ့ ၂၅ ရာခိုင်နှုန်းကြားမှာသာ ရှိပါတယ်။ အဲဒီတော့ Bed Occupancy Rate ၂၀ နဲ့ ၂၅ ရာခိုင်နှုန်းသာရှိတဲ့အတွက် လတ်တလောမှာ ဆေးရုံတက်တဲ့လူနာနဲ့ အဆောက်အဦ က လောက်နေတဲ့အတွက် အဆောက်အဦတိုးချဲ့တည်ဆောက်ပေးရန်အတွက် အပူတပြင်းမလိုအပ် သေးပါကြောင်းနဲ့ နောင်မှာဆေးရုံတက်ရောက်ကုသတဲ့ အတွင်းလူနာအြခေအနေ တိုးတက်များပြား လာပါက လိုအပ်ချက်အပေါ်မှာမူတည်ပြီးတော့ သင့်လျော်တဲ့အချိန်မှာ နိုင်ငံတော်ရဲ့ခွင့်ပြုရန်ပုံငွေ အရ ဦးစားပေးစနစ်နဲ့ လူနာအဆောက်အဦများကို တိုးချဲ့ဆောက်လုပ်ပေးသွားမည် ဖြစ်တဲ့အကြောင်း ဖြေကြားပါသည်။
